ယူကရိန်းစစ်ပွဲကြောင့် ဥရောပ နဲ့ ရုရှားနိုင်ငံကြား အလုံးစုံစစ်ပွဲ ဖြစ်ပွားလာဖွယ်ရှိနေကြောင်း ရုရှားဗိုလ်ချုပ်ကြီး သတိပေး
ဂျန်ဇက် (NSS) - မတ် ၇
ရုရှားစစ်ဘက်အကြီးတန်းအရာရှိတစ်ဦးက ယူကရိန်းစစ်ပွဲဟာ ဥရောပနဲ့ ရုရှားနိုင်ငံကြား အလုံးစုံစစ်ပွဲဖြစ်လာစေတဲ့အထိ တင်းမာမှုအရှိန်မြင့်တက်လာနေကြောင်း သတိပေးပြောဆိုလိုက်ပါတယ်။
စစ်ပွဲအသစ်မှာ ပါဝင်တိုက်ခိုက်မယ့် ရုရှားစစ်သားတွေဟာ သိသိသာသာတိုးလာဖွယ်ရှိနေကြောင်း ရုရှား ဗိုလ်ချုပ်ကြီး Vladimir Zarudnitsky က ပြောပါတယ်။ ၎င်းက "ယူကရိန်းစစ်ပွဲ တင်းမာမှုအလားလာဟာ ရုရှားနဲ့ ဥရောပတိုက်ကြား တိုက်ရိုက်စစ်ပွဲဖြစ်လာနိုင်တဲ့အထိ ဦးတည်လာဖွယ်ရှိတယ်ဆိုတဲ့အချက်ကို ငြင်းဆန်ထားလို့ မရဘူး။ အမေရိကန် နဲ့ မဟာမိတ်နိုင်ငံတွေရဲ့ရုရှားဆန့်ကျင်ရေးကိစ္စတွေက ရုရှားနိုင်ငံအပေါ် ခြိမ်းခြောက်မှုတွေ ဖြစ်လာစေခဲ့တယ်။ အမေရိကန် နဲ့ မဟာမိတ်တွေဟာ ရုရှားနိုင်ငံ ပိုင်နက်တွေကို ဖျက်ဆီးဖို့၊ ရုရှားနိုင်ငံကို အားနည်းစေဖို့ နည်းလမ်းပေါင်းစုံ အသုံးပြုနေတယ်" လို့ ပြောပါတယ်။
ရုရှားဟာ ၂ဝ၂၂ ခုနှစ်မှာ ယူကရိန်းနိုင်ငံနဲ့ စစ်ပွဲဖြစ်ပွားလာခဲ့ပြီးနောက် ယူကရိန်းနိုင်ငံကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးခြင်းအပြင် ရုရှားနိုင်ငံကိုပိတ်ဆို့မှုတွေချမှတ်ခြင်းကြောင့် အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေနဲ့ တင်းမာမှုအရှိန်မြင့်တက်လာနေကြောင်း သိရပါတယ်။
ယူကရိန်းစစ်ပွဲဟာ ရုရှားနဲ့ အနောက်အုပ်စုကြားဆက်ဆံရေးကို အဆိုးအရွားဆုံး အခြေအနေမျိုးကို ရောက်ရှိလာ စေခဲ့ကြောင်း သိရပါတယ်။ ရုရှား နဲ့ အနောက်အုပ်စုနိုင်ငံတို့ဟာ ၁၉၆၂ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ကျူးဘားဒုံးကျည် ပြဿနာနဲ့ပတ်သက်ပြီး တင်းမာမှုအမြင့်ဆုံးကို ရောက်ရှိခဲ့ပြီးနောက်ပိုင်း ဆက်ဆံရေးပြန်ကောင်းမွန်လာခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ နှစ်ဖက်ကြားဆက်ဆံရေး တင်းမာမှုအရှိန်အမြင့်ဆုံးကို ရောက်ရှိနေပါတယ်။
ရုရှားသမ္မတပူတင်ကိုယ်တိုင်က အနောက်အုပ်စုနိုင်ငံတွေအနေနဲ့ ယူကရိန်းကိုတပ်ဖွဲ့ဝင်တွေ စေလွှတ်မယ်ဆိုရင် နျူကလီးယားစစ်ပွဲဖြစ်လာနိုင်ချေရှိတယ်လို့ မကြာသေးမီက သတိပေးခဲ့ဖူးပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွေးကောက်ပွဲမတိုင်ခင် ချတ်အတိုက်အခံခေါင်းဆောင် လုပ်ကြံခံခဲ့ရ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
18 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ