Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဘဝကို ခက်ခဲစွာရုန်းကန်ခဲ့ရပြီးနောက် ကမ္ဘာ့ဩဇာလွှမ်းမိုးမှုအရှိဆုံးခေါင်းဆောင်ဖြစ်လာသူ (သို့မဟုတ်) တရုတ်သမ္မတ ရှီကျင့်ဖျင်

ဂျန်ဇက် (NSS) - ဧပြီ ၁၈

အသက် ၇၀ အရွယ်ရှိ တရုတ်သမ္မတ ရှီကျင့်ဖျင့် ဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ခေါင်းဆောင်တွေထဲမှာ ၂၀၂၄ ခုနှစ်အတွက် ဩဇာလွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်အဖြစ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို ကျော်ဖြတ်ပြီး ထိပ်ဆုံးအဆင့် (၁)နေရာမှာ ရပ်တည်နေခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ရှီကျင့်ဖျင် သမ္မတဖြစ်လာခဲ့ပြီး နောက်ပိုင်း တရုတ်နိုင်ငံရဲ့စီးပွားရေး၊ နိုင်ငံရေးနဲ့ စစ်ရေးတို့ဟာ အလှုပ်အခတ်များစွာဖြစ်လာခဲ့ပြီး ကမ္ဘာ့နိုင်ငံတွေရဲ့အာရုံစိုက်ခြင်းခံခဲ့ရပါတယ်။ ရှီကျင့်ဖျင့် တရုတ်သမ္မတအဖြစ် တာဝန်ယူ နေတဲ့ကာလအတွင်းမှာ တစ်ကမ္ဘာလုံးအပေါ်ရိုက်ခတ်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအပြင် ပိုးလမ်းမရပ်ဝန်းစီမံကိန်း တွေဟာလည်း ကမ္ဘာ့နိုင်ငံတွေကြား စောင့်ကြည့်စရာအဖြစ် ပါဝင်ခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ လူပေါင်းသန်းချီ သေဆုံးစေခဲ့ပြီး ကမ္ဘာ့စီးပွားရေးကိုထိခိုက်မှုများစွာဖြစ်စေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့ပြီး ဝေဖန်ပြစ်တင်မှုမျိုးစုံနဲ့ အခက်အခဲများစွာရင်ဆိုင်ခဲ့ရပေမယ့် ရှီကျင့်ဖျင်ကတော့ အဲဒီ ပြဿနာတွေကို အကောင်းဆုံးပုံစံမျိုးနဲ့ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပြီး လက်ရှိအချိန်အထိ သမ္မတအဖြစ် ဆက်လက်တာဝန်ယူ နိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်ပြီး အဲဒီလိုများပြားလှတဲ့ လူပေါင်းများစွာကို စီးပွားရေးအဆင်ပြေစေဖို့နဲ့ ထမင်းဝအောင် ကျွေးနိုင်ရေးကို တရုတ်ခေါင်းဆောင်အဆက်ဆက် ကြိုးပမ်းခဲ့ကြပြီး ရှီကျင့်ဖျင်လက်ထက်မှာ နိုင်ငံစီးပွားရေးက အရင်ထက် တိုးတက်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ 

ရှီကျင့်ဖျင်ဟာ တရုတ်နိုင်ငံရဲ့ ခြောက်ဦးမြောက် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အောက်သက်ကြေတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ကာ လိမ္မာပါးနပ်သူတစ်ဦးလို့ ဆိုကြပါတယ်။ ရှီကျင့်ဖျင်ဟာ ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ခေါင်းဆောင်တစ်ဦး မဖြစ်ခင် ဘဝမှာ အခက်ခဲများစွာနဲ့ရုန်းကန်ခဲ့ရပြီး စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ ရတယ်လို့ ဆိုပါတယ်။ သူဟာ တရုတ်သမ္မတဖြစ်လာဖို့ ကျေးလက်ကနေ မြို့နယ်၊ ခရိုင်၊ ပြည်နယ်အစရှိတဲ့ တစ်ဆင့်ပြီးတစ်ဆင့် ဒုသမ္မတ၊ သမ္မတရာထူးအထိ ကြိုးစားတက်လှမ်းလာသူ ဖြစ်ပါတယ်။

ရှီကျင့်ဖျင်ဟာ ငယ်စဉ်ဘဝကတည်းက သူ့ဖခင် ရဲ့ဇာတိ ရှန်းရှီးပြည်နယ် ကျေးလက်ဒေသမှာ သွားရောက်နေထိုင်ရပြီး ကွန်မြူနစ်ပါတီရဲ့ တာဝန်တွေကို လုပ်ကိုင်ခဲ့ရသလို  ပြည်သူကို အလုပ်အကျွေးပြုရင်း တစ်ဖက်ကနေ ပညာကိုလည်း ရှာဖွေ ကြိုးပမ်းခဲ့ရသူ ဖြစ်ပါတယ်။

ရှီကျင့်ဖျင်ဟာ ချင်းဟွာတက္ကသိုလ်ကနေ ဥပဒေဘာသာရပ်နဲ့ ဒေါက်တာဘွဲ့ကိုလည်းရရှိခဲ့ပြီး ဓာတုအင်ဂျင်နီယာ ဘာသာရပ်ကိုလည်း လေ့လာသင်ယူခဲ့ပါတယ်။ သူဟာ ၁၉၅၃ ခုနှစ် ဇွန်လ ၁၅ ရက်က ဘေဂျင်းမြို့မှာမွေးဖွားခဲ့ပြီး ၁၄ နှစ်သားကတည်းက တရုတ်ကွန်မြူနစ်ဝါဒီတစ်ဦးဖြစ်လာခဲ့ကာ ၁၉၇၄ ခုနှစ်မှာ ကွန်မြူနစ်ပါတီဝင်လုံးလုံး ဖြစ်သွားတယ်လို့ သမိုင်းမှတ်တမ်းတွေက ဖော်ပြထားပါတယ်။ ရှီကျင့်ဖျင်ရဲ့ ဖခင်ဖြစ်သူဟာလည်း ကွန်မြူနစ်တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ရှီကျုံးရွှင်နဲ့ မိခင် ချီရှင်းဟာ ဥက္ကဋ္ဌကြီး မော်စီတုန်းရဲ့ သွေးသောက်ရဲဘော်တွေ ဖြစ်ပါတယ်။

ရှီကျင့်ဖျင့်ရဲ့ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ် ရှီကျုံးရွှင်ဟာ ကွန်မြူနစ်ပါတီရဲ့ ဝါဒဖြန့်ချိရေးဝန်ကြီးနဲ့ ဒုသမ္မတ တာဝန်တွေအထိ ထမ်းဆောင်ခဲ့သလို ကူမင်တန်နဲ့ ဖက်ဆစ်ဂျပန်ကို တွန်းလှန်တိုက်ခိုက်ခဲ့သူတစ်ဦး လည်းဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ရှီကျင့်ဖျင် ငယ်စဉ်က ကျောင်းကောင်းတွေကို တက်ရောက် ပညာသင်ကြားခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့လည်း  တရုတ်နိုင်ငံမှာ ယဉ်ကျေးမှုတော်လှန်ရေးဖြစ်ပွား လာချိန်အတွင်း ဖခင်ဖြစ်သူဟာ တော်လှန်ရေးရဲ့ ရန်သူအဖြစ် သတ်မှတ်ခံရပြီး ပြစ်ဒဏ်ပေးခံခဲ့ရပါတယ်။

ဖခင်ဖြစ်သူပြစ်ဒဏ်ပေးခံရပြီးနောက် ရှီကျင့်ဖျင်ရဲ့ဘဝဟာလည်း အိမ်နိမ့်စံဘဝရောက်ခဲ့ရပြီး လောကဓံကို ခါးသီးစွာရင်ဆိုင်ရင်း ဘဝကိုခက်ခက်ခဲခဲဖြတ်ကျော်ခဲ့ရတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ရှီကျင့်ဖျင်ဟာ အခက်ခဲတွေကို ရင်ဆိုင်ကျော်ဖြတ် နိုင်စွမ်းရှိတဲ့ သံမဏိစိတ်ဓာတ်ရှိသူလို့လည်း ဆိုပါတယ်။ ရှီကျင့်ဖျင်ဟာ ၁၉၇၅ ခုနှစ်ကနေ ၁၉၇၉ ခုနှစ်အထိ ဆင်ဟွာတက္ကသိုလ် ဓာတုအင်ဂျင်နီယာ ဌာနမှာ အခြေခံဇီဝဓာတ်ဖွဲ့စည်းမှု ဖြစ်စဉ်ဆိုင်ရာ ဘာသာရပ်ကျောင်းသားအဖြစ် လေ့လာခဲ့ပြီး ၁၉၇၉ ခုနှစ်ကနေ ၁၉၈၂ ခုနှစ်အထိ နိုင်ငံတော်ကောင်စီနဲ့ ဗဟိုစစ်ကော်မရှင်ဌာနချုပ်များတွင် အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ရှီကျင့်ဖျင်ဟာ ၁၉၈၂ ခုနှစ်ကနေ ၁၉၈၅ ခုနှစ်အထိ ကွန်မြူနစ်ပါတီ ဟယ်ပေပြည်နယ် ကျန့်တိန့် မြို့နယ်ရဲ့ ကွန်မြူနစ်ပါတီကော်မတီ ဒုတိယအတွင်းရေးမှူးနဲ့ အတွင်းရေးမှူးတာဝန်တွေကို ရယူခဲ့သလို ၁၉၈၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဖူကျန့်ပြည်နယ် ရှမန်မြို့ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်နဲ့ ဒုတိယမြို့တော်ဝန်အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ ဒါ့ပြင် ရှီကျင့်ဖျင်ဟာ ၁၉၈၈ ခုနှစ်ကနေ ၁၉၉၀ ပြည့်နှစ်အထိ ကွန်မြူနစ်ပါတီ ဖူကျန့်ပြည်နယ် နင်းသယ် ခရိုင်ကော်မတီ အတွင်းရေးမှူးအဖြစ် ထမ်းဆောင်ခဲ့ပြီးနောက် ပါတီနဲ့ပတ်သက်တဲ့ အဆင်မြင့်ရာထူးတွေကို တစ်ခုပြီးတစ်ခု ရယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ရှီကျင့်ဖျင်ဟာ ၂၀၁၃ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ သမ္မတအဖြစ်ရွေးချယ်ခန့်အပ်ခံရပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲကာ လက်ရှိအချိန်အထိ သမ္မတအဖြစ် တာဝန်ယူနေခဲ့သူဖြစ်ပါတယ်။ ရှီကျင့်ဖျင်ဟာ တရုတ်နိုင်ငံရဲ့ ခြောက်ဦးမြောက် သမ္မတဖြစ်လာခဲ့ပြီးနောက်ပိုင်း “ပြုပြင်ပြောင်းလဲရေး နဲ့ တိုင်းပြည်တံခါးဖွင့်ခြင်းတို့ကို ဆက်လက် အလေး ထားလုပ်ဆောင်မယ်” လို့ ကြွေးကြော်ခဲ့သလို အကျင့်ပျက်လာဘ်စားမှုတွေကို အဓိကဦးစားပေး တိုက်ဖျက်ခဲ့ပါတယ်။ ရှီကျင့်ဖျင့် သမ္မတအဖြစ်တာဝန် ယူချိန်အတွင်းမှာ စီးပွားရေးတိုးတက်မှုအပြင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးတွေကိုလည်း အလေးထားလုပ်ဆောင်ခဲ့ပြီး အကျင့်ပျက် ခြစားမှု တွေကို သေဒဏ်အထိ အပြစ်ပေးတဲ့အထိ လုပ်ဆောင်ခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံအများစုမှာ ဒီမိုကရေစီစနစ်ကို တောင်းဆိုတာတွေ၊ ကျင့်သုံးတာတွေ လုပ်ဆောင်နေပေမယ့် ရှီကျင့်ဖျင်ကတော့ဒဒ ဆိုရှယ်လစ်စနစ် ဝါဒနဲ့ တရုတ်နိုင်ငံကို အံဝင်ခွင်ကျတိုးတက်စေခဲ့တယ်။ တစ်ပါတီစနစ်ကသာ အလုပ်ဖြစ်တယ်။ အောင်မြင်တယ်။ နိုင်ငံတော်သစ်ကို ထူထောင်နိုင်ခဲ့တယ်လို့ သူပြောခဲ့ဖူးတယ်။ ရှီကျင့်ဖျင်ကိုယ်တိုင် ရေးသားတဲ့စာအုပ်ထဲမှာလည်း “ ကျွန်တော်တို့ လက်ခံကျင့်သုံးရမှာက နှစ်ဖက်မြင် သဘောတရား ဖြစ်တယ်။ ပြဿနာတစ်ခုကို နှစ်ဖက်ခွဲကြည့်တာ၊ ပြည်တွင်းပြည်ပ အခြေအနေတွေထဲက အကျိုးရှိမယ့် မျက်နှာစာကို ကြည့်မြင်သလို အကျိုးမဲ့တဲ့ဘက်ကို လည်း ကြည့်မြင်တတ်ရမယ်။ အဆိုးဆုံးကို စဉ်းစား၊ အကောင်းဆုံးအတွက် အပြည့်အဝပြင်ဆင်ပြီး ပိုကောင်းတဲ့ရလဒ်ကို ကြိုးပမ်းဆွတ်ခူးရမှာ ဖြစ်တယ် ” လို့ ရေးသားဖော်ပြခဲ့ဖူးကြောင်း သိရပါတယ်။ ရှီကျင့်ဖျင်လက်ထက်မှာ နိုင်ငံ့စီးပွားရေး တိုးတက် လာပေမယ့် အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေနဲ့ ဆက်ဆံရေး အဖုအထစ်တွေဖြစ်လာခဲ့ပြီး ရုရှားနိုင်ငံနဲ့ ပိုမိုနီးကပ်ခဲ့ပါတယ်။

ရှီကျင့်ဖျင်လက်ထက်မှာ တရုတ်နိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့ ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားခဲ့သလို နှစ်ပေါင်းများစွာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဖြစ်ပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင် နယ်မြေပိုင်ဆိုင်ရေး အငြင်းပွားမှုပြဿနာ၊ ရေပြင်၊ ဝေဟင် အချုပ်အခြာ အာဏာပိုင်ဆိုင်မှုဆိုင်ရာ ပြဿနာတွေကိုလည်း ရင်ဆိုင်ဖြေရှင်းနေရဆဲဖြစ်ပါတယ်။

အထူးသဖြင့် ထိုင်ဝမ်နဲ့ပြန်လည်ပေါင်းစည်းရေးအတွက် တရုတ်နဲ့ ထိုင်ဝမ်ကြား အငြင်းပွားမှုတွေလည်း ပိုဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ရှီကျင့်ဖျင်က  ထိုင်ဝမ်ဟာ တရုတ်နိုင်ငံပိုင်နက်ဖြစ်ပြီး အနာဂတ်မှာ တရုတ်နိုင်ငံနဲ့ ပြန်လည်ပေါင်းစည်းမယ်လို့ပြောဆို ထားတာက ရှီကျင့်ဖျင်အနေနဲ့ ထိုင်ဝမ်နဲ့ပြန်လည်ပေါင်းစည်းဖို့ ဘယ်လိုလုပ်ဆောင်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေတယ်။ အသက် ၇၀ အရွယ်ရှိနေတဲ့ ရှီကျင့်ဖျင်ဟာ တရုတ်သမ္မတတာဝန်အပြင် လက်ရှိမှာ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ၊ တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် တာဝန်တွေကိုလည်း ထမ်းဆောင်နေပါတယ်။ ရှီကျင့်ဖျင်လက်ထဲမှာ တရုတ်နိုင်ငံဟာ တခြားနိုင်ငံတွေ ဘာဖြစ်ဖြစ် မိမိနိုင်ငံအကျိုးစီးပွားတစ်ခုတည်းကို ဦးစားပေးလွန်းတဲ့အတွက် ဝေဖန်ပြစ်တင်မှုမျိုးစုံရင်ဆိုင်ခဲ့ရပြီး တောင်တရုတ်ပင်လယ် အတွင်းမှာလည်း နိုင်ငံငယ်တွေကို အနိုင်ကျင့်နေတယ်လို့  စွပ်စွဲဝေဖန် သံတွေ ကျယ်လောင်စွာထွက်ပေါ်နေပါတယ်။ ရှီကျင့် ဖျင်ဟာ သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း ထိုင်ဝမ် အရေးနဲ့ တောင်တရုတ်ပင်လယ်အရေး ပိုင်နက် နယ်မြေအငြင်းပွားမှုတွေကို ၎င်းတို့ပြောဆိုထားတဲ့ ပုံစံမျိုး အတိုင်းရရှိအောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြိတ်-မောတောင်-ဆင်ခွန် ကုန်သွယ်ရေးစခန်းကို ပတ်ကားဂိတ်ဖြစ်အောင်လုပ်နိုင်ရင် နစကရဲ့ စီးပွားရေး GDP တက်မယ်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved