မလေးရှားနိုင်ငံတွင် စစ်တပ်မှ ရဟတ်ယာဉ်နှစ်စင်း တိုက်မိကာပျက်ကျခဲ့ပြီး လိုက်ပါသွားသူအားလုံးသေဆုံး
Pika (NSS) - ဧပြီ ၂၃
မလေးရှားနိုင်ငံမှာ ဧပြီလ(၂၃)ရက်နေ့က စစ်တပ်မှ ရဟတ်ယာဉ်နှစ်စင်း လေ့ကျင့်မှုတွေလုပ်ဆောင်နေချိန်အတွင်း တိုက်မိပြီး ပျက်ကျခဲ့လို့ လိုက်ပါသွားတဲ့တပ်ဖွဲ့ဝင်(၁၀)ဦးလုံး သေဆုံးခဲ့တယ်လို့ နိုင်ငံကယ်ဆယ်ရေးအေဂျင်စီက ပြောကြားခဲ့ပါတယ်။
မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနက အကြီးတန်း စစ်ဆင်ရေးမှူး Suhaimy Mohamad Suhail က 'စစ်ရဟတ်ယာဉ်နှစ်စင်းဟာ လေ့ကျင့်ပျံသန်းမှုအတွင်းတိုက်မိပြီး ပျက်ကျခဲ့ပါတယ်။ ပျက်ကျမှုအတွင်း လိုက်ပါသွားတဲ့ တပ်ဖွဲ့ဝင်(၁၀)ဦးသေဆုံးခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာအရာရှိတွေက အတည်ပြုခဲ့ပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။ အွန်လိုင်းမှာ မျှဝေထားတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ လာမယ့်မေလမှာပြုလုပ်မယ့် ရေတပ်ရဲ့ဖွင့်ပွဲအခမ်း အနားမတိုင်မီ Lumut ရေတပ်အားကစားကွင်းပေါ်မှာ နိမ့်နိမ့်လေး ပျံသန်းနေတဲ့ ရဟတ်ယာဉ်တွေကို တွေ့မြင်ခဲ့ရပါတယ်။ ပြီးတော့ ရဟတ်ယာဉ်တစ်စင်းဟာ အခြားရဟတ်ယာဉ်တစ်စင်းရဲ့ နောက်ဘက်ကိုဝင်တိုက်မိပြီး ပျက်ကျသွားတာကိုလည်း အဲဒီဗီဒီယိုဖိုင်မှာ တွေ့မြင်ခဲ့ရပါတယ်။ ပျက်ကျမှုဖြစ်ပွားခဲ့တဲ့ ရဟတ်ယာဉ်နှစ်စင်းဟာ Eurocopter AS555SN Fennec နဲ့ AgustaWestland AW139 တို့ဖြစ်တယ်လို့ ကယ်ဆယ်ရေးအေဂျင်စီကပြောကြားခဲ့ပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာတင်ထားတဲ့ ဓါတ်ပုံတွေမှာ ရေတပ်အခြေစိုက် အားကစားကွင်းအတွင်းမှာ ပျက်ကျနေတဲ့ ရဟတ်ယာဉ်အပျက်အစီးတွေနဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေကို တွေ့မြင်ခဲ့ရပါတယ်။ AgustaWestland AW139 ရဟတ်ယာဉ်ဟာ အားကစားကွင်းရဲ့ ရေကူးကန်ဧရိယာမှာ ပျက်ကျခဲ့တာလို့လည်း သိရပါတယ်။ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က 'ဒီအဖြစ်ဆိုးဟာ နိုင်ငံအတွက် တကယ်ကို ဝမ်းနည်းကြေကွဲစရာပါပဲ။ ပျက်ကျရတဲ့ အကြောင်းအရင်းတွေကို သိရှိရဖို့အတွက် TLDM နဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့က စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ'လို့ ပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အောက်တိုဘာ ၇ ရက် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ အစ္စရေးထောက် လှမ်းရေးအကြီးအကဲ ရာထူးမှနုတ်ထွက်
RELATED POSTS
14 Sep 2024 | မှုခင်း,ပြည်တွင်း