Chibi Maruko-chan ဂျပန် anime series မှ လူသိများတဲ့ ကာရိုက်တာ Maruko အဖြစ် အသံသရုပ်ဆောင်ခဲ့သူ မင်းသမီးတာရာကို ကွယ်လွန်
ရောင်နီ (NSS) - မတ် ၁၁
Chibi Maruko-chan ဂျပန် anime series မှ လူသိများတဲ့ ကာရိုက်တာ Maruko အဖြစ် အသံ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးတာရာကို မတ်လ ၉ ရက်က ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။
Anime ချစ်သူများအတွက် Dragon Ball ဖန်တီးသူ ကွယ်လွန်ပြီးနောက် ဒုတိယအကြိမ်မြောက် ဝမ်းနည်းဖွယ် သတင်းဖြစ်ခဲ့ပါတယ်။
နှစ်ရှည်လများ အပိုင်းဆက်များစွာနဲ့ ထွက်ရှိခဲ့တဲ့ anime စီးရီး Chibi Maruko-chan ဟာ လူသိများပြီး ရေပန်း စားတဲ့ serie တစ်ခုဖြစ်ပါတယ်။ Chibi Maruko-chan ဟာ ကြင်နာတတ်တဲ့ နှလုံးသားနဲ့ ပျင်းရိတတ်တဲ့ ကိုယ်ရည် ကိုယ်သွေးရှိတဲ့ ကလေးမတစ်ယောက်ဖြစ်ပြီး သူမရဲ့မိသားစုအကြောင်း ရိုက်ကူးထားတဲ့ serie ဟာ လွန်ခဲ့တဲ့ ၃၄ နှစ်အတွင်း ညနေတိုင်း ဂျပန်မိသားစုတွေရဲ့နေအိမ် TV တွေမှာ နေရာယူခဲ့တာပါ။
အဲဒီလိုနှစ်ပေါင်းများစွာ ကျော်ကြားခဲ့တဲ့ စီးရီးရဲ့ အဓိကဇာတ်ဆောင် Maruko ရဲ့နေရာမှာ အသံသရုပ်ဆောင်တဲ့ မင်းသမီးတာရာကို (အသက် ၆၃ နှစ်)က ငရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ မင်းသမီး ကွယ်လွန်ခဲ့တဲ့ သတင်းကို သူမရဲ့အေဂျင်စီက မတ်လ ၉ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ သူမဟာ ယခုနှစ် အစပိုင်းကတည်းက ဖျားနာနေခဲ့ တာဖြစ်ပြီး သူမရဲ့အခြေအနေဟာ ရုတ်တရက် ဆိုးရွားလာခဲ့ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။
တိုရာကိုရဲ့ကွယ်လွန်သတင်းဟာ သူမရဲ့ပရိသတ်တွေအတွက် ရှော့ရစရာ၊ မယုံနိုင်စရာ သတင်းဖြစ်ခဲ့ပါတယ်။ သူမ ရဲ့ဈာပနကို မိသားစုတွေနဲ့ ဆွေမျိုးနီးစပ်များသာ တက်ရောက်ခဲ့ပြီး နောက်ပိုင်းမှာတော့ အများပြည်သူအတွက် နှုတ်ဆက်ပွဲ အခမ်းအနားကျင်းပပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟောင်ကောင်မှာ ကလေးငယ် ၂ ဦးရဲ့အလောင်းကို ဖန်ပုလင်းထဲ ထည့်ထားတဲ့ အမျိုးသားနဲ့ အမျိုးသမီး ဖမ်းဆီးခံရ
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ