ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအား တာဝန်မှ အနားယူခွင့်ပြု
Pearl (NSS) - ဧပြီ ၂၃
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအား တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း နစကမှ အမိန့်အမှတ် ၃၃ / ၂၀၂၄ ဖြင့် ယမန်နေ့ (ဧပြီလ ၂၂ ရက်) တွင် ထုတ်ပြန်ထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူအား ကျန်းမာရေးအရ တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။ ဦးဟင်နရီဗန်ထီးယူသည် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပြီးတွင် ဒုတိယသမ္မတအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ခန့်အပ်ထားသူ ဖြစ်သည်။
ထို့ပြင် တပ်မတော်က နိုင်ငံတော်အာဏာရယူပြီးနောက်တွင်လည်း ဒုတိယသမ္မတအဖြစ် ဆက်လက် တာဝန်ယူဆောင်ရွက်နေခဲ့ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ရက်နေ့တွင် ကျင်းပသော ကာလုံအစည်းအဝေးသို့ တတ်ရောက်ခဲ့သူလည်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကြမ်းဖက်မှုများကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ကျောင်းများကို လာမည့်ပညာသင်နှစ်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ရန် တပ်ချုပ်တိုက်တွန်း
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ