ရခိုင်ပြည်နယ် စစ်တွေမြို့တွင် Mytel ဆင်းကတ်များ အင်တာနက် ပြန်ရနေသော်လည်း ကောင်းစွာ အသုံးပြုမရသေး
သုတကျော် (NSS) - မတ် ၅
ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် စစ်တွေမြို့တွင် Mytel ဆင်းကတ်များ အင်တာနက် ပြန်ရနေသော်လည်း ကောင်းစွာ အသုံးပြုမရသေးကြောင်း အဆိုပါ မြို့ခံတစ်ဦးက NP News သတင်းဌာနကို ပြောသည်။
စစ်တွေမြို့တွင် ဖေဖော်ဝါရီလ ၁၆ ရက်မှ ဖေဖောဝါရီလ ၂၁ ရက် အထိ ဖုန်းလိုင်းများ ယာယီပြတ်တောက် သွားခဲ့ပြီး အခြားဆက်သွယ်ရေး ကွန်ယက်အနေဖြင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးအနီးတွင် MPT ဆင်းကတ် လိုင်းမိကြောင်း သိရသည်။
“မနေ့က အင်တာနက်က 4G တက်တာ တွေ့လိုက်တယ်။ အခုတော့ လိုင်းပြတ်တောင်းပြတ်တောင်း ပြန်ရတဲ့ အနေအထားပါ။ အရင်တည်းက ဖုန်းပြောလို့ရတယ်။ SMS ပို့လို့ ရတယ်။ အင်တာနက်တော့ သုံးမရဘူး။ အခုတော့ နည်းနည်း ရနေတယ်။ ဒါပေမယ့်လည်း အပြည့်အဝ သုံးလို့တော့ မရသေးဘူး” ဟု အထက်ပါမြို့ခံ က ဆိုသည်။
လက်ရှိ AA ထိန်းချုပ်ရာ မြို့နယ်အချို့တွင်လည်း အင်တာနက်များ ပြန်လည်ရရှိနေကြကြောင်း သိရသော်လည်း ကောင်းစွာသုံးစွဲမရသည့် အနေအထားဖြစ်ကြောင်း သိရသည်။
“ဖုန်းပြောဖို့ကိုတော့ လိုင်းမိတဲ့နေရာ တက်ပြောရတာပေါ့။ ကျောက်တော်မှာတော့ အင်တာနက်က ကောင်းကောင်း မရသေးဘူးလို့ ပြောရမယ်။ မင်းပြားဘက်မှာတော့ တချို့နေရာတွေ လိုင်းရတယ် ပြောတယ်။ Facebook သုံးတာတောင် တွေ့မိတယ်” ဟု ကျောက်တော်မြို့ခံ တစ်ဦးက ဆိုသည်။
လက်ရှိ ရခိုင်ပြည်နယ် တွင် တပ်မတော်နှင့် AA အဖွဲ့ တို့အကြား စစ်ရေး တင်းမာနေကာ AA က မြို့ပေါင်း ၆ မြို့ခန့် ကို ထိန်းချုပ်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စက္ကူစက်ရုံဝင်းအတွင်း၌ ပုံထားသည့် ကတ်ထူစက္ကူပုံအဟောင်းမှ မီးလောင်မှုဖြစ်စဉ် ရွှေပြည်သာတွင် ဖြစ်ပွား
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ