Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အရှေ့တောင်အာရှရှိ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများသည် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် အရှေ့အာရှလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုကြီးထွားလာနေဟု USIP အစီရင်ခံ

Htay Oung (NSS) - မေ ၁၃

အုပ်ချုပ်မှုစနစ် ညံဖျင်းခြင်းအပေါ် အခွင့်ကောင်းယူခြင်း၊ ထိရောက်မှု မရှိတဲ့ ဥပဒေစိုးမိုးရေးနဲ့ စည်းမျဉ်းစည်းကမ်းကင်းမဲ့ခြင်းတို့ကို အသုံးချပြီး စနစ်တကျကျူးလွန်နေတဲ့ ရာဇဝတ်မှုခင်းတွေဟာ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခ များရဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်လာကြောင်း၊ အာရှရာဇဝတ်ဂိုဏ်းများဟာ မြန်မာနိုင်ငံမှ မြောက်ကိုရီ ယားအထိ အစိုးရ အကျင့်ပျက်ခြစားသူများကို ထောက်ခံအားပေးနေကြပြီး ဒေသတွင်းတည်ငြိမ်ရေးကို ခြိမ်း ခြောက်လျက်ရှိတယ်လို့ USIP က ယနေ့ (မေလ ၁၃ ရက်) အစီရင်ခံ တင်ပြလိုက်ပါတယ်။

USIP ခေါ် “အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းအင်စတီကျု့” ဟာ ၁၉၈၄-ခုနှစ် သမ္မတ ရော်နယ်ရေဂင်လက် မှတ်ရေးထိုး ခွင့်ပြုခဲ့တဲ့ အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းဖြစ်ပွားလျှက်ရှိတဲ့ ပဋိပက္ခများကို ဖြေရှင်း-တားဆီးကာကွယ်ရာမှာ သံခင်းတမန်ခင်း၊ ကြားဝင်ဖျန်ဖြေရေးနဲ့ အခြားသော ငြိမ်းချမ်းမှုတည် ဆောက်ရေးအတွက် တစ်ခုချင်းစီကို သုတေသနပြု၊ ခွဲခြမ်းစိတ်ဖြာ လေ့လာရန် တာဝန်ရှိပါတယ်။ နိုင်ငံရေး ပါတီ ၂ ရပ်စလုံးမှ ကိုယ်စားလှယ်များ၊ အမေရိကန်ကာကွယ်ရေး ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ နိုင်ငံတော်ကာ ကွယ်ရေးတက္ကသိုလ် ဥက္ကဌအပါအဝင် စုစုပေါင်း ၁၅ ဦးပါ ဘုတ်အဖွဲ့က အုပ်ချုပ်ပါတယ်။

၂၀၂၁ ခုနှစ်တည်းက USIP အနေနဲ့ တရုတ်နိုင်ငံမှ မြစ်ဖျားခံလာပြီး အရှေ့တောင်အာရှတစ်ခွင်ရှိ ရာဇဝတ် ကွန်ရက်များနဲ့ ၎င်းတို့ရဲ့ အွန်လိုင်းလိမ်လည်မှုများက နိုင်ငံတကာအရောက် ပျံ့နှံ့ပုံကို လေ့လာခဲ့ကြောင်း၊ ယခုအခါ အဆိုပါ ရာဇဝတ်ကွန်ရက်တွေက လိမ်လည်လှည့်ဖျားရာမှာ ခေတ်မီနည်းပညာများနဲ့ အကျင့်ပျက် အစိုးရများကို အသုံးချခြင်းအားဖြင့် ကမ္ဘာ့လူသားမျိုးနွယ်တို့ရဲ့ လုံခြုံရေးနဲ့ အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံ ရေးအပေါ် တိုက်ရိုက်ခြိမ်းခြောက်လာနေကြောင်း၊ အဲဒီ ရာဇဝတ်ကွန်ရက်တွေက ၎င်းတို့ရဲ့ ဒုစရိုက်အင်ပါယာကို ချဲ့ထွင်ရာမှာ အွန်လိုင်း လိမ်လည်လှည့်ဖြားမှု၊ လုပ်အား ခေါင်းပုံဖြတ် အမြတ်ထုတ်မှုနဲ့ ငွေကြေးခဝါချမှုတို့ကို အသုံးပြုဖို့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအို တို့လို နိုင်ငံများမှာ လိမ်လည်လှည့်ဖြားတဲ့ ကွန်ရက်တစ်ခုကို ထူထောင်ထားကြောင်း၊ သူတို့ရဲ့ မသမာမှုများကို ဖုံးကွယ်ရန်အတွက် အစိုးရများ၊ စီးပွားရေးလုပ်ငန်းရှင်ထိပ်သီးများနဲ့အတူ တရားဝင်ရော တရားမဝင် စီးပွားရေး လုပ်ငန်းများမှာ ပါဝင်လုပ်ကိုင်လျှက်ရှိကြောင်း၊ အရှေ့တောင်အာရှမှာရှိတဲ့ အဲ့ဒီလို ရာဇဝတ်ကွန်ရက်များကို ဟန့်တား ဖျက်သိမ်းရန် ကြိုးပမ်းမယ်ဆိုရင် ညှိ နှိုင်းထားတဲ့ နိုင်ငံတကာပူးပေါင်းမှု လိုအပ်မှာဖြစ်ကြောင်း၊ အဆိုပါကွန်ရက်တွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များ အတွင်း သိသိသာသာကြီးထွားလာခဲ့ပြီး ကမ္ဘာတစ်ဝှမ်း သန်းနဲ့ချီတဲ့ သားကောင်များကို ပစ်မှတ်ထားကာ အွန် လိုင်းဂိမ်းလောင်းကစားခြင်း၊ လိမ်လည်လှည့်ဖြားအားဖြင့် အမေရိကန် ဒေါ်လာဘီလီယံပေါင်းများစွာကို ခိုးယူ ရရှိခဲ့ကြောင်းသိရသည်။

အရှေ့တောင်အာရှဒေသမှာ အခုလို ရာဇဝတ်မှုများ ပျံ့နှံ့လာရခြင်းဟာ အချို့သော အစိုးရများက ကာစီနို လောင်းကစားဝိုင်းများကို မြှင့်တင်ခွင့်ပြုခြင်းကြောင့် ဖြစ်ကြောင်း၊ အွန်လိုင်းလောင်းကစားခြင်းများကို တရုတ် နိုင်ငံမှာ တားမြစ်ထားခြင်းကြောင့် လောင်းကစားလိုတဲ့ တရုတ်လူမျိုးများကို ဆွဲဆောင်ရာမှ အစပြုခဲ့ကြောင်း၊ COVID-19 ကပ်ရောဂါ ကျရောက်ခြင်း အတားအဆီးများ၊ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်း ထိန်းသိမ်းကြီး ကြပ်မှု အားနည်းခြင်း၊ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခများနဲ့ ကမ္ဘောဒီးယား၊ လာအိုတို့လို နိုင်ငံများရဲ့ အကျင့်ပျက်ခြစားမှုတွေဟာ ဒေသအတွင်း အဲ့ဒီလို ရာဇဝတ်ကွန်ရက်များကို ကြီးထွားလာဖို့ အားပေးသလို ဖြစ်နေကြောင်း၊နိုင်ငံပေါင်း ၆၀ ကျော်မှ ရောက်ရှိလာပြီး အွန်လိုင်းလိမ်လည်မှုများကို ပြုလုပ်ပေးဖို့ အဓမ္မစေခိုင်းခံရသူများဟာ လက်နက်ကိုင်ဂိုဏ်းများရဲ့ ပိတ်လှောင်ထားခြင်း ခံနေရကြောင်း၊ အဲဒီလုပ်ငန်းများကို အဂတိလိုက်စားတဲ့ ထိပ် ပိုင်းပုဂ္ဂိုလ်တစ်စုက ပံ့ပိုးပေးထားပြီး အုပ်ချုပ်ရေး အားနည်းတဲ့ နယ်ပယ်များတွင် ရှင်သန်နေခြင်းအားဖြင့် ကမ္ဘာ လုံးဆိုင်ရာ လုံခြုံရေးအပေါ် သိသာထင်ရှားစွာ ခြိမ်းခြောက်မှုဖြစ်လာစေကြောင်း၊ ရိုးရိုးရှင်းရှင်း အတိုချုံးပြောရလျှင် မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုတို့လို နိုင်ငံများရှိ ရာဇဝတ်ဂိုဏ်းများဟာ နှစ်စဉ်ဒေါ်လာဘီလျံနဲ့ချီတဲ့ လိမ်လည်လှည့်ဖြားရေးလုပ်ငန်းများကို လုပ်ဆောင်နေကြောင်း၊ အဲဒီလို အဖွဲ့ များကို အစိုးရအရာရှိအချို့က အကာအကွယ်ပေးထားအတွက် ၎င်းတို့လုပ်ငန်းကို ပိတ်ပစ်ဖွယ် အန္တရာယ်ကြုံ လာတဲ့ခါ နေရာအမျိုးမျိုးသို့ ရွှေ့ပြောင်းခြင်းအားဖြင့် ခြေရာဖျောက်လျှက်ရှိကြောင်း၊ ဒီလို လိမ်လည်လှည့်ဖြားမှုတွေဟာ သက်ဆိုင်ရာနိုင်ငံများအတွင်း ပဋိပက္ခများကို ဖြစ်ပေါ်စေပြီး အချို့သော အုပ်စုတွေဟာ အစိုးရကို ပုန်ကန်တဲ့အထိ အတင်းအကြပ် အကြမ်းဖက်မှုများကိုဖြစ်ပေါ်စေကြောင်း၊ အကျင့်ပျက်ခြစားတဲ့ အလေ့အကျင့်ဖြစ်လာစေဖို့  လိမ်လည်မှုများမှရရှိငွေများနဲ့ စစ်တပ်ကိုပင် ငွေကြေးထောက်ပံ့ရန်အတွက် အသုံးပြုလေ့ရှိကြောင်း၊ အဲ့ဒီ ရာဇဝတ်ဂိုဏ်းတွေဟာ ကမ္ဘာတဝှမ်းရှိ စီးပွားရေးလုပ်ငန်းများနဲ့ အိမ်ခြံ မြေရောင်းဝယ်ရေးလုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် သူတို့ရဲ့ မသမာတဲ့ ငွေမည်းအမြတ်အစွန်းများကို ခဝါချလျှက်ရှိကြောင်း၊ တရုတ်အစိုးရဟာ အဲ့ဒီလုပ်ရပ်အားလုံးကို ခရေစေ့တွင်းကျ သိရှိသော်လည်း ရာဇဝတ်မှု ကျူးလွန်သူအချို့ကိုသာ ပစ်မှတ်ထားလျက်ရှိကြောင်း၊အရှေ့တောင်အာရှမှ ပေါက်ဖွားလာတဲ့ မသမာမှုများနှင့် လိမ်လည်မှုများကြောင့် အမေရိကန်ဟာ နှစ်စဉ် ဒေါ် လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနေရကြောင်း၊ ယခုအခါ အဆိုပါ ရာဇဝတ်ကွန်ရက်များဟာ အမေရိကန် မြေ ပေါ်တွင် လည်ပတ်လုပ်ကိုင်နေပြီး အမေရိကန် နိုင်ငံသားများနဲ့ အမျိုးသားလုံခြုံရေး အကျိုးစီးပွားအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာကြောင်း။ ဒီလို နိုင်ငံဖြတ်ကျော် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့ နိုင်ငံတကာမိတ်ဖက်တွေ အထူးသဖြင့် တရုတ်နိုင်ငံနဲ့ ပူးပေါင်းလုပ်ဆောင်ရေးမှာ အမေရိကန် အတွက် အရေးကြီးလာကြောင်း၊ ရာဇဝတ်မှုဆိုင်ရာ ကျူးလွန်မှုများရဲ့ မူလဇစ်မြစ်ကို ဖြေရှင်းရန်နဲ့ သူတို့ရဲ့ လုပ်ငန်းများကို တားဆီးနှောင့်ယှက်ရန် အစိုးရအေဂျင်စီအတော်များများအချင်းချင်း ညှိနှိုင်းအားထုတ်မှု လို အပ်ကြောင်း၊ မိမိတို့ အသီးသီးရရှိထားတဲ့ သတင်းအချက်အလက်တို့ကို မျှဝေခြင်းနဲ့ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုများဟာ အဆိုပါ ရာဇဝတ်ကွန်ရက်များကို ထိထိရောက်ရောက် တိုက်ဖျက်ရန် အဓိက သော့ချက်ပင် ဖြစ်ပါကြောင်း သိရသည်။

 ထို့ပြင် အရှေ့တောင်အာရှနိုင်ငံများအတွင်း တရားဥပဒေစိုးမိုးရေး စွမ်းရည်များ အားကောင်းလာစေရန်၊ ရာဇဝတ်ကောင်များအပေါ် တာဝန်ယူတာဝန်ခံစေရန်၊ အမေရိကန်ပြည်သူများအား ယခုလို လိမ်လည်လှည့်ဖြား မှုရဲ့ သားကောင်မဖြစ်စေရေး ကာကွယ်ရန်အတွက် လူထုအတွင်း သိရှိနားလည်မှုကို ပညာပေး မြှင့်တင်ရန် ကြိုးပမ်းသင့်တယ်လို့ USIP တင်ပြအကြံပြုထားပါတယ်။

(USIP., 13 May 2024, “ Transnational Crime in Southeast Asia: A Growing Threat to Global Peace and Security. Transnational Crime in Southeast Asia: A Growing Threat to Global Peace and Security USIP Senior Study Group Final Report ကို ဆီလျော်အောင် ကောက်နုတ်ဘာသာပြန်ဆိုထားသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မိတ္ထီလာမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်း(၃)လွှာမှ ကျောင်းသူတစ်ဦးခုန်ချအဆုံးစီရင်မှုဖြစ်ပွား

RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved