ဂျပန်မှ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ဒုံးပျံတစ်စင်း လွှတ်တင်ပြီးနောက် မကြာမီပေါက်ကွဲ
Pika (NSS) - မတ် ၁၃
ဂျပန်ကုမ္ပဏီတစ်ခုမှ ထုတ်လုပ်သည့် ဒုံးပျံတစ်စင်းသည် မတ်လ(၁၃)ရက်တွင် လွှတ်တင်ပြီးနောက် ပေါက်ကွဲသွားခဲ့ကြောင်း အများပြည်သူပိုင်ရုပ်သံလိုင်း NHK ကဖော်ပြခဲ့သည်။
တိုကျိုမြို့အခြေစိုက် Space One ကုမ္ပဏီသည် ဂြိုလ်တုကို ကမ္ဘာပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာလွှတ်တင်နိုင်သည့် ပထမဆုံး ဂျပန်ပုဂ္ဂလိကကုမ္ပဏီ ဖြစ်လာနိုင်ရန် ရည်မှန်းထားကြောင်းလည်း သိရသည်။ အစိုးရ၏ သေးငယ်သောဂြိုလ်တုတစ်ခုကို သယ်ဆောင်ထားသော (၁၈)မီတာရှိသည့် လောင်စာဆီအခဲသုံး Kairos ဒုံးပျံကို နိုင်ငံအနောက်ပိုင်း ဝါကာယာမာစီရင် စုရှိ ဒုံးပျံလွှတ်တင်သည့်နေရာမှ လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ သို့ သော်လည်း လွှတ်တင်ပြီးနောက် စက္ကန့်အနည်းငယ်အကြာတွင် ဒုံးပျံသည် ပေါက်ကွဲခဲ့ပြီး လွှတ်တင်သည့်နေရာတွင် ကြီးမားသောမီးတောက်များနှင့်အတူ မီးခိုးလုံးများဖြင့် ဖုံးလွှမ်းသွားခဲ့ကြောင်းသိရသည်။
Space One ကုမ္ပဏီက "ပထမဆုံး Kairos ဒုံးပျံလွှတ်တင်မှုဟာ ကံမကောင်းစွာနဲ့ပဲ ကျရှုံးသွားခဲ့ပါတယ်။ နောက်ထပ်အသေးစိတ်အချက်အလက်တွေကိုတော့ စုံစမ်းစစ်ဆေးနေပါတယ်။ ဒီပေါက်ကွဲမှုဘာကြောင့် ဖြစ်ပွားရတယ်ဆိုတဲ့အချက်ကိုတော့ လက်ရှိအချိန်ထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးပါဘူး။ ပြီးတော့ ထိခိုက်ဒဏ်ရာရရှိတဲ့သူ ရှိ/မရှိဆိုတာကိုလည်း မသိရသေးပါဘူး"ဟု ပြောဆိုခဲသည်။
Space One ကုမ္ပဏီသည် Kairos ဒုံးပျံကို လွှတ်တင်ပြီးနောက် (၅၁)မိနစ်အကြာတွင် ကမ္ဘာပတ်လမ်းကြောင်းထဲသို့ ရောက်ရှိမည်ဟု မျှော်လင့်ထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ Space One ကုမ္ပဏီကို Canon Electronics ကုမ္ပဏီ၊ IHI Aerospace ကုမ္ပဏီ၊ ဆောက်လုပ်ရေးကုမ္ပဏီ Shimizu နှင့် အစိုးရပိုင် Development Bank of Japan အပါအဝင် အဓိကဂျပန်နည်းပညာလုပ်ငန်းအဖွဲ့တစ်ဖွဲ့က ၂၀၁၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
YBS-58 ဘတ်စ်ကား ဓားပြတိုက်ခံရမှုဖြစ်စဉ်မှာ မဟုတ်မှန်ကြောင်း YUPT မှ တာဝန်ရှိသူ ပြန်လည်ရှင်းလင်း
RELATED POSTS
18 Sep 2024 | နည်းပညာ,နိုင်ငံတကာ
12 Sep 2024 | နည်းပညာ,နိုင်ငံတကာ
31 Aug 2024 | နည်းပညာ,နိုင်ငံတကာ
29 Aug 2024 | နည်းပညာ,နိုင်ငံတကာ