သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး ဒေါပုံမြို့နယ် ဂျပန်တံတားပေါ်မှ ခုန်ချအဆုံးစီရင်မှုဖြစ်ပွား
သန့်ဇင် (NSS) - မတ် ၂၀
သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်ရှိ ဂျပန်တံတားပေါ်မှ ခုန်ချအဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း Happy Taxi Family လူထုထောက်ကူပြု ပရဟိတအသင်းထံမှ သိရသည်။
အဆိုပါအမျိုးသမီးအလောင်းကို ယနေ့(မတ်လ ၂၀ ရက်)၊ နံနက် ၈နာရီအချိန်တွင် ဒေါပုံမြို့နယ်၊ ဂျပန်တံတားအောက်ခြေရှိ၊ တံတားအုတ်ခုံပေါ်၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော့်အထင်တော့ ညကတည်းက ခုန်ချတာဖြစ်မယ်။ ရေထဲမကျပဲနဲ့ တံတားအောက်ကအုတ်ခုံပေါ်ကျပြီး ဆုံးသွားတာ။ ပွဲချင်းပြီး ဆုံးသွားတယ်လို့ ယူဆရတယ်။ လက်ရှိ မိသားစုနဲ့ အဆက်သွယ်ရဖို့ သက်ဆိုင်ရာက လုပ်ဆောင်နေပါတယ်”ဟု Happy Taxi Family လူထုထောက်ကူပြု ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါသေဆုံးသူအမျိုးသမီးမှာ အသက်(၆၀)နှစ်ဝန်းကျင်အရွယ်ရှိသူဖြစ်ပြီး သေဆုံသူအမျိုသမီး၏ ရုပ်အလောင်းကို မင်္ဂလာတောင်ညွန့်လူမှုကူညီရေးအသင်းက ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငါးမွေးမြူရေးလုပ်ငန်းများ အရှုံးပေါပြီး လုပ်ငန်းရပ်နားမှုများရှိနေ
RELATED POSTS
08 Nov 2024 | မှုခင်း,ပြည်တွင်း
07 Nov 2024 | မှုခင်း,ပြည်တွင်း