အမရပူရမြို့နယ်တွင် ယာဉ်(၄)စီးတိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိ
စော (NSS) - ဖေဖော်ဝါရီ ၂၅
မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် ယာဉ် (၄)စီးတိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၂၃ ရက်)၊ နံနက် (၈)နာရီခွဲဝန်းကျင်အချိန်တွင် အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာ၊ စစ်ကိုင်း-မန္တလေးလမ်း၊ ရတနာပုံတံတား(ဧရာဝတီ)အဆင်း၊ နှာပေါက်တိုးဂိတ်အနီး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေး)ထံမှ သိရသည်။
CANTER အမျိုးအစား (၆)ဘီးယာဉ်သည် ဘရိတ်ပေါက်ကာ SUZUKI CARRY ယာဉ်အားတိုက်မိခဲ့ရာ ၎င်းယာဉ်မှတစ်ဆင့် Super Custom ယာဉ်အား တိုက်မိခဲ့ခြင်းဖြစ်ပြီး ထိုယာဉ်မှတစ်ဆင့် NISSAN (၁၂)ဘီးယာဉ်အား ဆက်လက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“CANTER ယာဉ်က ဘရိတ်ပေါက်ပြီးတော့ ရှေ့ကားတွေကို ဝင်တိုက်မိတာ။ CANTER (၆)ဘီးပေါ်က ယာဉ်နောက်လိုက် အမျိုးသား ထိခိုက်ဒဏ်ရာရပါတယ်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေး)မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ယာဉ်တိုက်မှုကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောမီးလောင်ကျွမ်းမှုကြောင့် နေအိမ်များ ပျက်စီးသွားတဲ့အတွက် အရေးပေါ်အကူအညီများပေးဖို့ ဩစတေးလျဝန်ကြီးချုပ် ကတိပြု
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း