လိပ်ပြာပုံ (၂၀၀)ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးကို မတ်လ (၂၇)ရက်မှစတင်၍ ရောင်းချပေးသွားမည်
Pearl (NSS) - မတ် ၂၅
လိပ်ပြာပုံ(၂၀၀)ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးကို မတ်လ (၂၇)ရက်မှ စတင်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း နစက၏အချက်အလက်များအရ သိရသည်။
အဆိုပါ "Common Bluebottle” လိပ်ပြာပုံ (၂၀၀) ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ် တစ်မျိုးအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ၌တွေ့ရှိရသော လိပ်ပြာမျိုးစိတ်အဖြစ် မှတ်တမ်းတင်သဘောထားမှတ်ချက်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတံဆိပ်ခေါင်းသစ်ကို လာမည့် မတ်လ(၂၇)ရက်၊ နံနက် ၉ နာရီခွဲမှစတင်၍ နေပြည် တော်ဗဟို စာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အထူးအစီအစဉ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် မတ် ၂၇ ရက်တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ် တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံရှိ ပြဇာတ်ရုံတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး အမျိုးသားလေးဦးကို အကြမ်းဖက်မှုဖြင့် တရားစွဲ
RELATED POSTS
14 Sep 2024 | ဗဟုသုတ,နိုင်ငံတကာ