အစ္စရေးအပေါ် နောက်ထပ်အရေးယူမှုများ ချမှတ်ရန် နိုင်ငံတကာတရားရုံးကို တောင်အာဖရိကအစိုးရ တောင်းဆို
Pika (NSS) - မတ် ၇
အစ္စရေးနိုင်ငံကို ဆန့်ကျင်သည့် နောက်ထပ်အရေးပေါ်အစီအစဉ်များကို ထပ်မံချမှတ်ရန် နိုင်ငံတကာတရားရုံး (ICJ) ကို တောင်အာဖရိကနိုင်ငံက တောင်းဆိုခဲ့ကြောင်း သိရသည်။ ထို့အပြင် အစ္စရေးသည် ယခင်က ချမှတ်ထားခဲ့ သော အရေးယူမှုများကိုလည်း ချိုးဖောက်နေကြောင်း ကုလသမဂ္ဂ၏ ထိပ်တန်းတရားရုံးက ပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းလူမျိုးများသည် ငတ်မွတ်ခေါင်းပါးမှုများနှင့် ရင်ဆိုင်နေရကြောင်း တောင်အာဖရိကအစိုးရက သတိပေးပြောခဲ့သည်။ ထို့အပြင် အစ္စရေးနှင့်ဟားမက် နှစ်ဘက်စလုံးမှ ရန်လိုမှုများကို ရပ်တန့်ကာ ဓါးစာခံများနှင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို လွှတ်ပေးရန်အတွက် အမိန့်ပေးရန် နိုင်ငံတကာတရားရုံးကို တောင်အာဖရိကအစိုးရက တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။ တောင်အာဖရိက အစိုးရက "ဂါဇာကမ်းမြောင်ဒေသမှာ ငတ်မွတ်ခေါင်းပါးမှုအန္တရာယ်ဟာ သိသိသာသာကို တိုးမြင့်လာပါပြီ။ Genocide Convention အရ လူ့အခွင့်အရေးတွေ ခြိမ်းခြောက်ခံနေရတာကို ထိရောက်စွာကာကွယ်ဖို့ နဲ့ မကြာမီ အချိန်အတွင်းမှာ ကြုံတွေ့လာနိုင်ဖွယ်ရှိတဲ့ဖြစ်ရပ်ဆိုးကို ရပ်တန့်ဖို့အတွက် နိုင်ငံတကာတရားရုံးဟာ အခုချက်ချင်း အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်" ဟု ပြောခဲ့သည်။
ထို့အပြင် လက်ရှိအချိန်တွင် ဖြစ်ပွားနေသော အခြေအနေများမှာ အလွန်အရေးကြီးသည့် အခြေအနေများ ဖြစ်နေသောကြောင့် နိုင်ငံတကာတရားရုံးအနေဖြင့် ကြားနားမှုအသစ်ကို မစီစဉ်ဘဲ အဆိုပါအစီအစဉ်များကို ချက်ချင်း လုပ်ဆောင်သင့်ကြောင်း တောင်အာဖရိကအစိုးရက ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလ(၇)ရက်တွင် ဟားမက်လက်နက်ကိုင်အဖွဲ့က အစ္စရေးကို ဒုံးကျည်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဟားမက်လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် အစ္စရေးနိုင်ငံသား(၁၂၀၀)ကျော်သေဆုံးခဲ့ပြီး အခြားလူ(၂၅၃)ဦးမှာ ဓါးစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရကြောင်းလည်း သိရသည်။
ထို့နောက် အစ္စရေးဘက်မှ လက်တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ လက်ရှိအချိန်အထိ ပါလက်စတိုင်းလူမျိုး (၃)သောင်းကျော် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းစစ်ပွဲကြောင့် ဥရောပ နဲ့ ရုရှားနိုင်ငံကြား အလုံးစုံစစ်ပွဲ ဖြစ်ပွားလာဖွယ်ရှိနေကြောင်း ရုရှားဗိုလ်ချုပ်ကြီး သတိပေး
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
18 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ