Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရွေးကောက်ပွဲ ကျင်းပတော့မည့် ပါရာဂွေးနိုင်ငံသို့ CIA အကြီးအကဲ အလည်အပတ်ရောက်ရှိ

Htay Oung (NP News) - မတ် ၃၁


ပါရာဂွေးနိုင်ငံအတွင်း ရွေးကောက်ပွဲများ မကျင်းပမီ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအားကောင်းလာစေဖို့အတွက် အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) လက်ထောက်ညွှန်ကြားရေးမှူး ဒေးဗစ်ကိုဟင်းနဲ့ တွေ့ဆုံခဲ့ကြောင်း တောင်အမေရိကနိုင်ငံရဲ့ သမ္မတ မာရီယို အက်ဘ်ဒိုက ပြောဆိုတယ်လို့ Reuters က ယမန်နေ့ (မတ်လ ၃ဝ ရက်) မှာရေးသားပါတယ်။


CIA အကြီးအကဲကို ပါရာဂွေး နိုင်ငံအတွင်း လက်ခံတွေ့ဆုံခဲ့ကြောင်း ဗုဒ္ဓဟူးနေ့ သူ့ရဲ့ Twitter စာမျက်နှာမှာ သမ္မတအက်ဘ်ဒိုက ရေးသားထားပေမဲ့ လူသိရှင်ကြား ကြိုတင်သတင်းထုတ်ပြန်ခြင်းမရှိခဲ့တဲ့ တွေ့ဆုံဆွးနွေးမှုဟာ ဘယ်နေ့ဘယ်အချိန်မှာ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားခြင်း မရှိပါဘူး။


ပါရာဂွေးနိုင်ငံရှိ အမေရိကန်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ နှစ်နိုင်ငံအကြား အခိုင် အမာတည်ရှိနေတဲ့ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်အတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ကမ္ဘာကြီးမှာ ဖြစ်ပေါ်နေတဲ့ ခြိမ်းခြောက်မှုများကို တိုက်ဖျက်ရန်အတွက် မဟာဗျူဟာအမြင်များကို အပြန်အလှန် မျှဝေခဲ့ကြတယ်လို့ ရေးသားထားပါတယ်။


ပါရာဂွေးနိုင်ငံသာမက ဒေသတွင်း ပြင်ပနိုင်ငံ အဆင့်မြင့် အရာရှိများနဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန်ထောက်လှမ်းရေးအကြီးအကဲရဲ့ ကြုံတောင့် ကြုံခဲခရီးစဉ်ဟာ လူအများ အာရုံစိုက်စရာ ဖြစ်ခဲ့ရပါတယ်။ ဧပြီလ ၃ဝ ရက်မှာ ကျင်းပတော့မယ့် ပါရာဂွေး ရွေးကောက်ပွဲဟာ ထိုင်ဝမ်တရုတ်ပြည်မကြီးတို့နဲ့ပတ်သက်တဲ့ သံတမန်ဆက်ဆံရေးကို အဆုံးအဖြတ်ပေးဖို့ ရှိနေပါတယ်။


အင်္ဂါနေ့ အမေရိကန်နိုင်ငံကို ခရီးထွက်ခွာသွားခဲ့တဲ့ ပါရာဂွေးသမ္မတဟာ အခြားဆောင်ရွက်မှုများအပါအဝင် ဖလော်ရီဒါပြည်နယ် “တမ်ပါစစ်အခြေစိုက်စခန်း” ကိုလည်း သွားရောက်လည်ပတ်ရန် စီစဉ်ထားပါတယ်။ အလားတူ ပါရာဂွေးနိုင်ငံခြားရေးဝန်ကြီးကလည်း ဝါရှင်တန်ကို သွားရောက်ခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်သိုနီဘလင်ကင်နဲ့ တနင်္လာနေ့မှာ တွေ့ဆုံခဲ့ပါတယ်။


ပါရာဂွေးသမ္မတဟောင်း ဟိုရာစီယို_ကာတီနဲ့ လက်ရှိ ဒုတိယသမ္မတ ဟူဂို_ဗယ်လက်ဇ်ကီးတို့ဟာ အကျင့်ပျက် ခြစားမှုများမှာ ပါဝင်ပတ်သက်နေတယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပိတ်ဆို့အရေးယူမှုများ ချမှတ် ပြီးနောက် သီတင်းပတ်များအတွင်း ယခုလိုတွေ့ဆုံမှုများ အဆက်မပြတ်ဖြစ်ပေါ်လာကြောင်း တွေ့ရှိရပါတယ်။


အာဏာရ “ #အမျိုးသား_ရီပတ်ဘလစ်ကင်_အစည်းအရုံး “ #ကော်လိုရာဒို ပါတီရဲ့ သြဇာကြီး ပါတီဝင်နှစ်ဦး တို့ကတော့ စွပ်စွဲချက်များကို ငြင်းဆိုထားပါတယ်။ ၁၈၈၇ ခုနှစ်မှာ တည် ထောင်ခဲ့တဲ့ လက်ယာရှေးရိုးစွဲပါတီဟာ ပါရာဂွေးနိုင်ငံမှာ ၆၁ နှစ်ကြာ အာဏာရရှိခဲ့ပြီး ၂ဝဝ၈ ခုနှစ်မှာ ပြိုင်ဘက်တို့ကို အရေးနိမ့်ခဲ့ပေမဲ့ ၂ဝ၁၃ ခုနှစ်မှာ အာဏာပြန်လည်ရရှိခဲ့ပါတယ်။ #မာရီယို_အက်ဘ်ဒိုအနေနဲ့ ပြန်လည်ရွေးချယ်ခံဖို့ မရှိပေမဲ့ သူ့ရဲ့ပါတီကတော့ အတိုက်အခံညွန့်ပေါင်းအုပ်စုရဲ့ တစစ ကြီးထွားလာနေတဲ့ စိန်ခေါ်မှုများကို ခုခံကာကွယ်နေရပါတယ်။


တစ်ချိန်တည်းမှာပဲ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်ဟာ သူ့ရဲ့ ဗဟိုအမေရိကနိုင်ငံများအလည် အပတ်ခရီးမှာ ထိရှလွယ် တစ်ထောက်နားခရီးစဉ်အဖြစ် ယမန်နေ့ အမေရိကန်နိုင်ငံကို ရောက်ရှိလာပါတယ်။ တရုတ်ပြည်မကြီးအပေါ် အာရုံပြောင်းလာပြီး ကျွန်းနိုင်ငံအပေါ် သံတမန်ဆက်ဆံမှု တစစ ယုတ်လျော့လာချိန်မှာ ဆိုင်အင်ဝမ်ရဲ့ ဂွာတီမာလာနဲ့ ဘီလစ်ဇ်နိုင်ငံများခရီးစဉ် ပေါ်ပေါက်လာရခြင်း ဖြစ်တယ်လို့ ဆိုကြောင်း ယမန်နေ့ Reuters ရဲ့ အခြားသတင်းတစ်ပုဒ်မှာ တွေ့ရှိရပါတယ်။ တနင်္ဂနွေနေ့ ဟွန်ဒူးရပ်စ်နိုင်ငံဟာ ထိုင်၀မ်နဲ့ သံအဆက်အသွယ်ပြု နေရာမှ ပေကျင်းထံ ပြောင်းလဲခဲ့ပြီးနောက် ကျွန်းနိုင်ငံနဲ့ တရားဝင်ဆက်ဆံတဲ့နိုင်ငံ ၁၃ နိုင်ငံသာ ကျန်ရစ်ခဲ့ပါတယ်။


အမေရိကန်ဥပဒေပြုရေး အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင်_မက္ကာသီ အနေနဲ့ ဆိုင်အင်ဝမ်ကို လက်ခံတွေ့ဆုံမယ်ဆိုလျှင် ပြင်းပြင်းထန်ထန် လက်တုန့်ပြန်ရလိမ့်မယ်လို့ တရုတ်က ခြိမ်း ခြောက်ထားပါတယ်။ ၂ဝ၁၉ ခုနှစ်မှာ အဲဒီတုန်းက ဒီမိုကရက်တစ်များ ကြီးစိုးတဲ့ အောက် လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီဟာ ထိုင်ဝမ်နိုင်ငံကို အလည်အပတ်သွားရောက်ခဲ့ပါတယ်။ အမေရိကန် ထိပ်တန်းအကြီးအကဲတစ်ဦးရဲ့ ခရီးစဉ်နောက်ဆက်တွဲအဖြစ် ပေကျင်းနဲ့ ဝါရှင်တန်အကြား ကြီးမားတဲ့ စစ်ကစားပွဲများဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ယခု ဆိုင်အင်၀မ်ရဲ့ ခရီးစဉ်ကာလမှာလည်း တရုတ်ရဲ့ လှုပ်ရှားမှု မှန်သမျှကို စောင့်ကြည့်နေကြောင်း ထိုင်ဝမ်စစ်ဖက်က ပြောပါတယ်။


ဆိုင်အင်ဝမ်ဟာ စနေနေ့အထိ နယူးယောက်မြို့မှာ ရှိနေမှာဖြစ်ပြီး အဲ့ဒီအတောအတွင်း ထိုင်၀မ်အမေရိကန်များ၊ အမေရိကန်ရောက်ကျွန်းနိုင်ငံသားများ၊ ထိုင်ဝမ်အစိုးရရဲ့ အရေးပါ အလှူရှင်ဖြစ်သူ “ဟတ်ဆန်အင်စတီကျုဒ် ” နဲ့ ကြာသပတေးနေ့တွင် တွေ့ဆုံဖွယ်ရှိကြောင်း သတင်းထွက်ပေါ်ပေမဲ့ လူသိရှင်ကြား ပြောဆိုခြင်းမရှိပါဘူး။ ဗဟိုအမေရိကန်ကနိုင်ငံများမှအပြန် လော့စ်အိန်ဂျယ်လိစ်မြို့မှာ နောက်တစ်ကြိမ် တစ်ထောက်နားဖို့ စီစဉ်ထားပါတယ်။ ကယ်လီဖိုးနီးယား “ရော်နယ်ရီဂင်_စာကြည့်တိုက်" မှာ တွေ့ဆုံပွဲ ကျင်းပဖို့ရှိနေပြီး ကီဗင်မက္ကာ သီပါ၀င်ခြင်း ရှိ-မရှိ တရားဝင် အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။


အမေရိကန်ကတော့ ထိုင်ဝမ်ခေါင်းဆောင်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ပေကျင်းအနေနဲ့ ရန်စမှုအဖြစ် ရှုမြင်ပြီး အကဲမပိုသင့်ကြောင်း မှတ်ချက်ပေးပါတယ်။ တရုတ်သူလျှိုလို့ ယူဆရတဲ့ မိုးပျံဘော်လုံးကို အမေရိကန် တိုက်လေယာဉ်က ပစ်ချခဲ့ပြီးနောက် နိုင်ငံခြားရေး၀န်ကြီး အန်သိုနီဘလင်ကင်ရဲ့ ပေကျင်းခရီးစဉ်မှာလည်း ယခုတိုင် ရွှေ့ဆိုင်းထားကြောင်း သိရှိရပါတယ်။


တရုတ်နဲ့ ဘရာဇီးနိုင်ငံတို့အကြား သက်ဆိုင်ရာနိုင်ငံရဲ့ ကိုယ်ပိုင်ငွေကြေးဖြင့် ရောင်းဝယ် ဖောက်ကားကြရန် သဘောတူညီလိုက်ကြပြီး အမေရိကန်ဒေါ်လာကို ကြားခံအဖြစ် သုံးစွဲနေခြင်းမှ ဖယ်ထုတ်လိုက်ကြောင်း ဘရာဇီးအစိုးရက ဗုဒ္ဓဟူးနေ့မှာ သတင်းထုတ်ပြန်တယ်လို့ Reuters ရဲ့ ယမန်နေ့ အခြားသတင်းတစ်ပုဒ်မှာ တွေ့ရပါတယ်။


သဘောတူညီချက်အရ အမေရိကန်နဲ့ စီးပွားရေးမှာ ထိပ်တန်းပြိုင်ဘက်အဖြစ် ကိုယ်စားပြုသူ တရုတ်နဲ့ လက်တင်အမေရိကမှာ အကြီးဆုံးစီးပွားရေးပိုင်ဆိုင်သူ ဘရာဇီးတို့အကြား ကုန်သွယ်ရာမှာ ဒေါ်လာအစား ယွမ်ငွေကို အသုံးပြုကြမှာဖြစ်ပါတယ်။ အဲဒီ နှစ်နိုင်ငံရဲ့ ယမန်နှစ် ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၁၅ဝ ဒသမ ၅ ဘီလျံဖြင့် စံချိန်တင်ခဲ့ပါတယ်။ BRIC ခေါ် ဘရာဇီး၊ ရုရှား၊ အိန္ဒိယနဲ့ တရုတ်တို့ ပါဝင်တဲ့ စီးပွားရေး အုပ်စုမှာ နောက်ထပ် ၆ နိုင်ငံမှ ၁ဝ နိုင်ငံအထိ ပူးပေါင်းလာဖွယ်ရှိပြီး ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော်ကို ကိုယ်စားပြုနေတဲ့အတွက် အမေရိကန်ဒေါ်လာ ကမ္ဘာသုံးဖြစ်နေခြင်းမှ နိဂုံးချုပ်ဖွယ် အံတုလာကြောင်း သတင်းများမှာ ဖော်ပြပါတယ်။


(Reuters., 30 March 2023,” CIA deputy director meets Paraguay's Abdo in rare visit” နှင့် “ “ “Taiwan president starts sensitive U.S. stopover; China warns against meetings” “China, Brazil strike deal to ditch dollar for trade” တို့ကို ဆီလျော်အောင်ကောက်နှုတ် ဘာသာပြန်ဆိုသည်။)

zawgyi version

ေ႐ြးေကာက္ပြဲ က်င္းပေတာ့မည့္ ပါရာေဂြးႏိုင္ငံသို႔ CIA အႀကီးအကဲ အလည္အပတ္ေရာက္ရွိ

Htay Oung (NP News) - မတ္ ၃၁


ပါရာေဂြးႏိုင္ငံအတြင္း ေ႐ြးေကာက္ပြဲမ်ား မက်င္းပမီ လုံၿခဳံေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈကို ပိုမိုခိုင္မာအားေကာင္းလာေစဖို႔အတြက္ အေမရိကန္ ဗဟိုေထာက္လွမ္းေရးေအဂ်င္စီ (CIA) လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒးဗစ္ကိုဟင္းနဲ႔ ေတြ႕ဆုံခဲ့ေၾကာင္း ေတာင္အေမရိကႏိုင္ငံရဲ႕ သမၼတ မာရီယို အက္ဘ္ဒိုက ေျပာဆိုတယ္လို႔ Reuters က ယမန္ေန႔ (မတ္လ ၃ဝ ရက္) မွာေရးသားပါတယ္။


CIA အႀကီးအကဲကို ပါရာေဂြး ႏိုင္ငံအတြင္း လက္ခံေတြ႕ဆုံခဲ့ေၾကာင္း ဗုဒၶဟူးေန႔ သူ႔ရဲ႕ Twitter စာမ်က္ႏွာမွာ သမၼတအက္ဘ္ဒိုက ေရးသားထားေပမဲ့ လူသိရွင္ၾကား ႀကိဳတင္သတင္းထုတ္ျပန္ျခင္းမရွိခဲ့တဲ့ ေတြ႕ဆုံဆြးေႏြးမႈဟာ ဘယ္ေန႔ဘယ္အခ်ိန္မွာ ျပဳလုပ္ခဲ့တယ္လို႔ ေဖာ္ျပထားျခင္း မရွိပါဘူး။


ပါရာေဂြးႏိုင္ငံရွိ အေမရိကန္သံ႐ုံးရဲ႕ သတင္းထုတ္ျပန္ခ်က္မွာေတာ့ ႏွစ္ႏိုင္ငံအၾကား အခိုင္ အမာတည္ရွိေနတဲ့ ပူးေပါင္းေဆာင္႐ြက္ေရး မူေဘာင္အတြင္း ေတြ႕ဆုံေဆြးေႏြးခဲ့ၾကေၾကာင္း ကမာၻႀကီးမွာ ျဖစ္ေပၚေနတဲ့ ၿခိမ္းေျခာက္မႈမ်ားကို တိုက္ဖ်က္ရန္အတြက္ မဟာဗ်ဴဟာအျမင္မ်ားကို အျပန္အလွန္ မွ်ေဝခဲ့ၾကတယ္လို႔ ေရးသားထားပါတယ္။


ပါရာေဂြးႏိုင္ငံသာမက ေဒသတြင္း ျပင္ပႏိုင္ငံ အဆင့္ျမင့္ အရာရွိမ်ားနဲ႔ ေတြ႕ဆုံခဲ့တဲ့ အေမရိကန္ေထာက္လွမ္းေရးအႀကီးအကဲရဲ႕ ႀကဳံေတာင့္ ႀကဳံခဲခရီးစဥ္ဟာ လူအမ်ား အာ႐ုံစိုက္စရာ ျဖစ္ခဲ့ရပါတယ္။ ဧၿပီလ ၃ဝ ရက္မွာ က်င္းပေတာ့မယ့္ ပါရာေဂြး ေ႐ြးေကာက္ပြဲဟာ ထိုင္ဝမ္တ႐ုတ္ျပည္မႀကီးတို႔နဲ႔ပတ္သက္တဲ့ သံတမန္ဆက္ဆံေရးကို အဆုံးအျဖတ္ေပးဖို႔ ရွိေနပါတယ္။


အဂၤါေန႔ အေမရိကန္ႏိုင္ငံကို ခရီးထြက္ခြာသြားခဲ့တဲ့ ပါရာေဂြးသမၼတဟာ အျခားေဆာင္႐ြက္မႈမ်ားအပါအဝင္ ဖေလာ္ရီဒါျပည္နယ္ “တမ္ပါစစ္အေျခစိုက္စခန္း” ကိုလည္း သြားေရာက္လည္ပတ္ရန္ စီစဥ္ထားပါတယ္။ အလားတူ ပါရာေဂြးႏိုင္ငံျခားေရးဝန္ႀကီးကလည္း ဝါရွင္တန္ကို သြားေရာက္ခဲ့ၿပီး အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး အန္သိုနီဘလင္ကင္နဲ႔ တနလၤာေန႔မွာ ေတြ႕ဆုံခဲ့ပါတယ္။


ပါရာေဂြးသမၼတေဟာင္း ဟိုရာစီယို_ကာတီနဲ႔ လက္ရွိ ဒုတိယသမၼတ ဟူဂို_ဗယ္လက္ဇ္ကီးတို႔ဟာ အက်င့္ပ်က္ ျခစားမႈမ်ားမွာ ပါဝင္ပတ္သက္ေနတယ္လို႔ အေမရိကန္ဘ႑ာေရးဝန္ႀကီးဌာနက ပိတ္ဆို႔အေရးယူမႈမ်ား ခ်မွတ္ ၿပီးေနာက္ သီတင္းပတ္မ်ားအတြင္း ယခုလိုေတြ႕ဆုံမႈမ်ား အဆက္မျပတ္ျဖစ္ေပၚလာေၾကာင္း ေတြ႕ရွိရပါတယ္။


အာဏာရ “ #အမ်ိဳးသား_ရီပတ္ဘလစ္ကင္_အစည္းအ႐ုံး “ #ေကာ္လိုရာဒို ပါတီရဲ႕ ၾသဇာႀကီး ပါတီဝင္ႏွစ္ဦး တို႔ကေတာ့ စြပ္စြဲခ်က္မ်ားကို ျငင္းဆိုထားပါတယ္။ ၁၈၈၇ ခုႏွစ္မွာ တည္ ေထာင္ခဲ့တဲ့ လက္ယာေရွး႐ိုးစြဲပါတီဟာ ပါရာေဂြးႏိုင္ငံမွာ ၆၁ ႏွစ္ၾကာ အာဏာရရွိခဲ့ၿပီး ၂ဝဝ၈ ခုႏွစ္မွာ ၿပိဳင္ဘက္တို႔ကို အေရးနိမ့္ခဲ့ေပမဲ့ ၂ဝ၁၃ ခုႏွစ္မွာ အာဏာျပန္လည္ရရွိခဲ့ပါတယ္။ #မာရီယို_အက္ဘ္ဒိုအေနနဲ႔ ျပန္လည္ေ႐ြးခ်ယ္ခံဖို႔ မရွိေပမဲ့ သူ႔ရဲ႕ပါတီကေတာ့ အတိုက္အခံၫြန္႔ေပါင္းအုပ္စုရဲ႕ တစစ ႀကီးထြားလာေနတဲ့ စိန္ေခၚမႈမ်ားကို ခုခံကာကြယ္ေနရပါတယ္။


တစ္ခ်ိန္တည္းမွာပဲ ထိုင္ဝမ္သမၼတ ဆိုင္အင္ဝမ္ဟာ သူ႔ရဲ႕ ဗဟိုအေမရိကႏိုင္ငံမ်ားအလည္ အပတ္ခရီးမွာ ထိရွလြယ္ တစ္ေထာက္နားခရီးစဥ္အျဖစ္ ယမန္ေန႔ အေမရိကန္ႏိုင္ငံကို ေရာက္ရွိလာပါတယ္။ တ႐ုတ္ျပည္မႀကီးအေပၚ အာ႐ုံေျပာင္းလာၿပီး ကြၽန္းႏိုင္ငံအေပၚ သံတမန္ဆက္ဆံမႈ တစစ ယုတ္ေလ်ာ့လာခ်ိန္မွာ ဆိုင္အင္ဝမ္ရဲ႕ ဂြာတီမာလာနဲ႔ ဘီလစ္ဇ္ႏိုင္ငံမ်ားခရီးစဥ္ ေပၚေပါက္လာရျခင္း ျဖစ္တယ္လို႔ ဆိုေၾကာင္း ယမန္ေန႔ Reuters ရဲ႕ အျခားသတင္းတစ္ပုဒ္မွာ ေတြ႕ရွိရပါတယ္။ တနဂၤေႏြေန႔ ဟြန္ဒူးရပ္စ္ႏိုင္ငံဟာ ထိုင္၀မ္နဲ႔ သံအဆက္အသြယ္ျပဳ ေနရာမွ ေပက်င္းထံ ေျပာင္းလဲခဲ့ၿပီးေနာက္ ကြၽန္းႏိုင္ငံနဲ႔ တရားဝင္ဆက္ဆံတဲ့ႏိုင္ငံ ၁၃ ႏိုင္ငံသာ က်န္ရစ္ခဲ့ပါတယ္။


အေမရိကန္ဥပေဒျပဳေရး ေအာက္လႊတ္ေတာ္ဥကၠ႒ ကီဗင္_မကၠာသီ အေနနဲ႔ ဆိုင္အင္ဝမ္ကို လက္ခံေတြ႕ဆုံမယ္ဆိုလွ်င္ ျပင္းျပင္းထန္ထန္ လက္တုန္႔ျပန္ရလိမ့္မယ္လို႔ တ႐ုတ္က ၿခိမ္း ေျခာက္ထားပါတယ္။ ၂ဝ၁၉ ခုႏွစ္မွာ အဲဒီတုန္းက ဒီမိုကရက္တစ္မ်ား ႀကီးစိုးတဲ့ ေအာက္ လႊတ္ေတာ္ဥကၠ႒ နန္စီပယ္လိုစီဟာ ထိုင္ဝမ္ႏိုင္ငံကို အလည္အပတ္သြားေရာက္ခဲ့ပါတယ္။ အေမရိကန္ ထိပ္တန္းအႀကီးအကဲတစ္ဦးရဲ႕ ခရီးစဥ္ေနာက္ဆက္တြဲအျဖစ္ ေပက်င္းနဲ႔ ဝါရွင္တန္အၾကား ႀကီးမားတဲ့ စစ္ကစားပြဲမ်ားျဖစ္ေပၚခဲ့ဖူးပါတယ္။ ယခု ဆိုင္အင္၀မ္ရဲ႕ ခရီးစဥ္ကာလမွာလည္း တ႐ုတ္ရဲ႕ လႈပ္ရွားမႈ မွန္သမွ်ကို ေစာင့္ၾကည့္ေနေၾကာင္း ထိုင္ဝမ္စစ္ဖက္က ေျပာပါတယ္။


ဆိုင္အင္ဝမ္ဟာ စေနေန႔အထိ နယူးေယာက္ၿမိဳ႕မွာ ရွိေနမွာျဖစ္ၿပီး အဲ့ဒီအေတာအတြင္း ထိုင္၀မ္အေမရိကန္မ်ား၊ အေမရိကန္ေရာက္ကြၽန္းႏိုင္ငံသားမ်ား၊ ထိုင္ဝမ္အစိုးရရဲ႕ အေရးပါ အလႉရွင္ျဖစ္သူ “ဟတ္ဆန္အင္စတီက်ဳဒ္ ” နဲ႔ ၾကာသပေတးေန႔တြင္ ေတြ႕ဆုံဖြယ္ရွိေၾကာင္း သတင္းထြက္ေပၚေပမဲ့ လူသိရွင္ၾကား ေျပာဆိုျခင္းမရွိပါဘူး။ ဗဟိုအေမရိကန္ကႏိုင္ငံမ်ားမွအျပန္ ေလာ့စ္အိန္ဂ်ယ္လိစ္ၿမိဳ႕မွာ ေနာက္တစ္ႀကိမ္ တစ္ေထာက္နားဖို႔ စီစဥ္ထားပါတယ္။ ကယ္လီဖိုးနီးယား “ေရာ္နယ္ရီဂင္_စာၾကည့္တိုက္" မွာ ေတြ႕ဆုံပြဲ က်င္းပဖို႔ရွိေနၿပီး ကီဗင္မကၠာ သီပါ၀င္ျခင္း ရွိ-မရွိ တရားဝင္ အတည္ျပဳႏိုင္ျခင္း မရွိေသးပါဘူး။


အေမရိကန္ကေတာ့ ထိုင္ဝမ္ေခါင္းေဆာင္ရဲ႕ ခရီးစဥ္နဲ႔ ပတ္သက္ၿပီး ေပက်င္းအေနနဲ႔ ရန္စမႈအျဖစ္ ရႈျမင္ၿပီး အကဲမပိုသင့္ေၾကာင္း မွတ္ခ်က္ေပးပါတယ္။ တ႐ုတ္သူလွ်ိဳလို႔ ယူဆရတဲ့ မိုးပ်ံေဘာ္လုံးကို အေမရိကန္ တိုက္ေလယာဥ္က ပစ္ခ်ခဲ့ၿပီးေနာက္ ႏိုင္ငံျခားေရး၀န္ႀကီး အန္သိုနီဘလင္ကင္ရဲ႕ ေပက်င္းခရီးစဥ္မွာလည္း ယခုတိုင္ ေ႐ႊ႕ဆိုင္းထားေၾကာင္း သိရွိရပါတယ္။


တ႐ုတ္နဲ႔ ဘရာဇီးႏိုင္ငံတို႔အၾကား သက္ဆိုင္ရာႏိုင္ငံရဲ႕ ကိုယ္ပိုင္ေငြေၾကးျဖင့္ ေရာင္းဝယ္ ေဖာက္ကားၾကရန္ သေဘာတူညီလိုက္ၾကၿပီး အေမရိကန္ေဒၚလာကို ၾကားခံအျဖစ္ သုံးစြဲေနျခင္းမွ ဖယ္ထုတ္လိုက္ေၾကာင္း ဘရာဇီးအစိုးရက ဗုဒၶဟူးေန႔မွာ သတင္းထုတ္ျပန္တယ္လို႔ Reuters ရဲ႕ ယမန္ေန႔ အျခားသတင္းတစ္ပုဒ္မွာ ေတြ႕ရပါတယ္။


သေဘာတူညီခ်က္အရ အေမရိကန္နဲ႔ စီးပြားေရးမွာ ထိပ္တန္းၿပိဳင္ဘက္အျဖစ္ ကိုယ္စားျပဳသူ တ႐ုတ္နဲ႔ လက္တင္အေမရိကမွာ အႀကီးဆုံးစီးပြားေရးပိုင္ဆိုင္သူ ဘရာဇီးတို႔အၾကား ကုန္သြယ္ရာမွာ ေဒၚလာအစား ယြမ္ေငြကို အသုံးျပဳၾကမွာျဖစ္ပါတယ္။ အဲဒီ ႏွစ္ႏိုင္ငံရဲ႕ ယမန္ႏွစ္ ကုန္သြယ္မႈဟာ အေမရိကန္ေဒၚလာ ၁၅ဝ ဒသမ ၅ ဘီလ်ံျဖင့္ စံခ်ိန္တင္ခဲ့ပါတယ္။ BRIC ေခၚ ဘရာဇီး၊ ႐ုရွား၊ အိႏၵိယနဲ႔ တ႐ုတ္တို႔ ပါဝင္တဲ့ စီးပြားေရး အုပ္စုမွာ ေနာက္ထပ္ ၆ ႏိုင္ငံမွ ၁ဝ ႏိုင္ငံအထိ ပူးေပါင္းလာဖြယ္ရွိၿပီး ကမာၻ႔လူဦးေရရဲ႕ ထက္ဝက္ေက်ာ္ကို ကိုယ္စားျပဳေနတဲ့အတြက္ အေမရိကန္ေဒၚလာ ကမာၻသုံးျဖစ္ေနျခင္းမွ နိဂုံးခ်ဳပ္ဖြယ္ အံတုလာေၾကာင္း သတင္းမ်ားမွာ ေဖာ္ျပပါတယ္။


(Reuters., 30 March 2023,” CIA deputy director meets Paraguay's Abdo in rare visit” ႏွင့္ “ “ “Taiwan president starts sensitive U.S. stopover; China warns against meetings” “China, Brazil strike deal to ditch dollar for trade” တို႔ကို ဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ ဘာသာျပန္ဆိုသည္။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဗဟိုဘဏ်အနေဖြင့် အမေရိကန်ဒေါ်လာလဲလှယ်နှုန်း ပြောင်းလဲရန်မရှိကြောင်း နစကပြောခွင့်ရဆို

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved