လက်ထပ်ခွင့်တောင်းခံရစဉ်က အဖြစ်အပျက်ကို ပြန်လည်မျှဝေခဲ့တဲ့ မီလီဘော်ဘီဘရောင်း
ရောင်နီ (NSS) - မတ် ၃
Stranger Things star မီလီဘော်ဘီဘရောင်းဟာ သူမရဲ့ချစ်သူ ဂျက်ဘွန်ဂီအိုဗီရဲ့ လက်ထပ်ခွင့်တောင်းခဲ့တဲ့ အဖြစ်အပျက်ကို ပြန်လည်မျှဝေလာပါတယ်။
ဘော်ဘီနဲ့ ဘွန်ဂီအိုဗီတို့ နှစ်ဦးဟာ ၂၀၂၃ ခုနှစ် ဧပြီလက စေ့စပ်ကြောင်းလမ်းခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီတုန်းက ရင်ခုန်စိတ်လှုပ်ရှားစရာ အကြောင်းကို ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၂၉ ရက်) မှာ ဘော်ဘီ က "The Tonight Show” မှာ ပြန်လည်မျှဝေ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ "ကျွန်မနဲ့ဂျက်က ရေငုပ်ရတာ အရမ်းကြိုက်တဲ့သူတွေပါ။ အဲဒီနေ့က ဂျက်က မနက် ၈ နာရီ ထပြီး ရေငုပ်ကြဖို့ပြောတယ်။ အဲဒါနဲ့ အတူတူရေငုပ်ရင်း သူက ရေအောက်မှာ propose လုပ်ခဲ့တာ"လို့ သူမက ပြောပါတယ်။
"သူက ကျွန်မကို ဘူးတစ်ခု ပေးတယ်၊ အဲဒါဖွင့်ကြည့်လိုက်တော့ လက်စွပ်တစ်ကွင်းတွေ့တယ်" လို့ သူမက ဆိုပါတယ်။ "လက်စွပ်ကို လက်မှာစွပ်လိုက်တော့ လက်ချောင်းပေါ်ကနေ ပြုတ်ကျသွားတယ်၊ အရမ်းမြန်လို့ ဒါက ရုပ်ရှင်တစ်ကားလိုပါပဲ”လို့ ဘော်ဘီက ပြောပြခဲ့တာ ဖြစ်ပါတယ်။
မီလီဘော်ဘီဘရောင်းဟာ ၂၀၂၃ ခုနှစ်ကစ ကလေးသရုပ်ဆောင် အဖြစ်နဲ့ အနုပညာလောကထဲ ဝင်ရောက်လာသူ ဖြစ်ပါတယ်။ "Stranger Things"၊ "Enola Homes" ဇာတ်ကားတွေမှာ ဇာတ်ဆောင်မင်းသမီးအဖြစ် ပါဝင်လာခဲ့ပြီး လူကြိုက်များတဲ့ ခေတ်သစ်သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ဘော်ဘီဟာ ပြီးခဲ့တဲ့နှစ်က ချစ်သူဂျက်ဘွန်ဂီအိုဗီနဲ့ စေ့စပ်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟောင်ကောင်မှာ ခွေး၊ ကြောင်အသားများ ရောင်းချတယ်လို့ သံသယရှိသူ ၅ ဦး ဖမ်းဆီးခံရ
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ