Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စင်ကာပူဝန်ကြီးချုပ်ဖြစ်ရေးအတွက် ကျော်ဖြတ်ရသောအဆင့်များ

Alynn(NSS) - ‌ဇွန် ၂

အသက် ၇၂ နှစ်အရွယ်ရှိပြီဖြစ်သော စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းသည် ၎င်းနေရာတွင် ဆက်ခံရန်အတွက် လက်ထောက်ဖြစ်သူ ၅၁ နှစ်အရွယ်ရှိ လောရင့်စ်ဝေါင်အား အာဏာလွှဲပြောင်းပေးမှု ကို မေလ ၁၅ ရက်တွင် ပြုလုပ်ခဲ့သည်။ အာဏာလွှဲပြောင်းမှုနှင့်အတူ ဝန်ကြီးချုပ်သစ်အတွက် ပြည်တွင်း၊ ပြည်ပရေးရာ စိန်ခေါ်မှုများက စောင့်ကြိုနေမည်ဖြစ်သလို ၎င်း၏အာဏာရပါတီ PAP (People's Action Party) ၏ ဩဇာအရှိန်အဝါအား ဆက်လက်ထိန်းသိမ်းထားဖို့ကိုလည်း အထူးဂရုပြုဆောင်ရွက် ရမည်ဖြစ်သည်။

စင်ကာပူတွင် ဝန်ကြီးချုပ်အပြောင်းအလဲအတွက် တိတိကျကျသတ်မှတ်ထားသည့် စည်းမျဉ်း များရှိမနေပါ။ ရွေးကောက်ပွဲများမရှိ၊ အတိုက်အခံပါတီများမရှိဘဲ ထိပ်တန်းခေါင်းဆောင်များအကြား တံခါးပိတ် ရွေးချယ်ခြင်းသာပြုလုပ်ခဲ့ပြီး ဆက်ခံမည့်သူကို နုတ်ထွက်မည့်ဝန်ကြီးချုပ်က သတင်းစာ ရှင်းလင်းပွဲတွင် ကြေညာလေ့ရှိသည်။ ၁၉၆၅ ခုနှစ်တွင် သမ္မတနိုင်ငံကို စတင်တည်ထောင်ပြီးကတည်းက ၁၉၉၁ နှင့် ၂၀ဝ၄ ခုနှစ်များတွင် ဝန်ကြီးချုပ်အပြောင်းအလဲနှစ်ခုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်။

၂၀၁၉ ခုနှစ်တွင်လည်း ဝန်ကြီးချုပ်လီရှန်လွန်းသည်  Heng Swee Keat ကို တင်မြှောက်ရန် လျာထားခဲ့သော်လည်း နှစ်နှစ်အကြာတွင် ၎င်းက နုတ်ထွက်သွားသောကြောင့် အာဏာလွှဲပြောင်းခြင်း မအောင်မြင်ခဲ့ပေ။ စတုတ္ထမြောက် ရာထူးဆက်ခံသူအဖြစ် ရွေးချယ်ခံရသောဝေါင်သည် စိတ်ချလက်ချ လက်လွှဲနိုင်သူဖြစ်နေသည်။ ပုဂ္ဂိုလ်ရေးအရဖြစ်စေ၊ ပေါင်းသင်းဆက်ဆံရေးအရဖြစ်စေ ပြီးပြည့်စုံသော သူဖြစ်သလို ၎င်း၏ လုပ်ဖော်ကိုင်ဖက်များကိုလည်း အထောက်အပံ့ကောင်းများစွာပေးနိုင်သူဖြစ်သည်။ သို့တိုင် ၎င်း၏အားနည်းချက်မှာမူ အခြားဆက်ခံသူများလို အာဏာကျောထောက်နောက်ခံမရှိပေ။ ဝေါင် သည် ဝန်ကြီးချုပ်လီ၏ ပုဂ္ဂိုလ်ရေးရာအတွင်းရေးမှူး အဖြစ်ထမ်းဆောင်ခဲ့ဖူးသောကြောင့် ၎င်း၏ ထောက်ခံမှုကိုသာ လုံးလုံးလျားလျားမှီခိုနေရသည်။ 

အဆင်ပြေချောမွေ့ပြီး အားလုံး၏ သဘောတူညီချက်ကိုအခြေခံသော ခေါင်းဆောင်အလွှဲအ ပြောင်းသည် စင်ကာပူ၏ ကိုယ်ပိုင်ဟန် အုပ်ချုပ်ရေးပုံစံဖြစ်သည်။ ခေါင်းဆောင်သည် ပြည်ပတွင် စီး ပွားရေး အရသော်လည်းကောင်း၊ ပြည်တွင်းနိုင်ငံရေးတွင် PAP ၏ အာဏာလွှမ်းမိုးမှုကို ဆက်လက်ထိန်း သိမ်းထားခြင်းဖြင့်သော်လည်းကောင်း တည်ငြိမ်အေးချမ်းသောအခြေအနေတစ်ရပ်ကို ထိန်းထားနိုင် ရမည် ဖြစ်သည်။ ဤနှစ်ချက်အပေါ် အထူးအလေးထားအခြေခံ၍ ရွေးကောက်ပွဲမရှိ ယုံကြည်စွာ အာဏာအပ်နှင်းခြင်းကို ဆောင်ရွက်ကြလေ့ရှိသည်။ PAP ၏ရွေးကောက်ပွဲအပေါ်လွှမ်းမိုးချုပ်ကိုင် နိုင်မှုနှင့် ပါတီစည်းမျဉ်းများကို ထိန်းကျောင်းရာတွင် ၎င်း၏အစဉ်အလာ ဆက်ခံရေးအစီအစဉ်ကိုကျင့်သုံး ခြင်းသည် ပြည်တွင်းနိုင်ငံရေးကိစ္စဖြစ်နေသော်လည်း ခေတ်ကာလအရ လူထုသဘောထားအမြင်နှင့် အ လှမ်းဝေးနေပေသည်။ ထို့ကြောင့် သာမန်စင်ကာပူနိုင်ငံသားများသည်ပင်PAPမှ၎င်း၏ ခေါင်းဆောင်များ ကို မည်သို့ရွေးချယ်သည်ကို အသေအချာမသိရှိကြပေ။ ထို့ကြောင့် ယေဘုယျအားဖြင့် စင်ကာပူဝန်ကြီး ချုပ် မည်သို့ဖြစ်လာသည်ကို သိရှိနိုင်ဖို့ရာ အဆင့် (၇) ဆင့်ဖြင့် ရှင်းလင်းဖော်ပြလိုက်ပါသည်။

အဆင့် (၁)

လေ့လာသင်ယူဆည်းပူးခြင်း

ဝန်ကြီးချုပ်တစ်ဦးဖြစ်ရန် ရွေးကောက်ခံပါလီမန် အမတ်တစ်ဦးဖြစ်ရမည်ဖြစ်ပြီး အာဏာရ ပါတီ၏ အဖွဲ့ဝင်လည်းဖြစ်ရမည်။ PAP သည် ၁၉၅၉ ခုနှစ်ကတည်းက ရွေးကောက်ပွဲတိုင်းတွင်အနိုင်ရပြီး အစိုးရဖွဲ့နိုင်သည့်ပါတီဖြစ်သည့်အားလျော်စွာ ဝန်ကြီး ချုပ်တစ်ဦးဖြစ်ရန် PAP ပါတီဝင်ဖြစ်ပါက ပိုမိုလွယ် ကူမည်ဖြစ်သည်။ စင်ကာပူ၏ လက်ရှိ ဝန်ကြီးများနှင့် ၎င်းတို့၏ ပညာရေးနောက်ခံကို လေ့လာကြည့် ခြင်းအားဖြင့် ဝန်ကြီးချုပ်တစ်ဦးဖြစ်ရန် ပညာရေးတွင် ကောင်းမွန်သောမှတ်တမ်းများ ရှိရန်လိုအပ်မည် ဖြစ်ပြီး အထူးသဖြင့် စီးပွားရေးနှင့်ဆက်နွှယ်သော ပညာရပ်များကို လေ့လာလိုက်စားသင့်သည်။ ထို့ပြင် စင်ကာပူ၏ ဂုဏ်သိက္ခာရှိသော ပညာသင်ဆုများကို ရရှိထားသောပညာသင်များကိုလည်း နိုင်ငံရေးတွင် ပါဝင်လာအောင် PAP က စည်းရုံးတတ်ပါသေးသည်။ ပညာတတ်ပြီး စွမ်းဆောင်ရည်ကောင်းသော ခေါင်းဆောင်များသည် အမျိုးမျိုးသောစိန်ခေါ်မှုများ၊ ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု PAP က ယုံကြည်ခြင်းကြောင့် ဖြစ်မည်။

အဆင့် (၂)

ခေါ်ယူခြင်းကို စောင့်ဆိုင်းခြင်း

အခြားနိုင်ငံများတွင် နိုင်ငံ‌ရေးကို စိတ်ဝင်စားသူများသည် ပါတီတွင်းသို့ဝင်ရောက်ပြီး အောက် ခြေမှ တဖြည်းဖြည်းချင်းလှုပ်ရှားကြရကာ အခြားသော နိုင်ငံရေးခေါင်းဆောင်များနှင့် ကျွမ်းဝင်အောင် လုပ်ခြင်းဖြင့် ဤနယ်ပယ်တွင် နေရာတစ်နေရာရအောင် ဖန်တီးကြရသည်။ သို့သော် စင်ကာပူ၏ PAP ပါတီတွင်မူ ထိုကဲ့သို့ ပါတီဝင်များအား အောက်ခြေမှစ စုဆောင်းခြင်းမျိုးကို မတွေ့ရပေ။ PAP သည် ရာထူးနေရာခန့်အပ်ရာတွင် သစ္စာတော်ခံများ၊ အောက်ခြေအဖွဲ့ဝင်များကို ဦးစားပေးထည့်သွင်း စဉ်း စားခြင်းမရှိပါ။ ယင်းအစား PAP ခေါင်းဆောင်များက ထောက်ခံချက်ပေးထားပြီး အရည်အချင်းရှိသည် ဟုသတ်မှတ်ခံရသော အမတ်များ၊ အစိုးရဝန်ထမ်းများ၊ ဥပဒေပညာရှင်များ၊ ဘဏ်လုပ်ငန်းနှင့် စစ်ဘက်မှ လူများကို ပါတီက စုဆောင်းလေ့ရှိကြသည်။ ထို့ကြောင့် ကိုယ်စားလှယ်လောင်းများအနေဖြင့် အောက်ခြေမှ စကြိုးပမ်းစရာမလိုဘဲ အရည်အချင်းရှိလျှင် အမြင့်သို့တန်းရောက်မည့်အနေအထားမျိုး ဖြစ်ပါသည်။ ထို့ကြောင့် စင်ကာပူနိုင်ငံရေးတွင်မူ အလားအလာရှိသော ကိုယ်စားလှယ်လောင်းများ အနေဖြင့် ပါတီဘက်ကစ၍ ချဉ်းကပ်ခေါ်ယူခြင်းခံရမည်ဖြစ်ပါသည်။

အဆင့် (၃)

လက်ဖက်ရည် စကားဝိုင်းများနှင့် ခုံဖွဲ့မေးမြန်းခြင်းများ

PAP ဘက်မှဆက်သွယ်လာပြီးနောက်  ကိုယ်စားလှယ်လောင်းများဖြတ်ကျော်ရမည့် နောက် ထပ်အဆင့်တစ်ခုမှာ လက်ဖက်ရည်စကားဝိုင်းများနှင့် အင်တာဗျူးများဖြစ်သည်။ ဤစကားဝိုင်းများတွင် ကိုယ်စားလှယ်လောင်း ၆ ဦးမှ ၈ ဦးအထိ အဖွဲ့များသည် ဝန်ကြီးများနှင့် မိနစ် ၆၀ မှ ၁၅၀ ကြားအကြာ ဆွေးနွေးမှုများပြုလုပ်ကြရသည်။ ပြည်ပတွင်ရောက်ရှိနေသော စင်ကာပူနိုင်ငံသားအများအပြားကို ထည့် သွင်းစဉ်းစားပြီး အဆိုပါဆွေးနွေးပွဲများကို ကမ္ဘာတစ်ဝန်းတွင်လည်း ကျင်းပပေးကာ နှစ်စဉ် ကိုယ်စား လှယ်လောင်း ၁၀ဝ ခန့် ဖိတ်ကြားခံရပါသည်။ ထိုကဲ့သို့ မိတ်ဆက်တွေ့ဆုံမှုများပြီးနောက် ပဏာမရွေး ချယ်ခံရသူများသည် PAP ရုံးချုပ်ရှိ အဆင့်မြင့်ခုံအဖွဲ့ ၏ တရားဝင်တွေ့ဆုံမေးမြန်းမှု နှစ်ကြိမ်ပြုလုပ်ခြင်း ခံရမည်ဖြစ်သည်။ အကြီးအကဲလီ ဦးဆောင်သော ဝန်ကြီးဆယ်ဦးပါ အဆင့်မြင့်ခုံအဖွဲ့က ပဏာမရွေး ချယ်ခံရသော ကိုယ်စားလှယ်လောင်းကို ၄၅ မိနစ်ခန့် စစ်ဆေးမေးမြန်းမည်ဖြစ်သည်။ ဤတွင် ၎င်း၏ အဖြေများအပြင် မျက်နှာအမူအရာနှင့် ကိုယ်ဟန်အမူ အရာတို့ကိုပါ ဆန်းစစ်အကဲဖြတ်သွားမည်ဖြစ်ပါ သည်။ လူတွေ့စစ်ဆေးခံရသော ကိုယ်စားလှယ်လောင်းသုံးဦးလျှင် တစ်ဦးခန့်သာ အောင်မြင်တတ်ပါ သည်။ ထို့နောက် အဆိုပါအဆင့်တွင် အောင်မြင်သောပုဂ္ဂိုလ်များသည် အစိုးရအဖွဲ့ဝန်ကြီးများနှင့် တွေ့ဆုံရန် ဖိတ်ကြားခံရပြီး ၎င်းတို့အနက်မှ အလားအလာပိုကောင်းသူများကို အဆင့်မြင့်ရာထူးများ အတွက် ခွဲခြားသတ်မှတ်ထားမည်ဖြစ်သည်။

အဆင့် (၄)

စာမေးပွဲစစ်ခြင်း

PAP ကိုယ်စားလှယ်လောင်းစုဆောင်းရေးစနစ်၏ နောက်ထပ်ထူးခြားချက်တစ်ခုမှာ စာမေးပွဲ ဖြစ်သည်။ အင်တာဗျူးများမှ ရွေးချယ်ခံရသူများသည် မေးခွန်းပေါင်း ၁ဝဝဝ ကျော်ပါဝင်သော စိတ်ပိုင်း ဆိုင်ရာ စစ်ဆေးမှုအဆင့်တစ်ခုကို ဖြတ်သန်းရမည်ဖြစ်သည်။ အဆိုပါ စာမေးပွဲသည် တစ်ရက်ခွဲခန့် ကြာ မြင့်တတ်သည်။ စာမေးပွဲများ၏ မူလဇာစ် မြစ်မှာ အကြီးအကဲလီဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်များတွင် စတင် အသုံးပြုခဲ့ပါသည်။ ယင်းစာမေးပွဲများအပြီးတွင် ကိုယ်စားလှယ်လောင်းငါးဦးမှ ခြောက်ဦးသည် ဝန်ကြီး အဆင့်အရည်အချင်းများရှိသည်ဟု သတ်မှတ်ခံရပြီး အဆင့်မြင့်ရာထူးများ ခန့်အပ်ခြင်းခံရသည်။

အဆင့် (၅)

အမတ်အဖြစ်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်း

ရွေးကောက်ပွဲမတိုင်မီ ရက်သတ္တပတ်များအတွင်း ရွေးချယ်ခံရသော ကိုယ်စားလှယ်လောင်းများ သည် မဲဆန္ဒနယ်အသီးသီးသို့ ကွင်းဆင်းကြရသည်။ ထို့ပြင် ရွေးကောက်ပွဲကာလအတွင်း မီဒီယာများနှင့် ပတ်သက်သည့်မေးခွန်းများကို ဖြေကြားတတ်ရန် ကိုယ်စားလှယ်လောင်းများအား လူထုရှေ့ စကားပြော ဆိုခြင်းနှင့် ဆက်သွယ်ရေးစွမ်းရည်ဆိုင်ရာ သင်တန်းများသို့ စေလွှတ်ပေးသည်။ အကယ်၍ ကိုယ်စား လှယ် လောင်းတစ်ဦးသည် အမတ်နေရာအတွက် အနိုင်ရရှိပါက တာဝန်များကို မည်သို့ထမ်းဆောင် မည်ကို သေချာစွာစောင့်ကြည့်ရမည်ဖြစ်သည်။ ထို့နောက် ဆက်လက်ပြီး ကောင်းမွန်စွာလုပ်ဆောင်ပါက သက်တမ်း တစ်ခုပြီးလျှင် အငယ်တန်းဝန်ကြီးအဖြစ် ရာထူးတိုးမြှင့်ခံရပြီး ထို့နောက်တွင်မူ ဝန်ကြီးတစ်ဦး ဖြစ်လာမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ပါတီဝင်များက ဝန်ကြီးအသစ်များသည် PAP ၏ ဗဟိုအလုပ် မှုဆောင် ကော်မတီ (CEC) အတွက် သင့်လျော်မှု ရှိမရှိကို ဂရုတစိုက် စောင့်ကြည့်လျက်ရှိနေသည်။ ပါတီ၏ အမြင့်ဆုံး အာဏာရကော်မတီဖြစ်သည့်   CEC ၏ “အတွင်းစည်း” ဖြစ်လာစေရန် ကိုယ်စားလှယ် လောင်းများသည် ကေဒါဟုခေါ်သော ပါတီဝင်များ၏ အထင်ကြီးမျက်စိကျအောင် နေထိုင်ရမည် ဖြစ်သည်။ ပါတီခေါင်းဆောင်မှုကိစ္စရပ်များကို ပါတီဝင်အားလုံး မဲပေးနိုင်သည့် အခြားနိုင်ငံများနှင့်မတူဘဲ စင်ကာပူတွင် နိုင်ငံရေးပါတီအများစုသည် ကေဒါစနစ်ကို ကျင့်သုံးကြသည်။ ဤတွင်  CEC သည် နှစ်ရှည် လများ တာဝန်ထမ်းဆောင်လျက်ရှိသော ပါတီဝင်များထဲမှ ကေဒါများကိုရွေးချယ်ကြပြီး ကေဒါများသည် တစ်ဖန်  CEC အသစ်ကိုဖွဲ့စည်းနိုင်ရန် မဲပေးကြရသည်။ တစ်နည်းဆိုရသော် ကေဒါများကို အာဏာရ အထက်တန်းလွှာများပါဝင်သော  CEC က ရွေးချယ်ထားသောကြောင့် နှစ်ဦးနှစ်ဖက်ကြား ပြင်းပြင်းထန် ထန် သဘောထားကွဲလွဲမှုများ မရှိတတ်ပေ။ ထို့ကြောင့် ထိပ်တန်းရာထူးကိုလိုလားသော ဝန်ကြီးများ သည် လက်ရှိပါတီ၏ အာဏာရအထက်တန်းလွှာများထံမှ မှတ်ချက်ကောင်းများလိုအပ်မည်ဖြစ်သည်။ PAP ကေဒါများသည် CEC ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရာတွင် ပြည်သူလူထုကိုဗဟိုပြုပြီး ခေါင်းဆောင်မှုစွမ်းရည်များနှင့်ပြည့်စုံကာ စာနာစိတ်ရှိသူများကို ရွေးချယ်လေ့ရှိသည်။ 

အဆင့် (၆)

ယှဉ်ပြိုင်ဘက်များထံမှ ယုံကြည်မှုကိုရယူခြင်း

ဤလုပ်ငန်းစဉ်တွင် လူငယ်များပါဝင်သော ဝန်ကြီးအဖွဲ့တစ်ဖွဲ့ကို နောက်မျိုးဆက်ခေါင်းဆောင် များအဖြစ် သတ်မှတ်ကြသည်။ ဤအလားအလာရှိသော ယှဉ်ပြိုင်ဘက်များကို ကာကွယ်ရေးနှင့် ဘဏ္ဍာ ရေးကဲ့သို့ ခက်ခဲသောဝန်ကြီးဌာနများတွင်ခန့်ထား၍ စမ်းသပ်ကြသည်။ အချိန်အတော်ကြာပြီးနောက် ယင်းအုပ်စုထဲမှ (Primus Inter Pares သို့မဟုတ် “ တန်းတူများထဲမှ ပထမ” တစ်ဦး) ခေါင်းဆောင် တစ် ဦးကို အားလုံး၏သဘောတူညီချက်ဖြင့် ပြန်လည်ရွေးချယ်ကြရသည်။ 

အဆင့် (၇)

ရာထူးအတွက်ပြင်ဆင်ခြင်း

အများဆန္ဒဖြင့် ဝန်ကြီးချုပ်ရာထူးအတွက် ခေါင်းဆောင်တစ်ဦးကိုရွေးချယ်ပြီးသည်နှင့် လုပ်ငန်း စဉ်မှာ အတော်လေး ရိုးရှင်းသွားပြီဖြစ်သည်။ တင်မြှောက်ခံရသူသည် CEC အတွင်း ပထမဆုံး လက်ထောက် အထွေထွေအတွင်းရေးမှူးအဖြစ် ရာထူးတိုးခံရပြီး ဒုတိယဝန်ကြီးချုပ်အဖြစ် စတင်တာဝန် ထမ်းဆောင်ရသည်။ ထို့နောက် ဆက်ခံသူသည် စင်ကာပူနိုင်ငံနှင့်ပတ်သက်၍ ၎င်း၏မျှော်မှန်းချက် များကို မိန့်ခွန်းများ၊ ဟောပြောမှုများပြုလုပ်ရင်း ၎င်း၏ထင်ရှားကျော်ကြားမှုကို တည်ဆောက်ရပါသည်။ ဥပမာအားဖြင့် ဝန်ကြီးချုပ်လီသည် ဝန်ကြီးချုပ်ရာ ထူးမထမ်းဆောင်မီ လေးလအလိုတွင် “ပြည်သူ့လူ့ အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်ခြင်း” ဟူသော မိန့်ခွန်းကို ပြောကြားခဲ့သည်။ ယင်းမိန့်ခွန်းသည် ဒေသတွင်း သတင်းစာများအပြင် The New York Times ကဲ့သို့ နိုင်ငံတကာစာနယ်ဇင်းများအထိပါ လွှမ်းမိုးသွားခဲ့သည်။

ယေဘုယျအားဖြင့် အထွေထွေ ရွေးကောက်ပွဲအပြီး နှစ်နှစ်မှသုံးနှစ်အကြာတွင် အာဏာ လွှဲပြောင်းရန် အချိန်ကျရောက်လေ့ရှိသည်။ ဝန်ကြီး ချုပ်ဟောင်းသည် ၎င်း၏နုတ်ထွက်စာကို သမ္မတထံ တင်သွင်းရမည်ဖြစ်သည်။ အဆိုပါနုတ်ထွက်စာတွင် ယခုတက်လာသော ခေါင်းဆောင်အသစ်သည် ပါလီ မန်အမတ်အများစု၏ယုံကြည်မှုကို ခံယူထိုက်သူဖြစ်ပြီး ဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်ပေးရန် သမ္မတအား အကြံပြုရေးသားထားတတ်သည်။ ထို့နောက် မကြာမီမှာပင် သမ္မတက ခေါင်းဆောင်သစ် အား အစိုးရဖွဲ့ပေးရန် ဖိတ်ခေါ်ရသည်။ ယင်းနောက် ရက်အနည်းငယ်အကြာတွင် ၎င်းအား ဝန်ကြီး ချုပ်အဖြစ်ခန့်အပ်ကြောင်းစာရွက်စာတမ်းကို လက်ခံရယူရန်နှင့် ကျမ်းသစ္စာကျိန်ဆိုရန် အခမ်းအနား ကိုကျင်းပပေးပြီး ဝန်ကြီးချုပ်အဖြစ် ဘိသိက်ခံယူရသည်။

စင်ကာပူသည် သမိုင်းကြောင်းတစ်လျှောက် အခြားနိုင်ငံများနှင့်မတူ ခေါင်းဆောင်များကို အချိန်အတော်ကြာ အဆင့်ဆင့်လေ့ကျင့်ပျိုးထောင်ပေးပြီး အာဏာလွှဲပြောင်းသည့်စနစ်ကို ကျင့်သုံး သည်မှာ ထူးခြားနေသည်။ ထိုကဲ့သို့ နှစ်ရှည်လများ အရည်အချင်းပြည့်ဝအောင် ပြုစုပျိုးထောင်ပြီးဖြစ် သောခေါင်းဆောင်များကိုရွေးချယ်၍ ဝန်ကြီးချုပ် တင်မြှောက်ခြင်းကြောင့် စင်ကာပူ၏ အာဏာ လွှဲပြောင်းခြင်းလုပ်ငန်းစဉ်သည် အဆင်ပြေချောမွေ့ပြီး ပြည်တွင်း၌ ခေါင်းဆောင်မှုနှင့်ပတ်သက်၍ အငြင်းပွားဖွယ်ပြဿနာများလည်း မရှိခြင်းဖြစ်မည်။ သို့ဖြစ်ပါ၍ ဤဆောင်းပါးတွင် စင်ကာပူ၌ ဝန်ကြီးချုပ် ရွေးချယ်ခန့်အပ်ပုံ ယေဘုယျ အဆင့် (၇) ဆင့်ကို စာဖတ်သူတို့ ဗဟုသုတဖြစ်ဖွယ် သိရှိနိုင်ပါရန် အထူးအလေးပေး ရေးသားဖော်ပြလိုက်ရခြင်းဖြစ်သည်။                                              


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဖခင်ကြီး ကိုဖီအာနန်နဲ့ သားဖြစ်သူကိုဂျိုအာနန်တို့ အာဏာအရှိန်အဝါရှိစဉ် မိုးရွာတုန်းရေခံခဲ့ကြသလား

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved