Star Wars Millennium Falcon အာကာသယာဉ် Lego အရုပ်ကို အချိန်(၇) နာရီခွဲကျော်အတွင်း တည်ဆောက်ပြခဲ့ပြီး ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့တဲ့ ကနေဒါအမျိုးသား
Pika (NSS) - မေ ၂၂
Star Wars ရုပ်ရှင်နှင့် Lego အရုပ်များကို ကြိုက်နှစ်သက်သော ကနေဒါနိုင်ငံမှအမျိုးသားတစ်ဦးသည် အပိုင်းအစ(၇၅၄၁)ခုရှိသော Millennium Falcon အာကာသယာဉ်ကို အချိန်(၇)နာရီ(၃၆)မိနစ်နှင့် (၃၇)စက္ကန့်အတွင်း တည်ဆောက်ပြခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။
ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ် Markham မြို့မှ အိုင်ဗန်ယုဟုအမည်ရသော အမျိုးသားသည် Lego Star Wars မော်ဒယ် 75192 Millennium Falcon အာကာသယာဉ်ကို အမြန်ဆုံးတည်ဆောက်ပြနိုင်ခဲ့ခြင်းအတွက် ကမ္ဘာ့ဂင်းနစ်စံချိန်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အိုင်ဗန်ယုက 'အမှန်တကယ်တည်ဆောက်တဲ့အချိန်က အရမ်းကိုပျော်ဖို့ကောင်းပါတယ်။ Lego အရုပ်ဒီဇိုင်နာတွေဟာ ဒီလိုကြီးမားတဲ့အာကာသယာဉ်ကို တည်ဆောက်နေချိန်အတွင်း ပျော်စရာကောင်းတဲ့အခိုက်အတန့်တွေရအောင် ဖန်တီးခဲ့တာလို့ ကျွန်တော်ထင်ပါတယ်'ဟု ပြောဆိုခဲ့သည်။
ထို့ပြင် ကြီးမားသော Lego အာကာသယာဉ်ကို တည်ဆောက်နေစဉ်အချိန်အတွင်း မည်သည့်ပင်ပန်းနွမ်းနယ်မှုကိုမှ မခံစားခဲ့ရကြောင်းလည်း အိုင်ဗန်ယုကပြောကြားခဲ့သည်။ ၎င်းက 'ဒီလို Lego အာကာသယာဉ်ကို တည် ဆောက်ရတာ ကျွန်တော်တကယ်ကို ကြိုက်ပါတယ်။ အဲဒါကြောင့် ကျွန် တော်လုံးဝစိတ်နှစ်ပြီး တည်ဆောက်ခဲ့တာပါ။ ဒါပေမဲ့ တည်ဆောက်မှုအတွက် စုစုပေါင်းအချိန်က (၇)နာရီခွဲကျော်ကြာသွားတယ်ဆိုတာ အကုန်လုံးပြီးသွားမှ ကျွန်တော်သိခဲ့တာပါ"ဟု ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိုလံပစ်ပြိုင်ပွဲ နှင့် တေလာဆွစ်ဖ်၏ဖျော်ဖြေပွဲတို့၏ လက်မှတ်အတု အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်ပြီး ဗြိတိန်ဘဏ္ဍာရေးအဖွဲ့သတိပေး
RELATED POSTS
14 Sep 2024 | ဗဟုသုတ,နိုင်ငံတကာ