နေပြည်တော် အပါအဝင် မြို့(၄)ခု၌ နိုင်ငံကူးလက်မှတ်လျှောက်ထားမှုကို Online Booking စနစ်ဖြင့် ဆောင်ရွက်နိုင်ကြောင်း အသိပေး
ယွန်း (NSS) - ဖေဖော်ဝါရီ ၂၅
နေပြည်တော် အပါအဝင် မြို့(၄)ခု၌ နိုင်ငံကူးလက်မှတ်လျှောက်ထားမှုကို Online မှ Booking စနစ်ဖြင့် ဆောင်ရွက်နိုင်ကြောင်း မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရုံးက ဖေဖော်ဝါရီလ(၂၄)ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များအား ပုံမှန်လုပ်ငန်းစဥ်အတိုင်း စိစစ်ထုတ်ပေးနေပြီး နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)တွင် Online Booking တင်၍ QR စနစ်ဖြင့် လူဦးရေ(၂၇၀၀)ကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ထို့ပြင် နေပြည်တော်၊ မြစ်ကြီးနား၊ ဟားခါး၊ လွိုင်ကော်၊ မကွေး၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ တာချီလိတ်၊ ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ ထားဝယ်၊ ကော့သောင်း၊ ပုသိမ်၊ စစ်တွေ၊ ပဲခူးမြို့များရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲများတွင်လည်း သတ်မှတ်လူဦးရေအတိုင်း ရုံးဖွင့်ရက်များတွင် နေ့စဉ်လက်ခံဆောင်ရွက်ပေးနေကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီလ(၂၆)ရက်မှစ၍ မန္တလေး၊ ပုသိမ်၊ နေပြည်တော် နှင့် ပဲခူးရုံးခွဲတို့တွင် ဆောင်ရွက်နိုင်မည့် သက်ဆိုင်ရာပြည်နယ်/ တိုင်းဒေသကြီးရှိ အိမ်ထောင်စုစာရင်းဝင် နိုင်ငံကူးလက်မှတ်လျှောက်ထားသူများအတွက် အဆင်ပြေစေရန် KBZPay / MPU Card ဖြင့် ယနေ့(ဖေဖော်ဝါရီလ ၂၅ ရက်)၊ နံနက်(၉)နာရီမှစ၍ Online မှ Booking တင်၍ Appointment Date ရယူဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Online မှ Booking တင်ရာ၌ အထက်ပါပြည်နယ်/ တိုင်းဒေသကြီးရှိ အိမ်ထောင်စုစာရင်းဝင်သူများမဟုတ်ပါက Booking ရသော်လည်း ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ဆိုထားသည်။
Online မှ Booking ရရှိပြီးသူများ၏ နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားမှုအား လဝကမှ စိစစ်ထားသော UID နံပါတ်များရှိပါက တစ်ပါတည်းယူ ဆောင်လာရမည်ဖြစ်ပြီး Booking တင်ရာတွင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ Website ၏ www.passport.gov.mm တွင် ဝင်ရောက်လျှောက်ထားရန် အသိပေးထားသည်။
ထိုသို့ KBZPay / MPU Card ဖြင့် ငွေပေးချေခြင်းကြောင့် ကြားခံပွဲစား/အကျိုးဆောင်များ မလိုအပ်ပဲ ကာယကံရှင်ကိုယ်တိုင်သာ လျှောက်ထားနိုင်ရေး စီစဥ်ထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်မှုမထမ်းဘဲ ပြည်ပသို့ တရားမဝင် ထွက်ခွာပါကဘာတွေကြုံရနိုင်လဲ . . . (အင်တာဗျူး)
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း