စည်းကမ်းဖောက်ဖျက်မှုဖြင့် ဆက်သွယ်ရေးကုမ္ပဏီ (၄)ခု၏ လိုင်စင်များကို အပြီးရုပ်သိမ်းကာ ရှယ်ယာရှင်အဖွဲ့ဝင်များကို အမည်ပျက်စာရင်းသွင်းရန်စီစဉ်
မြူနစ် (NSS) - မတ် ၂၃
လိုင်စင်ပါစည်းကမ်းဖောက်ဖျက်မှုဖြင့် ဆက်သွယ်ရေးကုမ္ပဏီ (၄)ခု၏ လိုင်စင်များကို အပြီးရုပ်သိမ်းကာ ရှယ်ယာရှင်အဖွဲ့ဝင်များကို အမည်ပျက်စာရင်းသွင်းရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
ဆက်သွယ်ရေးကုမ္ပဏီများဖြစ်သော Fiber Link Myanmar၊ Kiss Telecom Group၊ FPT Myanmar နှင့် Myanmar Cyber ကုမ္ပဏီတို့ကို အရေးယူလိုက်ပြီဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ကြေညာထားသည်။
အဆိုပါကုမ္ပဏီများသည် ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများ၊ ထုတ်ပေးထားသော လိုင်စင်ပါစည်းကမ်းချက်များနှင့် ထုတ်ပြန်သော ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိသည့်အတွက် ယင်းကုမ္ပဏီများ၏ လုပ်ငန်းလိုင်စင်များကို အပြီးအပိုင် ရုပ်သိမ်းပယ်ဖျက်လိုက်ကြောင်း ဝန်ကြီး ဌာနက ဆိုသည်။
ထို့ပြင် တရားဝင်ကုမ္ပဏီမှတ်ပုံတင်ဖွဲ့စည်းထားသော ကုမ္ပဏီအမည်နှင့် အစုရှယ်ယာရှင်အဖွဲ့ဝင်လူပုဂ္ဂိုလ်အားလုံးကို အမည်ပျက်စာရင်းသွင်းနိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ ညှိနှိုင်းဆောင် ရွက်သွားမည်ဟုလည်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ကြေညာထားသည်။ ၎င်းကုမ္ပဏီများသည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၁၅ အရ လိုင်စင်ရရှိသူ၏ တာဝန်များအား လိုက်နာမှုမရှိခြင်းနှင့် လိုင်စင် ထုတ် ပေးခြင်းဆိုင်ရာနည်းဥပဒေ အပိုဒ် ၂၄ (က)(၃)အရ အခကြေးငွေပေးဆောင်ရန် ပျက်ကွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျီနိုဆိုက်အသွင်ဆောင်တဲ့ ရာဇဝတ်မှုတွေမှာ လုံခြုံရေးကောင်စီဝင်များ ဗီတိုအာဏာကျင့်သုံးနေခြင်းက တရားဝင်ပါသလား (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း