တရုတ်နိုင်ငံကို ဖိနှိပ်ဖို့ အမေရိကန်နိုင်ငံကြိုးပမ်းနေဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော
ဂျန်ဇက် (NSS) - မတ် ၇
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ အမေရိကန်နိုင်ငံအပေါ် ဝေဖန်ပြစ်တင်လိုက်သလို ရုရှားနိုင်ငံနဲ့ တရုတ်နိုင်ငံကြားဆက်ဆံရေးတွေကို ချီးကျုးပြောဆိုလိုက်ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက အမေရိကန်နိုင်ငံဟာ တရုတ်နိုင်ငံကိုဖိနှိပ်ဖို့ ကြိုးပမ်းနေကြောင်း၊ အမေရိကန် နိုင်ငံရဲ့တရုတ်နိုင်ငံအပေါ် အပြစ်တင်လိုစိတ်ဟာမယုံကြည်နိုင်လောက်အောင်ဖြစ်လာခဲ့ကြောင်း ပြောပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ တရုတ်နိုင်ငံမှာ နှစ်စဉ်ကျင်းပနေတဲ့ အကြီးမားဆုံးနိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီးနောက် နားချိန်မှာ အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေတဲ့ စစ်ပွဲဟာ တတိယနှစ်အတွင်းကို ရောက်ရှိလာခဲ့သလို ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး တင်းမာမှုတွေဖြစ်နေရာ တရုတ်နိုင်ငံမှာကျင်းပတဲ့ နိုင်ငံရေးအစည်းအဝေးက လက်ရှိ ပထဝီနိုင်ငံရေးတင်းမာမှုတွေကို အနီးကပ်စောင့်ကြည့်မှုတွေဖြစ်လာစေခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ လက်ရှိအချိန် မှာ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေလည်းနဲ့ တင်းမာမှုတွေအငြင်းပွားမှု တွေ ရှိနေခဲ့ပါတယ်။
အာဆီယံနိုင်ငံတွေနဲ့ သြစတြေးလျနိုင်ငံတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကျင်းပတဲ့အစည်းအဝေးမှာ တရုတ်နိုင်ငံရဲ့ တောင်တရုတ်ပင်လယ်အတွင်း ရန်လိုမှုတွေကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် တရုတ် နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက "တရုတ်နိုင်ငံအနေနဲ့ နိုင်ငံအချုပ်ခြာအာဏာ၊ ဖွံ့ဖြိုးတိုးတက်ရေးကို အခိုင်အမာ ကာကွယ်သွားမှာဖြစ်သလို အနိုင်ကျင့်မှုတွေကိုလည်း ဆန့်ကျင်သွားမှာဖြစ်တယ်။ အမေရိကန်ဟာ တရုတ်နိုင်ငံ အပေါ် ဖိနှိပ်နိုင်အောင် အသုံးပြုမယ့်နည်းလမ်းတွေကို ပြန်လည်စဉ်းစားသုံးသပ်နေတယ်။ တစ်ဖက်သတ်ပိတ်ဆို့မှု တွေ သက်တမ်းတိုးဖို့ စီစဉ်နေတယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးအပေါ် နောက်ထပ်အရေးယူမှုများ ချမှတ်ရန် နိုင်ငံတကာတရားရုံးကို တောင်အာဖရိကအစိုးရ တောင်းဆို
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
18 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ