ဒေါ်လာ(၄၉၀)အထိ တန်ကြေးရှိတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး အီကွေဒေါချောကလက်
Pika (NSS) - ဧပြီ ၁၈
အီကွေဒေါနိုင်ငံ Piedra de Plata ချိုင့်ဝှမ်းရှိ စိုက်ပျိုးရေးခြံ(၁၄)ခုမှ ရှားပါးသော Nacional ချောကလက်ပင်ဖြင့်ပြုလုပ်ထားသည့် To’ak ချောကလက်သည် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးချောကလက် တစ်ခုဖြစ်ကြောင်း သိရသည်။
အီကွေဒေါ ချောကလက်အမှတ်တံဆိပ် To’ak သည် ကမ္ဘာ့ဈေးအကြီးဆုံး ချောကလက်အဖြစ် ရည်ညွှန်းခံရလေ့ရှိကြောင်းလည်းသိရသည်။ ထို့ပြင် To’ak ကုမ္ပဏီ၏ သေးငယ်သော ချောကလက်တုံးများသည် (၅၀)ဂရမ်လျှင် အမေရိကန်ဒေါ်လာ (၄၉၀)အထိ တန်ဖိုးရှိကြောင်းလည်း သိရသည်။
To’ak ကုမ္ပဏီ ပူးတွဲတည်ထောင်သူ ဂျယ်ရီတို့တ်က“ ကျွန်တော်တို့ရဲ့ချောကလက်ကို ကမ္ဘာ့ ဈေးအကြီးဆုံး ချောကလက်တစ်ခုလို့ပြောကြပါတယ်။ ဈေးနှုန်းတွေဆိုတာ တကယ်တော့ ဘာမှမဟုတ်ပါဘူး။ ကျွန်တော်တို့ ကြိုးပမ်းလုပ်ဆောင်နေတဲ့ အရာက တန်ဖိုးကြီးတဲ့ ချောကလက်ပြားဆိုတာထက် လုံးဝထူးခြားလှပတဲ့အရာတစ်ခုကို ဖန်တီးနိုင်ဖို့ပါ ” ဟု ပြောဆိုခဲ့သည်။ ထို့ပြင် To’ak ကုမ္ပဏီသည် ၎င်း၏ရွေးချယ်ထားသော ချောကလက်ပင် စိုက်ပျိုးသူများကို အမြင့်ဆုံးနှုန်းထားများ ပေးလေ့ရှိကြောင်းလည်း သိရသည်။
အဆိုပါအချက်ကြောင့် To’ak ချောကလက်၏ဈေးနှုန်းမှာ မြင့်နေရခြင်းမျိုးဖြစ်နိုင်ကြောင်း လည်း ပြောဆိုမှုများလည်းရှိနေသည်။ ဂျယ်ရီတို့တ်က “ချောကလက်ပြားတစ်ခုအတွက် ဘယ်သူကမှ အမေရိကန်ဒေါ်လာ (၆၀)အထက်နဲ့ (၄၉၀)ဒေါ်လာအထိ ပေးချင်ကြမှာမဟုတ်ပါဘူး။ အဲဒါကြောင့်မလို့ To’ak ချောကလက်ကို စူပါ မားကက်တွေမှာတော့ ရှာတွေ့နိုင်မှာမဟုတ်ပါဘူး။ အကယ်၍ ဒီချောကလက်ကို စမ်းစားကြည့်ချင်ခဲ့ တယ်ဆိုရင် တရားဝင် To’ak ဝက်ဘ်ဆိုက်က စမ်းကြည့်ဖို့အကောင်းဆုံးနေရာတစ်ခုပါပဲ “ ဟု ပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်း၌ 'ဝ'ဥ စားသုံးမှု မြင့်တက်ရေးနှင့် ပြည်တွင်းဈေးကွက်ရရှိရေး ဆောင်ရွက်နေ
RELATED POSTS
14 Sep 2024 | ဗဟုသုတ,နိုင်ငံတကာ