Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဘင်္ဂလားဒေ့ရှ်က အိမ်နီးချင်း မြန်မာအပေါ် ဘာအထာတွေလဲ(ဘာသာပြန်ဆောင်းပါး)

Htay Oung (NSS) - မတ် ၁

ဘင်္ဂလားဒေ့ရှ်ဟာ အိမ်နီးချင်းမြန်မာနယ်စပ်ကို တိုက်ခိုက်ရေး တင့်ကားအချို့ စေလွှတ်နေကြောင်း ဗွီဒီယိုဖိုင်တွေ ပျံ့လွင့်နေပါတယ်။

အဲဒါဘာအဓိပ္ပါယ်ဆောင်ပါသလဲ။ မြန်မာ့အိမ်နီးချင်း သူတို့ဘက်မှာ ဖြစ်ပျက်နေတာတွေကို တတ်နိုင်သရွေ့သိထား သင့်ပါတယ်။ တကယ်လို့ လွန်ခဲ့တဲ့ရက်သတ္တတစ်ပတ်လောက်ကသာ ဘင်္ဂလားဒေ့ရှ်အနေနနဲ့ အဲဒီလိုလုပ်ခဲ့ရင် နေပြည်တော်နဲ့ တပ်မတော်အပေါ် တိုက်ရိုက်ရည်ရွယ်တယ်လို့ ယူဆနိုင်ပါတယ်။


နယ်စပ်တလျှောက် မြန်မာဘက်ခြမ်းမှာ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း၊ နယ်ခြားကျော်ပြီး ကျရောက်လာတဲ့လက်နက်ကြီးနဲ့ သေနတ်ကျည်များကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်မှာ လူ ၂ ဦး သေဆုံးပြီး ဒဏ်ရာပြ သူများ ရှိခဲ့တယ်။ ဒီအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနက မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုးကို ဆင့်ခေါ်ပြီး ကန့်ကွက်ကြောင်း၊ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်အများစု လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လဝကနဲ့ အ ကောက်ခွန်များ၊ မှီခိုသူမိသားစုဝင်များ အပါအဝင် မြန်မာနိုင်ငံသား ၃ဝဝ ကျော်ဟာ သူတို့ဘက်ကို ပြေးဝင်ခိုလှုံလာ ကြကြောင်း၊ တရားမဝင် ဝင်ရောက်မှုနဲ့ အခြားမြန်မာနိုင်ငံသား ၂၃ ဦးကိုလည်း ဖမ်းဆီးထားတယ်လို့  သူတို့ သတင်းစာများက ရေးသားခဲ့ကြောင်း တွေ့ရှိရပါတယ်။


အဲဒီနောက်ဖြစ်စဉ်များကို ဒါကာထရိုင်ဗြွန်း ရေးသားချက်အရ ရက်စွဲအလိုက် ဖော်ပြရရင်...

၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက် (စနေနေ့) မှာ ဘင်္ဂလားဒေ့ရှ် စစ်တကောင်းပြည်နယ်၊ ကော့ခ်ဘဇားခရိုင်၊ တက္ကနဖ်မြို့နယ်၊ ရှာပူရီဒွစ်ဒေသခံတွေဟာ နယ်ခြားတစ်ဖက်ကမ်းမြန်မာဘက်ခြမ်းမှ သေနတ်သံနဲ့ ပေါက်ကွဲသံ များကြောင့် တစ်ညလုံး အိပ်မရဘဲ ငုတ်တုပ်ထိုင်နေရတယ်လို့ ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် စစ်တကောင်း အရှေ့ဇုံ ကမ်းခြေစောင့်တပ်မှူးကတော့ သူတို့ဘက်ကို ပြေးဝင်လာသူမှန်သမျှ လက်ခံမည်မဟုတ်ကြောင်း၊ ယခင် ခိုလှုံလာသူ ၂ဝဝ ကျော်ကို ပြန်ပို့ခဲ့ပြီးဖြစ်တယ်လို့ ပြောပါတယ်။


လွန်ခဲ့တဲ့လ နောက်ဆုံးရက်သတ္တပတ် ရခိုင်ပြည်မြောက်ဖျား နှစ်နိုင်ငံ နယ်ခြားတစ်လျှောက် ရက္ခိုင့်တပ် AA နဲ့ နစက တပ်မတော်တို့အကြားတိုက်ပွဲများဟာ မောင်တော မြောက်ပိုင်း (မြန်မာ-တောင်ပြို) ဘက်မှ တောင်ပိုင်းကို ရွေ့လျားခဲ့ပြီးနောက် ယခုလို မောင်တောနယ်ခြားတစ်ဖက်ကမ်း ရှာပူရီဒွစ်ဒေသခံများ အတိုင်းသားကြားနေရခြင်း ဖြစ်ပါတယ်။  


ရှာပူရီဒွစ် ရှာပူရီဆိုတာ မြန်မာတို့ သိထားတဲ့ ရှင်မဖြူကျွန်းပါ၊ နတ်မြစ်အတိုင်း စုန်ဆင်းလာရင် ယာဘက် မြစ်ဝ အနီးတည်ရှိပြီး တစ်ချိန်က ကျွန်းသဖွယ် သီးခြားရှိခဲ့ပေမယ့် အခုတော့ ကုန်းမြေနဲ့ တစ်ဆက်တည်းဖြစ်သွားပါပြီ။ ကျွန်းအဖြစ် သီးခြားတည်ရှိစဉ် သူတို့အပိုင်ဖြစ်ကြောင်း ဗြိတိသျှတို့က တပ်လာစွဲတဲ့အတွက် ၁၈၂၄ ခုနှစ် မတ်လမှာ မြန်မာဘုရင် ဘကြီးတော်နဲ့ အင်္ဂလိပ်တို့ စစ်ဖြစ်ကြပါတယ်။


၂ နှစ်နီးပါးကြာစစ်ပွဲမှာ စစ်သူကြီး မဟာဗန္ဓုလ ကျဆုံးပြီးနောက် မြန်မာတို့အရေးနိမ့်ပြီး ၁၈၂၆ ခုနှစ်  ရန္တပိုစာချုပ် အရ စစ်လျော်ကြေးငွေ တစ်ကုဋေနဲ့အတူ မြန်မာပိုင် အာသံ၊ မဏိပူရ၊ ရခိုင်နဲ့ တနင်္သာရီကမ်းရိုးတန်းတို့ကို ဗြိတိသျှ ထံ ပေးအပ်လိုက်ခဲ့ရပါတယ်။


မြန်မာအစိုးရဟာ ဘင်္ဂလားဒေ့ရှ်နဲ့ စစ်ခင်းဖို့ နည်းလမ်းအမျိုးမျိုး အသုံးပြုပြီး နှစ်ပေါင်းများစွာ ကြိုးစားနေကြောင်း၊ ရခိုင်မြောက်ပိုင်းမှ ဘင်္ဂါလီတွေကို မောင်းထုတ်ကျူးကျော်စေခြင်း အပါအဝင်၊ အစဉ်တစ်စိုက် ရန်စလျက်ရှိ ကြောင်း၊ ဝန်ကြီးချုပ်ရှိတ်ဟာစီနာရဲ့အတတ်နိုင်ဆုံး သည်းခံတဲ့သဘောထားအမြင်နဲ့ အခြေအနေအရပ်ရပ်ကို ကိုင်တွယ်လျက်ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာမူးယစ်ဆေးများအတွက် အဓိက ဈေးကွက်ကြီးဖြစ်နေ ကြောင်း၊ မူးယစ်ဆေးကုန်ကူးသူများဟာ နိုင်ငံအသီးသီးကို ဖြန့်ကျက်လျက်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် RAB ခေါ် “လျှပ်တပြတ်တိုက်ခိုက်ရေးအထူးတပ်” ညွှန်ကြားရေးမှူး ကာရှတ်_ဟိုစိန်က ပြောပါတယ်။


RAB ဆိုတာ ဘင်္ဂလားဒေ့ရှ်တပ်မတော်ကို ကိုယ်စားပြုခြင်းမရှိပါ။ ကြည်း-ရေ-လေ၊ ရဲတပ်ဖွဲ့နယ်ခြားစောင့်နဲ့ လုံခြုံရေးရဲတို့မှ ရွေးချယ်ထားသူများနဲ့ ၂ဝဝ၄ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ဝါရှင်တန်ရဲ့အကြံပြုချက်အရ ဖွဲ့စည်းခြင်းဖြစ်ပြီး အမေရိကန်ကပဲ လေ့ကျင့်လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ ရှိတ်ဟာစီနာက ပြောပါတယ်။ 


ဘင်္ဂလားဒေ့ရှ်ပြည်တွင်းမှာတော့ ရှိတ်ဟာစီနာရဲ့ခါးပိုက်ဆောင် လက်နက်ကိုင်များဖြစ်ကြပြီး ဒုစရိုက်မှု အကျင့် ပျက်ခြစားမှုအကြောင်းပြချက်နဲ့ နိုင်ငံရေးပြိုင်ဘက်များကို နှိပ်ကွပ်ရာမှာ အသုံးချနေကြောင်း စွပ်စွဲခြင်းခံထားရပါ တယ်။ 


ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံလုံး ၁၅ နေရာမှာ တပ်စွဲထားပြီး လက်လွတ်စပယ် ပစ်သတ်ခြင်း၊ ရုံးတင်တရားစွဲဆိုခြင်းမရှိ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အမေရိကန်က RAB အရာရှိ ကြီး ၇ ဦးကို ဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။ ကာရှတ်ဟိုစိန်ဟာ ရှိတ်ဟာစီနာ သဘောကျလုပ်ကိုင်တတ်သူ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ (မှုခင်းနဲ့စစ်ဆင်ရေးဌာန)  ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အတိုက်အခံ BNP ပါတီအစိုးရလက်ထက် ထိန်းသိမ်းခံခဲ့ဖူးပါတယ်။


၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက် (တနင်္လာနေ့) မှာ မြန်မာဘက်ခြမ်းမှာ သေန်သံများ မကြားရတော့ပဲ ငြိမ်သက်သွား ကြောင်း ရှာပူရီဒေသခံများက ပြောပါတယ်။ တနင်္ဂနွေ ညဦးပိုင်းအထိ သေနတ်သံများကြားရပေမယ့် တနင်္လာနေ့ မနက် ၃ နာရီလောက်မှာ တိတ်ဆိတ်သွားခဲ့ကြောင်း နတ်မြစ်အတွင်း ကင်းလှည့်မှုများကို တိုးမြှင့်ထားပြီး  ခိုးဝင်ရန် ကြိုးစားသူ ရခိုင်မြောက်ပိုင်းနေ ဘင်္ဂါလီ ၉ ဦးကို တားဆီးခဲ့ကြောင်း၊ ယခုလစောစောပိုင်း နယ်စပ်ရောက်ရှိနေသူ ဘင်္ဂါလီ ၄ဝဝ ခန့်ကို ဥပဒေနှင့်အညီပြန်ပို့ပေးခဲ့ကြောင်း၊ မြစ်ကြောင်းမှ ဝင်ရောက်ရန်ကြိုးစားတဲ့ ဘင်္ဂါလီ ၂ဝဝ ခန့် ကို ကမ်းခြေစောင့်တပ်က မောင်းထုတ်ခဲ့တယ်လို့ မီဒီယယာများက ရေးသားပါတယ်။


၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် (အင်္ဂါနေ့) မှာ စစ်တကောင်းပြည်နယ် ဘန်ဒါဘန်ခရိုင်နယ်စပ်ဒေသမှာ လုံခြုံရေး အခြေအနေကြောင့် ပိတ်ထားရတဲ့ မဒရပ်ဆာဘာသာရေးကျောင်း အပါအဝင် မူလတန်းကျောင်း ၅ ကျောင်းကို ပြန် လည် ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ မြန်မာဘက်ခြမ်းတိုက်ပွဲများကြောင့် မတည်မငြိမ်ဖြစ်လာတဲ့အတွက် အဲဒီ စာသင်ကျောင်းများကို ဇန်ဝါရီလ ၂၉ ရက်မှာ စတင်ပိတ်ထားခဲ့ရပါတယ်။ ဒါပေမယ့်  နယ်စပ်အခြေအနေများ ငြိမ်သက်သွားတဲ့အတွက် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါတယ်။


ဇန်နဝါရီ ၁၃ ရက်မှစတင်ပြီး  မြန်မာဘက်ခြမ်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်လာခဲ့ ကြောင်း၊ နယ်စပ်ဖြတ်ကျော်လာတဲ့လက်နက်ကြီးနဲ့ သေနတ်ကျည်များ အဆက်မပြတ်ကျရောက်နေမှုကြောင့် စာသင်ကျောင်းများ ပိတ်ထားလိုက်ကြောင်း ခရိုင်အုပ်ချုပ်ရေးက ကြေညာခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၆ ရက် နောက်ပိုင်းအခြေအနေများ ပုံမှန်ပြန်ဖြစ်လာပေမယ့် အုပ်ချုပ်ရေးပိုင်းမှ ဆက်လက်စောင့်ကြည့်နေခဲ့ကြောင်း၊  စိုးရိမ်စရာများ မရှိတဲ့အဆုံး ယခုလို စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနောက် မြန်မာနယ်စပ်ကို ဦးတည်ပြီး ဘင်္ဂလားဒေ့ရှ်တင့်ကားများ သွားရောက်နေကြာင်း သတင်းများ လူမှုကွန် ရက်မှာ ပျံ့နှံ့လာခြင်းဖြစ်ပါတယ်။ ဗီဒီယိုရဲ့သတင်းရင်းမြစ်ခိုင်မာမှုကို အတည်ပြုနိုင်ခြင်းမရှိပါ။ နှစ်ရက်နေ့ ဘယ်အချိန်ဆိုလည်း မသိရပါ။


၁ဝ၂၇ စစ်ဆင်ရေး မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့မှာ ပါဝင်တဲ့ AA ဟာ ၂၀၂၄ ဇန်နဝါရီလမှာ အိန္ဒိယနိုင်ငံရဲ့ ရခိုင် ပြည်နယ်မြောက်ပိုင်း ကုလားတန်ဘက်စုံစီမံကိန်းမှာ အချက်အချာဖြစ်တဲ့ ပလက်ဝမြို့ကို သိမ်းပိုက်ခဲ့ပါတယ်။ နောက် ရက်သတ္တပတ်များအတွင်းမှာပဲ စီမံကိန်းရဲ့မဟာဗျူဟာမြောက်မြို့များဖြစ်တဲ့ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်မြို့များကို ဆက်တိုက်သိမ်းယူခဲ့ပါတယ်။ 

တရုတ်ရဲ့ကိုယ်စားပြု ပရောက်ဆီလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ AA ရဲ့ စစ်ရေးလှုပ်ရှားမှုများကို အိန္ဒိယမီဒီယာများက သတိပြူစောင့်ကြည့်နေကြပြီး အထူးသဖြင့် ပလက်ဝမြို့ ကျဆုံးသတင်းနဲ့ နောက်ဆက်တွဲဖြစ်နိုင်ခြေများကို စိုးရိမ် တကြီး ခန့်မှန်းရေးသားနေကြပါတယ်။ အထူးသဖြင့် ကုလားတန်စီမံကိန်းက သူတို့ရဲ့စီးပွားရေးနဲ့ လူနေမှုဘဝကို မြှင့်တင်ပေးလိမ့်မယ်လို့ ယုံကြည်ကြသူ ချင်းမျိုးနွယ်စုတို့ဟာ သူတို့နယ်မြေအတွင်း ရခိုင်တပ်များ နေရာယူလာ ခြင်းကို မနှစ်မြို့ပဲရှိနေကြာင်း ဖော်ပြကြပါတယ်။ 

Chin World ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ ဇန်နဝါရီလ ၂၄ ရက် နောက်ပိုင်း ယခုအချိန်ထိ ချင်းပြည်နယ် ပလက်ဝမြို့နယ် မရာလူမျိုးစုများနေထိုင်ရာဒေသမှာ ချင်းတပ်ဖွဲ့များအချင်းချင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် သေဆုံးဒဏ်ရာရရှိများဖြစ်ပေါ်လျက်ရှိတယ်လို့ ရေးသားပါတယ်။ 

CAN, CDF-Mara ပူးပေါင်း ချင်းအမျိုးသားတပ်နဲ့ မရာလန်းကာကွယ်ရေးတပ်မဟာမိတ် MDF တို့အကြား တိုက်ပွဲ များဖြစ်ပွားခဲ့ကြောင်း MDF တို့ဘက်က ရက္ခိုင့်တပ် AA က ကူညီတိုက်ခိုက်လျက်ရှိတယ်လို့ သိရှိရပါတယ်။ 

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဆေးခြောက်ကိုအပန်းဖြေဖို့ အသုံးပြုခြင်းကို တားမြစ်ပိတ်ပင်မယ်လို့ ထိုင်းအစိုးရပြော

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved