ပါကစ္စတန်တွင် ဘုရားဖူးခရီးသည်များတင်ဆောင်လာသည့် ထရပ်ကားတစ်စီးတိမ်းမှောက်ခဲ့ပြီး အနည်းဆုံးလူ(၁၇)ဦးသေဆုံး
Pika (NSS) - ဧပြီ ၁၁
ပါကစ္စတန်နိုင်ငံတောင်ပိုင်းတွင် ဧပြီလ(၁၀)ရက်နေ့က ဘုရားဖူးခရီးသည်များတင်ဆောင်လာသည့် ထရပ်ကားတစ်စီး ချောက်ထဲသို့ ထိုးကျခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၁၇)ဦးသေဆုံးကာ အခြားလူ(၄၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ဧပြီလ(၁၁)ရက်နေ့တွင် ပြောကြားခဲ့သည်။
အဆိုပါတိမ်းမှောက်မှုသည် ဧပြီလ(၁၀)ရက်နေ့ ည(၁၀)နာရီအချိန်တွင် ဘလိုချီစတန်ပြည်နယ် Hub ခရိုင်မှာဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း ခရိုင်လက်ထောက်ကော်မရှင်နာ Munir Ahmed ကပြောကြားခဲ့သည်။ ၎င်းက 'ဘုရားဖူးခရီးသည်တွေတင်ဆောင်လာတဲ့ ထရပ်ကားဟာ ကွေ့တစ်ခုမှာ အရှိန်မထိန်းနိုင်ဖြစ်ပြီးတော့ ချောက်ထဲကို ထိုးကျသွားခဲ့တာပါ။”ဟု ပြောဆိုခဲ့သည်။
Hub ခရိုင် ပင်မဆေးရုံ၏လက်ထောက်ဆေးဘက်ဆိုင်ရာအကြီး အကဲဖြစ်သူ Shaukat Jalbani ကလည်း အနည်းဆုံးလူ(၁၇)ဦးသေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူအများစုကို ဆေးကုသမှုများလုပ်ဆောင်ရန်အတွက် ကရာချီမြို့သို့ ပို့ဆောင်ထားကြောင်း ပြောကြားခဲ့သည်။ ပါကစ္စတန်နိုင်ငံတွင် စည်းကမ်းထိန်းသိမ်းရေးညံ့ဖျင်းမှုများနှင့်အတူ လမ်းများမကောင်းခြင်းကြောင့် လူအသေအပျောက်များသည့် မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်းသိရသည်။၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ဘလိုချီစတန်ပြည်နယ်မှာ ခရီးသည်တင်ဘတ်စ်ကားတစ်စီး ချောက်ထဲသို့ထိုးကျကာ မီးလောင်ကျွမ်းခဲ့ခြင်းကြောင့် လူ(၄၁)ဦးသေဆုံးခဲ့ဖူးကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့အပြင် အခြားမြို့နယ်များတွင် လေပြင်းတိုက်ခတ်မှုနှင့်အတူ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း