Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အာရူ နာချယ်ပရာဒက်ရှပြည်နယ် အိမ်နီးချင်း နှစ်နိုင်ငံထိပ်တိုက်တွေ့မှုနှင့် တရုတ်၏ စစ်ထောက်လှမ်းရေးဆိုင်ရာ စွမ်းရည်မြင့်စစ်နည်းဗျူဟာ

Htay Oung (NSS) - ဧပြီ ၂၃

အိန္ဒိယနိုင်ငံဟာ သူရဲ့ 'ဘရာမို့စ်' အသံထက်မြန် ခရု့ဇ်ဒုံးကျည်များကို ဖိလစ်ပိုင်ထံပေးပို့ရန် ပြင်ဆင်နေပါတယ်။ အဲဒီအချိန်မှာပဲ တရုတ်ပြည်သူ့လွတ် မြောက်ရေး တပ်မတော်ရဲ့ WZ-7 အမြင့်ပျံ တာဝေးထောက်လှမ်းရေး ဒရုန်းကို ဖိလစ်ပိုင်နိုင်ငံအနီးမှာ ပျံသန်းနေကြောင်း တွေ့မြင်ရတယ်လို့ နယူးဒေလီအခြေစိုက် အိန္ဒိယ-ကနေဒါ အကျိုးတူပူးပေါင်းမှု “ယူရေးရှားတိုင်းမ်” နိုင်ငံတကာရေးရာနဲ့ ကာကွယ်ရေးဆိုင်ရာ ပုဂ္ဂလိက လွတ်လပ် သော ဒစ်ဂျစ်တယ် သတင်းစာက ဧပြီ ၂၀ ရက်နေ့မှာ ရေးသားပါတယ်။


တောင်တရုတ်ပင်လယ်ရဲ့ အနောက်မြောက်ဘက် ဖိလစ်ပိုင်ကျွန်းစုရဲ့ အနောက်ဘက်မှာ ပျံသန်းသွားတဲ့ မောင်းသူမဲ့ လေယာဉ်ဟာ တောင်ပံပုံသဏ္ဍာန် ထူးခြားတဲ့အတွက် တရုတ်နိုင်ငံက လွှတ်တင်လိုက်တဲ့ “WZ-7 နဂါးမာန်” ထောက်လှမ်းရေးဒရုန်းဖြစ်ကြောင်း ချက်ချင်း အလွယ်တကူ သိရှိနိုင်တယ်လို့ မနီလာ ဂျီအမ်အေ သတင်းကွန်ရက်နဲ့ ရုပ်သံဌာနက ဖော်ပြပါတယ်။

တောင်တရုတ်ပင်လယ်ရှိ “စက္ကင်းသောမတ်ရှိုး နဲ့ စကားဘရော့ရှိုး” ရေတိမ်စည်းခုံများ ပိုင်ဆိုင်မှုနဲ့ ပတ်သက် ပြီး တရုတ်နဲ့ ဖိလစ်ပိုင်တို့အကြား တင်းမာမှုများ ပြင်းထန်လာပြီးနောက် ယခုလို WZ-7 မောင်းသူမဲ့ လေယာဉ် ကို တွေ့ရှိရခြင်းမှာ ထူးခြားနေပါတယ်။ အလားတူ အိန္ဒိယထံမှ ဘရာမို့စ် ဒုံးကျည်များ ဝယ်ယူခြင်းဟာ ရန်လို တဲ့ တရုတ်နိုင်ငံကို ရင်ဆိုင်ဖို့အတွက် စွမ်းရည်တည်ဆောက်ခြင်းတစ်ခုဖြစ်ကြောင်း  မနီလာက အမွှမ်းတင်‌နေ ချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

အနောက်ဖိလစ်ပိုင်ပင်လယ်ပြင်မှာ  တင်းမာမှုများ ပြင်းထန်လာခြင်းကြောင့် ဖိလစ်ပိုင်စစ်တပ်ကို ခေတ်မီစေရန် ရည်ရွယ်ထားတဲ့ “ဟော်ရိုက်ဇွန်” ဦးစားပေး ပရောဂျက်များရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်ု အိန္ဒိယထံမှ ဘရာမို့စ် ဒုံး ကျည်စနစ်ကို ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။

ဒုံးကျည် ပထမအသုတ်ကို အိန္ဒိယလေတပ်မှ အမေရိကန်လုပ် “စီ-၁၇ ဂလုပ်မာစတာ” နဲ့ ဆိုဗီယက်ခေတ်ဒီဇိုင်း “အိုင်အယ်လ်-၇၆” စစ်သုံး အကြီးစားသယ်ယူပို့ဆောင်ရေးလေယာဉ်များနဲ့ တင်ဆောင်ပေးပို့မှာဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ အမှန်တကယ်ပေးပို့တာက တမြန်နေ့ ဧပြီ ၁၉ ရက်မှာ ဖြစ်ကြောင်း တွေ့ရှိရ ပါတယ်။ ဘရာမို့စ် ဒုံးကျည်များရောင်းချခြင်းကို G2G အစိုးရချင်း သဘောတူညီချက်အရ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒုံးကျည် ယူနစ် ၃-ခုပေးပို့ခြင်း၊ အော်ပရေတာများ၊ ထိန်းသိမ်းသူများအတွက် လေ့ကျင့်ပေးခြင်းနဲ့ လိုအပ်တဲ့ ပေါင်းစပ်ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အစီအစဉ်များ ပါဝင်ပါတယ်။ အလွယ်တကူ သယ်ယူရွှေ့ပြောင်းနိုင်တဲ့ ဒုံးကျည်ယူနစ်တစ်ခုစီမှာ များသောအားဖြင့် ခြေရာခံစနစ်များနဲ့ ဒုံးကျည်ပစ် ပြောင်းနှစ်ခု သို့မဟုတ် သုံးခုစီပါ အလိုအလျောက်ပစ်စင်များ ပါရှိပါတယ်။

အိန္ဒိယ စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ်များက ဒုံးကျည်များကို သယ်ဆောင်ပျံသန်းလာချိန်မှာ တ ရုတ်ရဲ့ WZ-7 ထောက်လှမ်းရေးဒရုန်းကို မြင်တွေ့ရခြင်းဟာ စိတ်ဝင်စားဖွယ် တိုက်ဆိုင်မှုတစ်ခု ဖြစ်နိုင်ပါတယ်။ မနီလာနဲ့ အမေရိကန်တို့ရဲ့ “ဘာလီကာတန်-၂၀၂၄“ စစ်ရေးလေ့ကျင့်မှု မစတင်မီ တရုတ် ဒရုန်းပျံဝဲလာခြင်း ဟာ သိသာတဲ့ ထူးခြားချက်လည်း ဖြစ်ပါတယ်။

အများစိတ်ဝင်စားနေကြတဲ့ အဲဒီ စစ်ရေးလေ့ကျင့်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပစ်မှတ်သင်္ဘောတစ်စင်းကို နစ် မြုပ်လိုက်တဲ့ တပ်ဖွဲ့များက ကျွန်းတစ်ကျွန်းကို ပြန်လည်ရယူပြီး တောင်တရုတ်ပင်လယ်နဲ့ဆက်စပ်ရေပြင်မှာ ခုတ်မောင်းလှုပ်ရှားကြပုံကို လေ့ကျင့်ကြပါလိမ့်မယ်။ ဖိလစ်ပိုင်မြောက်ပိုင်း လူဇုံကျွန်းပေါ်မှာ တိုင်ဖွန်းအ မျိုး အစား မြေပြင်ဒုံးကျည်စနစ်သစ်ကို အမေရိကန်က တပ်ဖြန့်ချထားခြင်းဟာ တရုတ်အတွက် အတော်စိတ်မသက် သာစရာကိစ္စ ဖြစ်ပါလိမ့်မယ်။

တရုတ်ရဲ့ WZ-7 နဂါးမာန်ဟာ အမြင့်ပေတစ်ခုမှာ တာဝေးပျံသန်းနိုင်တဲ့ မောင်းသူမဲ့လေယာဉ် (UAV) အမျိုး အစားဖြစ်ပြီး ဂျပန်နိုင်ငံအတွက် အမေရိကန်က ဆောင်ရွက်ပေးနေတဲ့ RQ-4B ဂလိုဘယ်ဟော့ HALE အ တန်းအစား ဒရုန်းများနဲ့ ယှဉ်ပြိုင်နိုင်ပါတယ်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် လေတပ် (PLAAF) နဲ့ ရေတပ် (PLAN) တို့ရဲ့ WZ-7 မောင်းသူမဲ့ လေယာဉ်ဟာ ဂျက်အင်ဂျင်တပ်ဆင်ထားပြီး အမြင့်ပေ ၆၀,၀၀၀ ကျော်မှ အကွာအဝေး ၄,၃၅၀ မိုင် ခရီးကို မနားတမ်းပျံသန်းနိုင်ပါတယ်။ လက်လှမ်းမီသရွေ့အချက်အလက်များအရ အနည်းဆုံး ၁၀ နာရီ တစ်ဆက်တည်း ပျံသန်းနိုင်ကြောင်း သိရှိရပေမယ့် အမှန်တကယ် အဲဒီထက် ပိုကြာနိုင်ပါတယ်။

ဒေါင်လိုက်အမြီးရင်း ရှေ့နားမှာ ထောင့်ချွန်းပုံစံအတောင်ပံများပါရှိနေခြင်းဟာ WZ-7 ဒရုန်းရဲ့ ထူးခြာချက်ဖြစ် နေပါတယ်။ စစ်ရေး လေ့လာစောင့်ကြည့်သူများသာမက အများပြည်သူ ဘယ်သူမဆို အလွယ်တကူ ခွဲခြား နိုင်တဲ့ အကြောင်းရင်းတစ်ခုဖြစ်နေပါတယ်။

ထိုင်ဝမ်ရေလက်ကြား တင်းမာမှုများ မြင့်တက်နေခိုက် ၂၀၂၂- ခုနှစ် စက်တင်ဘာလ ထိုင်ဝမ်ကျွန်းအနီးမှာ ပျံ သန်းနေတဲ့ WZ-7 ကို ပထမဆုံးအကြိမ် တွေ့မြင်ခဲ့ရဖူးပါတယ်။ လအနည်းငယ်ကြာပြီးနောက် အရှေ့တရုတ် ပင်လယ် ပေကျင်းရဲ့ စစ်ဆင်ရေးများမှာ WZ-7 တို့ကို မမျှော်လင့်ပဲ အလုံးအရင်းနဲ့တွေ့မြင်ရခြင်းဟာ ကမ္ဘာ့ ထိပ်တန်းသတင်း ဖြစ်လာခဲ့ပါတယ်။ ဒေသတွင်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့ စစ်ရေးလှုပ် ရှားမှု တိုးပွားလာခြင်းနဲ့အတူ ထိုင်ဝမ်အနေနဲ့ အဲ့ဒီဒရုန်းများကို အကြိမ်ပေါင်းများစွာ တွေ့မြင်လာရပါတယ်။

ဟိမဝန္တာ နယ်စပ်တစ်လျောက် အိန္ဒိယနိုင်ငံကို စူးစမ်းလေ့လာဖို့အတွက်  WZ-7 ကို တိဗက်ဒေသရှိ တရုတ် ပြည်သူု့လွတ်မြောက်ရေး တပ်မတော် (လေတပ်) က ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ပြီး အလားတူ မြောက်ကို ရီးယားနယ်စပ်အနီးရှိ တရုတ်ရဲ့ အရေးပါတဲ့ “ရီရွှန်းတန်” လေတပ်အခြေစိုက်စခန်းမှာလည်း အဲ့ဒီဒရုန်းများ ပျံသန်းနေပါတယ်။

တရုတ်နိုင်ငံ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ “ရှီဂတ်စ် အခြေစိုက်စခန်း” ရဲ့ ကောင်းကင် ဂြိုလ်တုဓာတ်ပုံကို  ဆန်ဖရန်စစ္စကို အခြေစိုက်  ကမ္ဘာမြေ ပုံရိပ်ဖမ်း “ပလန်းနက် စူးစမ်းလေ့လာရေးဌာန“ က လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် မှာ ထုတ်ပြန်ခဲ့ဖူးပါတယ်။ အဲ့ဒီမှာ အမြင့်ပျံ တာဝေးထောက်လှမ်းရေး WZ-7 ဒရုန်းလေယာဉ်ကို တွေမြင်ရြုပီး (မြန်မာနိုင်ငံ ကချင်ပြည်နယ် အနောက်ပိုင်းနဲ့ ထိစပ်နေတဲ့) အာရူနာချယ်ပရာဒက်ရှ်ပြည်နယ် တာဝမ်းနယ် မြေ မှာ တရုတ်နဲ့ အိန္ဒိယစစ်သားတို့အကြား ပဋိပက္ခဖြစ်ပွားအပြီး ၂ ရက်အကြာမှာ ဖြစ်ပါတယ်။ 

ယခင်နဲ့ ယခုထိ ဖော်ပြချက်များအရ အဲ့ဒီ ဒရုန်းရဲ့ စွမ်းရည်ဟာ တရုတ်ရဲ့ “စစ်ဖက်ထောက်လှမ်းရေးဆိုင်ရာ စွမ်းရည်မြင့် စစ်နည်းဗျူဟာ” အယူအဆနဲ့ ကိုက်ညီနေပါတယ်။ အီလက်ထရွန်းနစ်စစ်ပွဲအမျိုးအစားသစ်မှာ WZ-7 နဲ့ J-16D တို့လို စတုတ္ထမျိုးဆက် အင်ဂျင်နှစ်လုံးတပ် ဂျက်တိုက်လေယာဉ်များကို ပေါင်းစပ် အသုံးပြု ဖွယ်ရှိတယ်လို့ လေ့လာသူအချို့က ခန့်မှန်းကြပါတယ်။ WZ-7 က ထောက်လှမ်းတွေ့ရှိသမျှကို  J-16D တိုက် လေယာဉ်က တပြိုင်နက်တည်း မျှဝေအသုံးချတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။

လောလောဆယ် အဲဒီ မောင်းသူမဲ့ထောက်လှမ်းရေး လေယာဉ်ကို ဂျပန်ပင်လယ်ပြင်မှာလည်း ပထမဆုံး အကြိမ် တွေ့မြင်လာရပါတယ်။ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန (MoD) အနေနဲ့ တိုက်လေယာဉ်များကို ပျံတက်စေပြီး မောင်းထုတ်ဖို့အထိ ဆောင်ရွက်ခဲ့ရပါတယ်။ အဲ့ဒီ ဒရုန်းဟာ ဂျပန်ပင်လယ်ကိုဖြတ်ပြီး ပျံသန်း ခြင်းမပြုမီ  မြောက်ကိုရီးယား သို့မဟုတ် ရုရှားရဲ့ လေပိုင်နက်ကို ဖြတ်သွားခဲ့ကြောင်း ဂျပန်ဝန်ကြီးဌာနက အရိပ်အမြွက် ဖော်ပြပါတယ်။

စစ်ရေးလေ့လာစောင့်ကြည့်သူ အတော်များများတို့ကတော့ အဲ့ဒီဒရုန်းရဲ့ စွမ်းရည်တွေဟာ  တရုတ်ရဲ့ အချိန်နဲ့ တပြေးညီ ထောက်လှမ်းရေးဆိုင်ရာအချက်အလက်စုဆောင်းနိုင်မှုနဲ့ ရေကြောင်းသွားလာမှုတို့ကို ကျယ်ကျယ် ပြန့်ပြန်ု့ သိရှိနားလည်နိုင်မှုစွမ်းရည်ကို သိသိသာသာမြှင့်တင်ပေးနိုင်ကြောင်း သုံးသပ်ကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံအနီး တရုတ်ရဲ့ နဂါးမာန်ဒရုန်းကို တွေ့မြင်ရကြောင်း သတင်းနဲ့ပတ်သက်ပြီး အဲ့ဒီ ထောက်လှမ်း ရေးဒရုန်းဟာ ခုမှ မဟုတ်ပဲ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက အဲ့ဒီဒေသမှာ ပျံဝဲနေခဲ့ပြီးဖြစ်လိမ့်မယ်လို့ ထင် ကြေးပေးမှုများလည်း ထွက်ပေါ်နေပါတယ်။ တောင်တရုတ်ပင်လယ် မြောက်ဘက်မှာရှိတဲ့ ကန်ုတုန်ပြည်နယ် အရှေ့တောင်ဘက်မှ အနောက်ဘက်ကို ပျံသန်းသွားတဲ့ WZ-7 ကို တွေမြင်ရခြင်းလည်း အပါအဝင်ဖြစ်ပါ တယ်။ (ဆိုလိုတာ ကုန်းတွင်းပိုင်း ဗီယက်နမ်၊ လော၊ မြန်မာနိုင်ငံတို့ဘက်ကိုလို့ ခန့်မှန်းရပါတယ်။) 

(Eurasia Times., 20 April 2024,” Chinese WZ-7 Soaring Dragon Hovers Near Philippines Ahead Of BrahMos Delivery, Balikatan Drills With USA” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအား တာဝန်မှ အနားယူခွင့်ပြု

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved