Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဖခင်ကြီး ကိုဖီအာနန်နဲ့ သားဖြစ်သူကိုဂျိုအာနန်တို့ အာဏာအရှိန်အဝါရှိစဉ် မိုးရွာတုန်းရေခံခဲ့ကြသလား

လင်းမြတ် (NSS) - ဇွန် ၂

ကိုဖီအာနန်လို့ပြောလိုက်တာနဲ့ ၁၉၉၇ ခုနှစ်ကနေ ၂၀ဝ၆ ခုနှစ်အထိ ကုလအထွေထွေအတွင်း ရေးမှူးချုပ်တာဝန်ကိုထမ်းဆောင်ခဲ့တဲ့ ဂါနာနိုင်ငံဖွား လူမည်းကြီးကို နိုင်ငံအတော်များများက လူ အတော်များများ သိကြမှာဖြစ်ပါတယ်။ ၂၀ဝ၁ ခုနှစ်ရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ကိုဖီအာနန်လက် ထက်မှာပဲ ၂၀ဝ၃ ခုနှစ်မှာ အမေရိကန်နိုင်ငံဟာ စီအိုင်အေရဲ့ မဟုတ်မမှန်သတင်းပေးချက်တွေအရ “ လူ မျိုးတုံးသေစေနိုင်တဲ့ လက်နက်တွေပိုင်ဆိုင်ထားတယ် ”ဆိုတဲ့ခေါင်းစဉ်နဲ့ မီဒီယာ၊ ငွေ၊ ဩဇာအင်အားကို သုံးကမ္ဘာကြီးကို လိမ်လည်လှည့်ဖြားအယုံသွင်းလို့ အဲဒီလက်နက်တွေ အမှန်တကယ်မပိုင်ဆိုင်ထားတဲ့ အီရတ်နိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲခဲ့လို့ ငြိမ်းချမ်းရေး နိုဗယ်ဆုရဲ့ဂုဏ်ဒြပ်လည်း ညှိုးနွမ်းခဲ့ရပါတယ်။ တစ်ချိန်ကတော့ အဲဒီသတင်းတွေဟာ ကောလာဟလ လိုဖြစ်ခဲ့ပေမယ့် အခုအချိန်အခါမှာ အဲဒီအချိန်က တာဝန်ရှိခဲ့ကြတဲ့ အမေရိကန်သမ္မတ ဂျော့ဒဗလျူဘွတ်ရှ်နဲ့ စီအိုင်အေအကြီးအကဲတွေ ကိုယ်တိုင်ဝန်ခံ လို့ အမေရိကန်ပြည်သူတွေရဲ့ဒေါသကို ရင်ဆိုင် ဝန်ချတောင်းပန်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဒါတွေကို နှုတ် ဆိတ်နေခဲ့သူ ကုလခေါင်းဆောင်တွေထဲမှာ ကိုဖီအာနန်ဟာလည်း တာဝန်ရှိသူတစ်ဦးအဖြစ်ရှိခဲ့ပါတယ်။

အဆိုပါကာလတွေမှာပဲ United Nations oil-for-food program ရဲ့ အစိတ်အပိုင်း အဖြစ် တစ်နှစ်ကို အမေရိကန်ဒေါ်လာ (၁၀) သန်း တန်တဲ့ ကန်ထရိုက်တစ်ခုကို သားဖြစ်သူ ကိုဂျိုအာနန် ပါဝင် လုပ်ကိုင်နေတဲ့ ဆွစ်ဇာလန်နိုင်ငံ ရန်ပုံငွေ အဖွဲ့စည်းတစ်ခုမှ အတွင်းရေးမှူးချုပ်ကြီး ကိုဖီအာနန်ရဲ့ လွှမ်းမိုးမှု တစ်စုံတစ်ရာမပါဘဲဟုဆိုကာ တင်ဒါဖွင့်တာနဲ့ တန်းပြီးတင်ဒါနိုင်ခဲ့ပါတယ်။ အဲဒီကာလတွေမှာ သားဖြစ်သူဟာ အဆိုပါ ဆွစ်ဇာလန်အဖွဲ့အစည်းကနေ သိန်းချီတဲ့ငွေတွေကို လက်ခံရှိခဲ့တယ်ဆိုတဲ့ သတင်းတွေကလည်း ငွေပမာဏ (၃) သိန်း၊ (၁) သိန်းခွဲ စသည်ဖြင့် တိတိကျကျ ထွက်ပေါ်ခဲ့သော်လည်း အမေရိကန်အစိုးရက နှုတ်ဆိတ်နေခဲ့ပါတယ်။ 

၂၀ဝ၃ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ၈ နှစ်ကျော် ၉ နှစ်နီးပါကြာခဲ့တဲ့ အီရတ်စစ်ပွဲဟာ အပြော ကောင်းတဲ့ အမေရိကန်နိုင်ငံရေးသမားတွေနဲ့ လော်ဘီ အားကောင်းတဲ့ အမေရိကန်မီဒီယာတွေရဲ့အား ကြောင့် တိုက်ပွဲအစောပိုင်းကာလတွေမှာ အမေရိကန်နိုင်ငံထဲမှာ နိုင်ငံသားလူငယ်တွေ တပ်ထဲဝင် အီရတ် စစ်ပွဲကိုသွားချင်စိတ်တွေရှိခဲ့ကြသလို တိုက်ပွဲမှာ ကျဆုံးခဲ့ရင်လည်းမိသားစုနဲ့ ဇာတိမြို့ခံ လူတွေကြားမှာ တိုင်းပြည်နဲ့ကမ္ဘာကြီးအတွက် သူရဲကောင်းအဖြစ် မျက်နှာပွင့် ဂုဏ်ယူမဆုံးဖြစ်ခဲ့ ကြပါတယ်။ စစ်ပွဲက နှစ်အတန်ကြာလာတဲ့အချိန်မှာတော့ အမေရိကန် စစ်တပ်ထဲမှာ တခြား အဆင့် အကြီးပိုင်းဖြစ်တဲ့ တပ်ကြပ်ကြီး အရာခံနဲ့ အရာရှိပိုင်းကနေ အရာရှိကြီးအထိ အီရတ်စစ်မြေပြင်ကို အလုအယက်သွားလိုလို့ အဆို ပြုသူတွေ အံ့ဩဖွယ်များလာပါတယ်။ တကယ်တော့ အီရတ်မှာ တာဝန်ပြီးဆုံးလို့ ပြန်သွားတဲ့ အမေရိကန်စစ်တပ်ရဲ့ အကြပ်အရာခံ တချို့နဲ့ အရာရှိအဆင့် ဗိုလ်မှူးကြီး လောက်အထိလူထဲက လာဘ်မြင်သူအတော်များများဟာ အမေရိကန်ရောက်တာနဲ့ တပ်ကထွက် အီရတ်လို စစ်ပွဲဖြစ်နေတဲ့နိုင်ငံကို အမေရိကန်ကုန်သည်တွေအဖြစ်နဲ့ ယူနီဖောင်းချွတ်ပြန်လာပြီး အမေရိကန်စစ်တပ် အီရတ် စစ်မြေပြင်တာဝန်ထမ်းဆောင်ဆဲတာဝန်ရှိသူ အရာရှိ၊ အရာခံတွေနဲ့ အကျိုးတူ လက်ဝါးချင်းရိုက်လို့ အီရတ်ရဲ့ အမျိုးသားအကျိုးစီပွားတွေဖြစ်တဲ့ အဓိက လောင်စာဆီ အပါအဝင် ဈေးကွက်ဝင်သယံဇာတတွေကို နိုင်ငံတကာမှောင်ခိုဈေးကွက်ကို အရင်းတစ်ပြားမျှ မစိုက်ဘဲ ခိုးထုတ်တဲ့ဈေးကွက်ကြီးဖြစ်လာပါတယ်။ အမေရိကန်စစ်တပ်နဲ့ အမေရိကန် ကုလဝန်ထမ်းတွေအဖို့ အီရတ်နိုင်ငံကြီးနဲ့ အီရတ်ပြည်သူတွေရဲ့ အနာဂတ်၊ အသက်သွေး၊ ပူဆွေးမျက်ရည်တွေဟာ သောက်လေ သောက်လေ ငတ်မပြေဖြစ်လာပြီး နိုင်ငံတကာအလည်ကို သတင်းပျံ့သည်အထိ အကျည်းတန်လာခဲ့ပါ တော့တယ်။ ဒါနဲ့ အမေရိကန်အစိုးရဟာ အီရတ်က အမေရိကန်ပုံရိပ်ကို အဖတ်ဆယ်ရန် အီရတ်မှာရှိတဲ့ တပ်ဖွဲ့တချို့ကိုအမိန့်ပေးပြီး ရှောင်တခင်ဖမ်းစဉ်မှာတော့ အီရတ်ကနေ လောင်စာဆီမှောင်ခို ခိုးထုတ်တဲ့ ဆီသယ်ယာဉ်တန်းကြီးကိုဖမ်းမိစဉ် စုံစမ်းတွေ့ရှိမှုအရ အီရတ်ပြန် အမေရိကန်စစ်သားဟောင်းတွေနဲ့ အတူ ကိုဖီအာနန်ရဲ့သား ကိုဂျိုအာနန်က အဓိက ပါဝင်ကြိုးကိုင်သူတွေအဖြစ် ထုတ်ဖော်တွေ့ရှိရပြီး ကုလသမဂ္ဂ အီရတ် စစ်မြေပြင်ဆိုင်ရာဝန်ထမ်းတချို့ လည်း ပါဝင်ပတ်သက်နေတာကို ဖော်ထုတ် တွေ့ရှိခဲ့ရ ပါတယ်။

အဲဒီအခါ ကုလအတွင်းရေးမှူးချုပ် ကိုဖီအာနန်က သူရဲ့သား အီရတ်နိုင်ငံပိုင် လောင်စာဆီ ခိုးထုတ်မှုမှာ ပါဝင်ပတ်သက်နေခြင်းအတွက် အံ့ဩရပါကြောင်းနဲ့ သူ့သားမှာ မိဘအုပ်ထိန်းမှုမှကင်း လွတ်သောအသက်အရွယ် အသက် (၂၁)နှစ် ကျော်လွန်ပြီး ဖြစ်သောကြောင့် သူနဲ့မသက်ဆိုင်ကြောင်းနဲ့ ကိုဂျိုအာနန်ဟာ သူ့ပြစ်မှုတွေကို သူသာ တာဝန်ယူရမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက် ကိုဂျိုအာနန်ကို အမေရိကန်အစိုးရက ထိုက်သင့်တဲ့ ပြစ်ဒဏ်ထက် အဖြစ်လောက်သာရှိတဲ့ ပြစ်ဒဏ်တွေ ကို ပေးပြီး အမှုကိုအဆုံးသတ်လို့ အီရတ်စစ်မြေပြင်က အမေရိကန်ပုံရိပ်ကို တိတ်တဆိတ်ပြန်ဆယ်ခဲ့ ပါတယ်။ အလားတူပဲ ကိုဖီအာနန်ဟာ အမေရိကန်ရဲ့ နိုင်ငံတကာအရေး စစ်ရေးဆိုင်ရာ ပြစ်ချက်တွေ အပေါ် ဆုံးဖြတ်ဝေဖန်ရတဲ့တာဝန်တွေအပေါ် ကုလတာဝန်ရှိသူ တစ်ယောက်အနေနဲ့ များစွာတာဝန် ပျက်ကွက်လာခဲ့ပါတယ်။

သာမန် ဂါနာနိုင်ငံသား သံတမန် ကိုဖီအာနန်ဟာ တစ်နှစ်ကို လစာ ဒေါ်လာ နှစ်သိန်းကျော် ဝန်းကျင်နဲ့ ကုလအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် (၉) နှစ်ဝန်းကျင်တာဝန်ယူပြီးချိန် နိုင်ငံတကာ နိုဗယ်ငြိမ်း ချမ်းရေးဆုရှင် သမာသမတ်ရှိသူအဖြစ် ကုလနဲ့ အရပ်ဘက်အေဂျင်စီတွေမှာ အကြံပေး (ဥပမာ-မြန်မာနိုင်ငံကို နာမည်ဆိုးစေခဲ့တဲ့ အာနန်ကော်မရှင်)၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ လူမျိုးရေးဆိုင်ရာ စာရေးသူအဖြစ် သေသည်အထိလုပ်ကိုင်ခဲ့ပါတယ်။ ကိုဖီအာနန်ဟာ ဆွစ်ဇာလန်နိုင်ငံမှာရှိတဲ့ သူရဲ့ ဒေါ်လာသန်းချီတန်တဲ့ စံအိမ်ကြီးမှာ နောက်ဆုံးနေခဲ့ပြီး သေဆုံးချိန်မှာတော့ အသားတင်ချမ်းသာမှု ငွေသား ဒေါ်လာ(၅)သန်း ကျော် ပိုင်ဆိုင်ထားပါတယ်။ သား ကိုဂျိုအာနန်မှာ ဂါနာ-နိုင်ဂျီးရီးယား သန်းကြွယ် စီးပွားရေးလုပ်ငန်းရှင်အဖြစ် ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။ ကိုဖီအာနန်ရဲ့ အမေရိကန်နဲ့ မိတ်ဖက်နိုင်ငံတွေအပေါ် ထိရောက်စွာ ကုလအတွင်းရေးမှူးချုပ် တာဝန်မကျေခဲ့ခြင်း တွေရဲ့နောက်ကွယ်မှာ မေးခွန်းများစွာ ဝေဖန်မှုများစွာရှိနေဆဲဖြစ်ပါတယ်။         

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လာမယ့်နှစ်ပေါင်း ၅၀ အတွင်း ယူကရိန်းနိုင်ငံရှိတော့မှာမဟုတ်ကြောင်း ကမ္ဘာကျော်သတင်းထောက်တစ်ဦး သုံးသပ်

RELATED POSTS
RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved