တောင်ကိုရီးယား K pop အဖွဲ့ Aespa ရဲ့အဖွဲ့ဝင် ကာရီနာနဲ့ တောင်ကိုရီးယားမင်းသား လီဂျေဝုခ်တို့ date နေကြပြီဖြစ်ကြောင်း အေဂျင်စီတွေ အတည်ပြု
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၂၈
နာမည်ကျော် K-pop မိန်းကလေးအဖွဲ့ Aespa ရဲ့ အဖွဲ့ဝင် ကာရီနာ နဲ့ Alchemy Of Souls မင်းသား လီဂျေဝုခ်တို့ဟာ date နေကြတယ်လို့ ၎င်းတို့အေဂျင်စီတွေက အတည်ပြုလာခဲ့ပါတယ်။
ဒီသတင်းကို တောင်ကိုရီးယားအနုပညာရှင်တွေရဲ့အတင်းအဖျင်းနဲ့ dating တွေကို အနံ့ခံကောင်းတဲ့သတင်းဌာန Dispatch က ပထမဆုံး ဖော်ပြခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းမှာ ၎င်းတို့ရဲ့ အေဂျင်စီတွေက အတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။
အင်္ဂါနေ့ (ဖေဖော်ဝါရီ ၂၇ ရက်) နံနက်ပိုင်းက Dispatch မှ သတင်းအချက်အလက်အရ ကာရီနာ နဲ့ လီတို့ဟာ ဇန်နဝါရီ ၁၄ ရက်က မီလန်မှာ ပြုလုပ်တဲ့ Prada ဖက်ရှင်ရှိုးမှာ ပထမဆုံးတွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး၊ မြင်မြင်ချင်း အချစ်ဖြစ်တယ်လို့ သိရပါတယ်။
ကာရီနာရဲ့အေဂျင်စီ SM Entertainment က"ကာရီနာနဲ့ လီဂျေဝုခ်တို့ဟာ အခုတစ်ယောက်နဲ့တစ်ယောက် လေ့လာနေကြပါတယ်" လို့ ဆိုပါတယ်။
ကာရီနာဟာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလက Aespa ရဲ့အဖွဲ့ဝင်တစ်ဦးအဖြစ် ပထမဆုံး ပွဲဦးထွက်ခဲ့ပါတယ်။
အဲဒီအချိန်ကစ Aespa ဟာ K-pop ရဲ့ စတုတ္ထမျိုးဆက်များကြား အအောင်မြင်ဆုံး မိန်းကလေးအဖွဲ့တစ်ဖွဲ့ ဖြစ်လာခဲ့ပါတယ်။
အဲဒီထဲကမှ ကာရီနာဟာ Instagram မှာ Follower ၁၂ သန်းကျော်နဲ့ follower အများဆုံး အမျိုးသမီး Idol တွေထဲက တစ်ယောက်ဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နယူးဇီလန်က ကမ္ဘာ့ပထမဆုံး ဆေးရွက်ကြီး တားမြစ်ချက်ဥပဒေ ပြင်ဆင်နေ
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ