တရုတ်နိုင်ငံတွင် ယာဉ်မတော်တဆမှု (၂)ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁၇) ဦးသေဆုံးကာ အခြားလူ(၅၀)ကျော်ထိခိုက်ဒဏ်ရာရရှိ
Pika (NSS) - မတ် ၂ဝ
တရုတ်နိုင်ငံ မြောက်ပိုင်း Shanxi ပြည်နယ်တွင် မတ်လ(၁၉)ရက်က ဥမင်လှိုဏ်ခေါင်းတစ်ခု၏ နံရံကို ခရီးသည်တင်ဘတ်စ်ကားတစ်စီး ဝင်တိုက်ခဲ့ပြီး အနည်းဆုံးလူ(၁၄)ဦးသေဆုံးကာ အခြားလူ(၃၇)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာ CCTV က မတ်လ(၂၀)ရက်တွင် ရေးသားဖော်ပြခဲ့သည်။
အဆိုပါမတော်တဆမှုသည် Hubei အမြန်လမ်းတွင် မတ်လ(၁၉)ရက် နေ့လယ်(၂)နာရီ (၃၇)မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းအာဏာပိုင်များက ပြောကြားခဲ့သည်။ မတော်တဆမှုဖြစ်ပွားပြီးနောက် လူအများအပြားကို ဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့ကြောင်း ၎င်းတို့ကထပ်မံပြောကြားခဲ့သည်။ ထို့ပြင် မတ်လ(၁၉)ရက်တွင် တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang ပြည်နယ် Taizhou မြို့ရှိ အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာ ကောလိပ်တစ်ခုရှိ လူအုပ်ကြီးကို ကားတစ်စီးဝင်တိုက်ခဲ့ပြီးနောက် အနည်းဆုံးလူ(၃)ဦးသေဆုံးခဲ့ပြီး အခြားလူ(၁၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ပြည်သူ့လုံခြုံရေးဗျူရိုက ထုတ်ပြန်ပြောကြားခဲ့သည်။
အဆိုပါမတော်တဆမှုသည် မတ်လ(၁၉)ရက်နေ့ နံနက်(၁၁)နာရီ(၂၀)မိနစ်တွင် Taizhou မြို့ရှိ သက်မွေးဝမ်းကျောင်းနှင့် နည်းပညာ ကောလိပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းအေဂျင်စီ၏ ဖော်ပြချက်သိရသည်။ သို့သော်လည်း မတော်တဆမှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူများမှာ တည်ငြိမ်ကောင်းမွန်သည့် အခြေအနေတွင်ရှိနေကြောင်း ဆင်ဟွာကရေးသားဖော်ပြခဲ့သည်။ ပြီးခဲ့သည့် မတ်လ(၁)ရက်တွင် တရုတ်နိုင်ငံ အရှေ့ပိုင်း Shandong ပြည်နယ်၊ Dezhao မြို့၏ ရပ်ကွက်တစ်ခုရှိ လူအုပ်ကြီးကို ကားတစ်စီးဝင်တိုက်ခဲ့ပြီးနောက် လူ(၂)ဦးသေဆုံးကာ အခြားကလေးငယ်အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ဖူးကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး ဒေါပုံမြို့နယ် ဂျပန်တံတားပေါ်မှ ခုန်ချအဆုံးစီရင်မှုဖြစ်ပွား
RELATED POSTS
08 Nov 2024 | မှုခင်း,ပြည်တွင်း
07 Nov 2024 | မှုခင်း,ပြည်တွင်း