Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အလှူငွေဒေါ်လာ (၉) သန်းကိစ္စ စာရင်းမရှင်းနိုင်မှုသတင်းကို CRPH ဒေါ်ဖြူဖြူသင်းတို့ ဖုံးကွယ်ရန် ကြိုးစားနေပြီး မဲဆောက်ရောက် အမတ် (၃၀) ကျော်ကလည်း လက်မှတ်ထိုးမပေးဟု သိရ

 Iris (NSS) - မတ် ၂၄ 

ပြည်သူ့ဂုဏ်ရည်အဖွဲ့က လှူဒါန်းခဲ့သော ဒေါ်လာ(၉)သန်းကိစ္စကို မဲဆောက်ရောက် CRPH  အဖွဲ့ဝင် (၃၀) ကျော်က လက်မှတ်မထိုးဘဲ ငြင်းပယ်ထားကြပြီး စာရင်းမရှင်းလင်းနိုင်မှုအပေါ် CRPH ဘက်က ဖုံးကွယ်လိမ်လည်ရန် ကြိုးစားနေကြကြောင်း သတင်းရရှိသည်။ 

၂၀၂၁ နိုင်ငံရေးပြဿနာမှတစ်ဆင့် ပေါ်ပေါက်လာခဲ့သော CRPH  အတွက် လုပ်ငန်းဆောင်တာများ လှုပ်ရှား လုပ်ကိုင်နိုင်စေရန်ရည်ရွယ်ပြီး ပြည်သူ့ဂုဏ်ရည်အဖွဲ့က ထောက်ပံ့လှူဒါန်းငွေများကို သုံးနှစ်အတွင်း ဆက်တိုက် ပေးခဲ့ကြခြင်းဖြစ်သော်လည်း ငွေကြေးသုံးစွဲမှု စာရင်းရှင်းလင်းရမည့်ကိစ္စတွင် တာဝန်ရှိသူများက ရှောင်ဖယ်၍ ဖုံးကွယ်လိမ်လည်ကြိုးစားနေခြင်းမျိုးဖြစ်ကြောင်း NP News က စုံစမ်းသိရှိရခြင်းလည်း ဖြစ်သည်။ 

“CRPH က တစ်ခါမှ စာရင်းရှင်းလင်းပေးတာမျိုး မရှိဘူး။ ပြည်တွင်းမှာကျန်နေခဲ့တဲ့ လွှတ်တော်အမတ် (ဟောင်း) တွေကလည်း တစ်ခါမှ ငွေရတာမရှိဘူး။ ပြီးခဲ့တဲ့နှစ်ပတ်လောက်ကပဲ မဲဆောက်ရောက် အမတ်(၃၅)ဦးလောက်က သူတို့မရခဲ့ကြောင်း တိုင်ကြားတယ်။ စာရင်းရှင်းတမ်းမှာလည်း လက်မှတ်ထိုးမပေးဘူးလို့ ပြောတယ်။ ဒေါ်လာ (၉)သန်းမှာ ဒေါ်လာ (၅)သိန်းခွဲဖိုးလောက်ပဲ စာရင်းရှင်းတမ်း လုပ်ထားနိုင်တယ်။ အဲဒီစာရင်းကို လက်မှတ်ထိုးခိုင်း တာ။ ဒေါ်လာ(၈)သန်းခွဲဖိုးလောက် ဘယ်လိုသုံးထားလဲဆိုတာ စာရင်းမရှင်းပေးနိုင်ဘူးလေ။ အဲဒါကိုရလည်း မရတဲ့ အတွက် လက်မှတ်ထိုးမပေးနိုင်ဘူးလို့ အမတ်တွေက ငြင်းထားတာ” ဟု မဲဆောက်ရောက် NLD အမတ်ဟောင်း တစ်ဦးက NP News ကို အတည်ပြုသည်။ 


ပြည်သူ့ဂုဏ်ရည်အဖွဲ့ဘက်က ထောက်ပံ့လှူဒါန်းငွေပေးအပ်ခဲ့ခြင်းမှာ တစ်ကြိမ်တည်းမဟုတ်ဘဲ အကြိမ်ကြိမ်ခွဲ၍ စာရင်းနှင့်တကွ ပေးခဲ့ခြင်းမျိုးဖြစ်သော်လည်း လက်ခံရယူသုံးစွဲသည့် NLD အမတ်ဟောင်း ဒေါ်ဖြူဖြူသင်း အပါအဝင် MOD ဘက်မှတာဝန်ရှိသူတို့က စာရင်းဇယားနှင့်တကွ သုံးစွဲငွေကို ရှင်းတမ်းတင်ပေးရမည့် တာဝန်ရှိနေ သည့်တိုင် ပျက်ကွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အထူးသဖြင့် လူထုကိုယ်စားပြု လှူဒါန်းပေးထားသော ငွေကြေးများကို မည်သည့်နေရာတွင် မည်ကဲ့သို့ သုံးစွဲလိုက် သည်ဆိုသော ပွင့်လင်းမြင်သာသည့်စာရင်းဇယားများရှိနေရန် လိုအပ်သကဲ့သို့ အများပြည်သူထံ အသိပေးကြေညာ သင့်သောကိစ္စလည်းဖြစ်သည်။ ယင်းမှသာ ပြည်သူလူထုအပေါ် လေးစားတန်ဖိုးထားခြင်း၊ လှူဒါန်းငွေများကို ကိုယ်ကျိုးစီးပွားအတွက်မဟုတ်ဘဲ အများပြည်သူအတွက် သုံးထားခြင်း အစရှိသည့် စာရင်းဇယားများ ပြသနိုင်မှ သာ အဆင့်အတန်းရှိသော လူထုကိုယ်စားလှယ်များ ဖြစ်ကြောင်း ပြသရာရောက်မည်လည်း ဖြစ်သည်။ 

“ဖြူဖြူသင်းနဲ့ MOD တို့ ပြည်ထဲရေးတို့က တချို့ကတော့ တာဝန်ယူတဲ့အနေနဲ့ နုတ်ထွက်မယ်လို့ ပြောတယ်။ သတင်းကိုတော့ မပျံ့စေချင်ဘူးဆိုပြီး အုပ်စုလိုက်ဝိုင်းပြီး ဖုံးဖိဖို့ ကြိုးစားနေတယ်” ဟု မဲဆောက်အခြေစိုက် NLD- CRPH အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

မြန်မာကျပ်ငွေ သိန်းပေါင်း(၃၂၀ဝဝဝ) ထက်မနည်းသည့် ဒေါ်လာ(၉)သန်းကို မည်သို့မည်ပုံဖြင့် မည်သည့်နေရာ တွင် သုံးစွဲလိုက်သည် မသိသော ကိစ္စ အတွက် မဲဆောက်ရောက် CRPH  လွှတ်တော်အမတ် အချင်းချင်းကြား မှာပင်လျှင် မေးခွန်းထုတ်သံများ ထွက် ပေါ်လာနေသော်လည်း ပြည်တွင်း၌ကျန်ခဲ့သည့် NLD ပါတီဝင်အချို့နှင့် ထောက်ခံသူ ပြည်သူများသိရှိခြင်း မရှိစေရန် သတင်းအမှောင်ချမှုများကို အုပ်စုဖွဲ့၍ လုပ်ဆောင်ထားကြသည် ဟု ဆိုသည်။ 

“ပြည်သူ့ဂုဏ်ရည်က ရတဲ့ပိုက်ဆံတချို့က ပြည်တွင်းကို လှမ်းပို့တာတွေရှိတယ်လို့ သိထားတယ်။ ဘယ်သူတွေဆီ ပို့လဲဆိုတာ ဖြူဖြူသင်းကတော့ ပိုသိမယ်” ဟု သတင်းရင်းမြစ်က ဆက်လက်ပြောကြားသည်။ ပြည်ပသို့ ထွက်ပြေးခဲ့သော NLD နိုင်ငံရေးသမားများထဲမှ ဦးအောင်ကြည်ညွန့်သည်လည်း တတိယနိုင်ငံတစ်ခုတွင် အိမ်ဝယ် ထားသည် ဆိုသော သတင်းများထွက်လာခဲ့ပြီး မည်သည့်နေရာမှရရှိသောငွေများဖြင့် ဝယ်ယူထားခြင်းဖြစ်ကြောင်း ရှင်းလင်းချက်များ ထွက်လာခြင်းမရှိသေးပေ။ စစ်အာဏာရှင်ပြုတ်ကျရေး၊ တော်လှန်ရေးဟူသော လူကြိုက်များ နိုင်သည့်ခေါင်းစဉ်များအောက်မှတစ်ဆင့် လူထုနှင့်အသင်းအဖွဲ့အသီးသီး၏ လှူဒါန်းငွေများကို လက်ခံကိုင်တွယ် သုံးစွဲသူများက ငွေစာရင်းရှင်းတမ်း မရှင်းလင်းနိုင်ဘဲ လူထုကိုလိမ်ညာ၍ သတင်း အမှောင်ချရန်ကြိုးစားခြင်းအပေါ် မဲဆောက်ရောက် NLD အမတ်အချို့ကလည်း လက်မခံသောကိစ္စဖြစ်နေသကဲ့သို့ ပြည်သူ့ဂုဏ်ရည်အဖွဲ့ဘက် ကလည်း သတိထားစောင့်ကြည့်နေကြောင်း ကြားသိရသည်။                                                     

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နယ်မြေမတည်ငြိမ်သည့် စစ်ကိုင်းမြို့နယ်အတွင်းမှ ကျေးရွာ (၁၀) ရွာကို ဓာတ်အားဖြတ်တောက်ထား

RELATED POSTS
RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved