ဗြိတိန်ဝန်ကြီးချုပ်က စစ်မှုမထမ်းမနေရစနစ်ကို ပြန်လည်ကျင့်သုံးသွားမည်ဖြစ်ကြောင်း ကတိပြု
ALynn (NSS) - မေ ၂၇
ကွန်ဆာဗေးတစ်ပါတီသည် ဇူလိုင်လတွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအပြီးတွင် အာဏာဆက်လက်တည်မြဲပါက မဖြစ်မနေ နိုင်ငံတော်တာဝန်ထမ်းဆောင်ရန် ဝန်ကြီးချုပ် ရီရှီဆူနက်က ကတိပြုခဲ့ကြောင်း ဗြိတိန်မီဒီယာများက တနင်္ဂနွေနေ့ (မေလ ၂၆ ရက်) တွင် ဖော်ပြခဲ့သည်။
တစ်နှစ်လျှင် စတာလင်ပေါင် ၂ ဒသမ ၅ ဘီလျံ (ဒေါ်လာ ၃ ဒသမ ၁၉ ဘီလျံ) ကုန်ကျမည်ဟု ခန့်မှန်းထားသည့် အဆိုပါ အစီအစဉ်အရ အသက် ၁၈ နှစ်အရွယ် လူငယ်များအားလုံးသည် အချိန်ပြည့်စစ်မှုထမ်းရန် သို့မဟုတ် တစ်လလျှင် တစ်ပတ်စေတနာ့ဝန်ထမ်းအဖြစ် ရဲတပ်ဖွဲ့နှင့် အမျိုးသားကျန်းမာရေးဝန်ဆောင်မှုများတွင် လုပ်အားပေးရမည်ဖြစ်သည်။ ဆူနက်က “မဖြစ်မနေနိုင်ငံတော်တာဝန် ထမ်းဆောင်စေခြင်းသည် ‘အမျိုးသားရေးစိတ်ဓာတ်’ ကို ပြန် လည်ရှင်သန်စေပြီး လူငယ်များ၏ ဘဝပြောင်းလဲနိုင်ဖို့ အခွင့်အလမ်းများဖြစ်ကြောင်း” တိုက်တွန်းထားသည်ကို ဗြိတိန်မီဒီယာ၏ ဖော်ပြချက်မှတစ်ဆင့် သိရသည်။ “နိုင်ငံကြီးဆိုပေမယ့် မျိုးဆက်သစ်လူငယ်တွေဟာ သူတို့နဲ့ထိုက်တန်တဲ့ အခွင့်အလမ်းတွေ၊ အတွေ့အကြုံတွေ မရကြသလိုဖြစ်နေပြီး ခုလိုအန္တရာယ်တွေတိုးပွားလာနေတဲ့ မသေချာမရေရာတဲ့ ကမ္ဘာကြီးမှာ ကြိုပြင်ထားသင့်ကြောင်း” ကိုလည်း ဆူနက်က ပြောကြားခဲ့သည်။
ကွန်ဆာဗေးတစ်ပါတီသည် ပြန်လည်အရွေးခံရပါက “နိုင်ငံတော်တာဝန်ထမ်းဆောင်မှုအစီအစဉ်”ကို အကောင်အထည်ဖော်ရန် တော်ဝင်ကော်မရှင်တစ်ရပ်ကိုဖွဲ့စည်းကာ ရှေ့ပြေးလုပ်ငန်းစဉ်များကို လာမည့်နှစ် စက်တင်ဘာလတွင် စတင်မည်ဖြစ်သည်။ နိုင်ငံတော်တာဝန်ထမ်းဆောင်မှု အစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ဆူနက်၏အနီး ကပ်အကြံပေး ပုဂ္ဂိုလ်များသာသိရှိပြီး လျှို့ဝှက်ရေးဆွဲထားခြင်းဖြစ်သည်။ စာမျက်နှာ ၄၀ ပါ စီမံချက်တွင် “ရုရှားနှင့် တရုတ်ကဲ့သို့သော နိုင်ငံများ၏ ကြီးထွားလာနေသော နိုင်ငံတကာ ခြိမ်းခြောက်မှုများ” ကို ရင်ဆိုင်နေရချိန်တွင် လက်နက်ကိုင်တပ်ဖွဲ့များ တိုးချဲ့ရန် လိုအပ်ကြောင်း အကြံပေးအရာရှိများက တိုက်တွန်းထားသည်။ အဆိုပါကြေညာချက်နှင့်ပတ် သက်၍ ကွန်ဆာဗေးတစ်များသည် ဗြိတိန်စီးပွားရေးကို ပျက်ပြားစေကာ တပ်အင်အားအရေအတွက်ကို လျှော့ချနေသည်ဟု အတိုက်အခံများက ပြစ်တင်ရှုတ်ချခဲ့သည်။ ၎င်း၏ ၃၆၄ နှစ်တာသမိုင်းတစ်လျှောက်တွင် ဗြိတိသျှစစ်တပ်သည် အများအားဖြင့် သဘောဆန္ဒအလျောက် စစ်မှုထမ်းစေခဲ့သည်။ သို့သော် ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်ကာလများအတွင်း စစ်မှုမထမ်းမနေရအဖြစ်သတ်မှတ်ခဲ့သော်လည်း ၁၉၆၀ ခုနှစ်တွင်မူ ၎င်းကိုကျင့်သုံးခြင်းမပြုတော့ပေ။ ၂၀၁၀ မှ ၂၀၂၄ ခုနှစ်များအတွင်း တပ်ဖွဲ့ဝင်အရေအတွက်ကို လေးပုံ တစ်ပုံကျော်အထိ လျှော့ချပစ်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့ဗိသုကာပညာရပ်အမွေအနှစ်များကို ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေး၍ မူလလက်ရာမပြတ်ထိန်းသိမ်းပြုပြင်မှုများဆောင်ရွက်ရန် တပ်ချုပ်တိုက်တွန်း
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ