ခံတွင်းသန့်ဆေးရည်မှ အဆိပ်သင့်မှုအန္တရာယ်ကြောင့် အမေရိကန်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခံတွင်းဆေးရည်များ ပြန်လည်သိမ်းဆည်း
ရောင်နီ (NSS) - မတ် ၂
Heritage Store Hydrogen Peroxide အမည်ရှိ ခံတွင်းသန့်ဆေးဟာ ကလေးတွေအတွက် အဆိပ်သင့်နိုင်ခြေရှိတာကြောင့် နိုင်ငံတစ်ဝန်း အဆိုပါ ခံတွင်းဆေးရည်တွေကို ပြန်လည်သိမ်းဆည်းနေတယ်လို့ သိရပါတယ်။
စားသုံးသူ ထုတ်ကုန်ဘေးကင်းရေးကော်မရှင်က အဆိုပါ Heritage Store Hydrogen Peroxide ဆေးရည်ဟာ အီသနော ပါဝင်တဲ့ ထုတ်ကုန်တွေနဲ့ပြုလုပ်ထားပြီး ကလေးတွေအတွက်ဘေးကင်းလုံခြုံအောင် ထုတ်လုပ်ထားခြင်းမရှိတာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပြန်လည်သိမ်းဆည်းကြောင်း ဖေဖော်ဝါရီ ၂၉ ရက်မှာ ကြေညာခဲ့ပါတယ်။
ဒါ့အပြင် သုံးစွဲသူတွေ အနေနဲ့ ခံတွင်းဆေးရည်ကို ကလေးငယ်တွေနဲ့ လက်လှမ်းမမီတဲ့ နေရာမှာ ထားသင့်ကြောင်း CPSC မှ သတိပေးခဲ့ပါတယ်။
ပြန်လည်သိမ်းဆည်းထားတဲ့ အရသာများမှာ အညိုရောင် အဖုံးနဲ့ရောင်းတဲ့ eucalyptus mint နဲ့ wintermint တို့ ဖြစ်ပါတယ်။
ခံတွင်းသန့်စင်ဆေးရည်ကို Whole Foods၊ Fresh Thyme Farmers Market၊ Mom's Organic Market၊ New Season's Market နဲ့ Mother's Market & Kitchen စတဲ့ စတိုးဆိုင်တွေမှာ ရောင်းချလျက်ရှိပါတယ်။ အခုအချိန်ထိတော့ ခံတွင်းသန့်ဆေး ပုလင်းပေါင်း ၁၀၂,၁၀၀ ကို ပြန်လည် သိမ်းဆည်းနိုင်ခဲ့ပြီဖြစ်ပြီး ခံတွင်းဆေးရည်ကြောင့် ထိခိုက်သူတော့ မရှိဘူးလို့ သိရပါတယ်။
အီသနော အဆိပ်သင့်ပြီဆိုရင် လက္ခဏာတွေအနေနဲ့ အော့အန်ခြင်း၊ ပျို့အန်ခြင်း၊ အသက်ရှုနှေးကွေးခြင်းနဲ့ ငိုက်မျဉ်းခြင်းတို့ ခံစားရနိုင်တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လှိုင်မြစ်ထဲက သင်္ဘောပေါက်ကွဲမှု၊ မီဇိုရမ် အမတ်နဲ့ AA အဖွဲ့တို့ တွေ့ဆုံမှု၊ ရဲနဲ့စစ်သားယောင်ဆောင်ပြီး ဓားပြတိုက်တဲ့ တာချီလိတ်ရွေးကော် ဒုဦးစီးနဲ့အဖွဲ့၊ အမေရိကန် USAID ရဲ့ ဆဲလ်(၁ဝဝဝ) စီမံချက် (၁-၃-၂ဝ၂၄)
RELATED POSTS
06 Sep 2024 | ကျန်းမာရေး,နိုင်ငံတကာ
31 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ
27 Aug 2024 | ကျန်းမာရေး,ပြည်တွင်း
26 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ