Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မဏိပူရပြည်နယ်တွင် လူ့အခွင့်အရေး အလွဲသုံးစားမှုများ၊ မီဒီယာနှင့် လူနည်းစုတို့အပေါ် ထိပါးနှောင့်ယှက်မှုများရှိနေဟု အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာတွင်ဖော်ပြ

Htay Oung (NSS) - ဧပြီ ၂၃

ယမန်နှစ် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်မှာ သိသာထင်ရှားတဲ့ အခွင့်အရေး အလွဲသုံးစားမှုများနဲ့ ကျန်နိုင်ငံတစ်ဝှမ်းမှာလည်း လူနည်းစုမျိုးနွယ်များ၊ သတင်းထောက်များ၊ အစိုးရဆန့်ကျင်ရေး ပြောဆိုသူတို့အပေါ် နှောက်ယှက်ထိုးနှက်မှုများ ရှိနေတယ်လို့  အမေရိကန် နိုင်ငံခြား ရေးဌာနရဲ့ လူ့အခွင့်အရေး ဆိုင်ရာ အကဲဖြတ်ချက် နှစ်ပတ်လည် အစီရင် ခံစာမှာ ဖော်ပြထားကြောင်း ရိုက်တာ သတင်းအေဂျင်စီက ယနေ့ (ဧပြီလ ၂၃ ရက်)မှာ ရေးသားပါတယ်။


(မြန်မာနိုင်ငံ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့နဲ့ ထိစပ်နေတဲ့) မဏိပူရပြည်နယ်မှာ ကူကီး-ဇို(ချင်း) လူမျိုးစုတို့ရဲ့ အထူးအခွင့်အရေးများကို  မေထေး (ကသည်း) မျိုးနွယ်စုတို့လည်း ခံစားခွင့်ရှိကြောင်း ယမန်နှစ် တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။ အဲဒီနောက် အဲ့ဒီလူမျိုးစု နှစ်စုနှစ်စုအကြား ကြောက်မက်ဖွယ် အဓိကရုန်း များ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ယခုအချိန်ထိ  လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ပါတယ်။

ယမန်နှစ် မေလမှ နိုဝင်ဘာလအတွင်း မဏိပူရပြည်နယ်မှာ လူပေါင်း ၆၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေး ခဲ့ရကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာအရ သိရှိရပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာန အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဝါရှင်တန်ရှိ အိန္ဒိယသံရုံးက လောလောဆယ် မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။

ကျန်အိန္ဒိယနိုင်ငံ ဒေသအသီးသီးတို့မှာ အစိုးရနဲ့ သူတို့ရဲ့ မဟာမိတ်များအပေါ် ဝေဖန်တဲ့ မီဒီယာများကို ဖိအားပေးခြင်း သို့မဟုတ် ထိပါးနှောင့်ယှက်တဲ့ ဖြစ်ရပ်များစွာတို့အကြောင်း သတင်းရရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက အစီရင်ခံတင်ပြထားပါတယ်။

ဥပမာအားဖြင့် ၂၀၂၃- ခုနှစ်စောစောပိုင်းမှာ ဟိန္ဒူအမျိုးသားရေးဝါဒီ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီအပေါ် ဝေဖန်တဲ့ မှတ်တမ်းရုပ်ရှင်ကို ထုတ်လွှင်ြ့ပီးနောက် အိန္ဒိယ ဝင်ငွေခွန်ဌာနက BBC ရုပ်သံဌာနရဲ့ ရုံးခန်းများကို စီးနင်း ရှာ ဖွေခဲ့ပါတယ်။ အိန္ဒိယအစိုးရကတော့ အဆိုပါရှာဖွေမှုဟာ သင်္ကာရှင်းကြောင်း သက်သေထူဖို့သာလျှင် ဖြစ်တယ်လို့  အဲဒီအချိန် ပြောဆိုခဲ့ပါတယ်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RWB အဆိုအရ ၂၀၂၃ ခုနှစ် အိန္ဒိယနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းဟာ နိုင်ငံပေါင်း ၁၈၀ အနက် ၁၆၁ နေရာမှာ ရပ်တည်ခဲ့ပြီး တောင်အာရှနိုင်ငံသမိုင်းတလျှောက် အနိမ့်ဆုံးအဆင့်ဖြစ်တယ်လို့ သိရှိရပါတယ်။

အိန္ဒိယရှိ ဘာသာရေးလူနည်းစုတို့အပေါ် အကြမ်းဖက်ရန် တောင်းဆိုမှုများနဲ့ သတင်းမှားများ ဖြန့်ဝေခြင်း အပါအဝင် ခွဲခြားဆက်ဆံမှုများကို တွေ့ရှိရတယ်လို့ အမေရိကန်အကဲဖြတ်အဖွဲ့က ဆိုပါတယ်။ လာမယ့် ဇွန်လ ၁ ရက်နေ့ထိ ကျင်းပမယ့် ရွေးကောက်ပွဲတွင် တတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်းအတွက် ရွေးကောက်ခံရဖို့ မျှော်လင့်နေတဲ့ မိုဒီကတော့ သူ မျက်နှာသာပေးထားသူတို့က လူနည်းစုများအပေါ် မတော် မတရား ပြုမူခြင်း မရှိကြောင်း ငြင်းဆိုထားပါတယ်။  သူနဲ့တကွ ပါတီရဲ့ မူဝါဒတွေဟာ အိန္ဒိယလူမျိုးများ အား လုံးအတွက် အကျိုးရှိစေရန် ရည်ရွယ်ထားတယ်လို့ ချေပပြောဆိုပါတယ်။

မိုဒီလက်ထက် အိန္ဒိယနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ ဆိုးရွားလာတယ်လို့ လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲနေကြပါတယ်။ မွတ်ဆလင်အများစုနေထိုင်ရာ ကက်ရ်ှမီးယားရဲ့ အထူးအဆင့်အတန်းကို ရုတ်သိမ်းခြင်း၊ စနစ်တကျ ခွဲခြားဆက်ဆံခြင်းဖြစ်တယ်လို့ ကုလသမဂ္ဂက ကင်ပွန်းတပ်ခဲ့ရတဲ့ နိုင်ငံသားဖြစ်ခွင့်ဥပဒေနဲ့ တရား မဝင် ဆောက်လုပ်မှုများကို ဖယ်ရှားခြင်း ဆိုင်းဘုတ်အောက်မှာ မွတ်စလင်မ်အိုးအိမ်မျာဒကို ဖြိုဖျက်ခဲ့ကြောင်း ထောက်ပြခဲ့ကြပါတယ်။

အမေရိကန်ရဲ့ အစီရင်ခံစာဟာ လတ်တလောနှစ်များမှ အကြောင်းအရာများ ပါရှိနေပါတယ်။ ဒါပေမယ့် တရုတ် ရဲ့သြဇာနယ်ပယ် ချဲ့ထွင်ရာမှာ အိန္ဒိယက ဟန်ချက်ညီအောင် ကူညီစေလိုတဲ့အတွက် အမေရိကန်အနေနဲ့ အိန္ဒိ ယကို လူသိရှင်ကြား ဝေဖန်ခြင်း မပြုမိအောင်  ချုပ်တည်းထားပုံရတယ်လို့  နိုင်ငံရေး ကျွမ်းကျင်သူများက ယုံကြည်ကြပါတယ်။

(Reuters., 23 April 2024,” US rights report on India cites abuses in Manipur, harassment of media and minorities” ကိုဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အီရန်ကို ကြီးမားတဲ့တုံ့ပြန်မှုမလုပ်ဖို့ အစ္စရေးကို အမေရိကန် နဲ့ မဟာမိတ်တွေ ဖိအားပေး

RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved