(၃)လအတွင်း ယာဉ်တိမ်းမှောက်မှု (၁၀)ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည့် နောင်ချို-ရပ်စောက်လမ်းတွင် ဆီဘောက်ဆာကား ချောက်ထဲထိုးကျ တိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းပွဲချင်းပြီး သေဆုံး
သန့်ဇင် (NSS) - မတ် ၂၀
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ နောင်ချို-ရပ်စောက်လမ်းတွင် ဆီဘောက်ဆာကားတစ်စီး ချောက်ထဲထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မေတ္တာရောင်ခြည်လူမှုကူညီရေးအသင်း-ကံကြီးထံမှ သိရသည်။
ယာဉ်တိမ်းမှောက်မှုသည် ယမန်နေ့(မတ်လ ၁၉ ရက်)၊ နေ့လည် ၂နာရီခွဲအချိန်ခန့်တွင် နောင်ချိုမြို့နယ်၊ နောင်ချို-ရပ်စောက် ကားလမ်း၊ ဒုဌဝတီအဆင်းလမ်းလေးထပ်ကွေ့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မှောက်တာက ဆီဘောက်ဆာကားပါ။ လားရှိုးကနေ မန္တလေးဘက်ကို ဆင်းမယ့်ကားလို့ယူဆရတယ်။ သူကတစ်ယောက်တည်း မောင်းလာပြီး အတက်မှာမတက်နိုင်တော့ ကြမ်းတုံးဆင်းခုတာကို နောက်ပြန်လိမ့် ကျသွားတာ။ ကျသွားတဲ့ချောက်ကလည်း (ပေ ၄၀၀) အနက်ရှိတာဆိုတော့ ယာဉ်မောင်းကလည်း ချောက်ထဲမှာပဲ ပွဲချင်းပြီးဆုံးသွားတယ်” ဟု မေတ္တာရောင်ခြည်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ပခုက္ကူမြို့နယ်တွင် နေထိုင်သည့် အသက်(၃၈)နှစ်အရွယ် ဆီဘောက်ဆာယာဉ်မောင်း အမျိုးသားမှာ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
“အဲဒီ နောင်ချို-ရပ်စောက်လမ်းက အတက်အဆင်းကြီးတယ်။ အကွေ့ အကောက်လည်းရှိတယ်။ အဲဒီလမ်းမှာ ကားမှောက်တာတွေက အခုနှစ်စကနေ ဒီလအထိဆို (၁၀)ခုထက်မနည်းရှိတယ်။ လူသေတာတွေလည်းရှိပြီး ဒဏ်ရာရတာတွေလည်းရှိတယ်။ အဲဒါကြောင့် ဒီလမ်းမှာ မောင်းမယ်ဆို သတိနဲ့မောင်းစေချင်တယ်။ အဆင်းမှာဂီယာကြီးတွေသုံးပြီးဆင်းရင် ပိုပြီးစိတ်ချရတယ်”ဟု ၎င်းကအကြံပြုပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုသား၏ ရုပ်အလောင်းကို မေတ္တာရောင်ခြည်လူမှုကူညီရေးအသင်း-ကံကြီးမှ နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံတွင် ယာဉ်မတော်တဆမှု (၂)ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁၇) ဦးသေဆုံးကာ အခြားလူ(၅၀)ကျော်ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
08 Nov 2024 | မှုခင်း,ပြည်တွင်း
07 Nov 2024 | မှုခင်း,ပြည်တွင်း