တောင်ကိုရီးယား BIGBANG အဖွဲ့ဝင် ဒယ်ဆောင်း "Falling Slowly" music album အတွက်ပြင်ဆင်နေ
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၂၄
တောင်ကိုရီးယား အမျိုးသား နာမည်ကျော် boy band BIGBANG အဖွဲ့ဝင် ဒယ်ဆောင်းဟာ ၎င်းရဲ့ solo comeback သီချင်းအယ်ဘမ် "Falling Slowly” အတွက် ပိုစတာအသစ်ကို ထုတ်ပြလာခဲ့ပါတယ်။
၎င်းရဲ့သီချင်း MV မှာ နာမည်ကျော်သရုပ်ဆောင်များဖြစ်တဲ့ ကင်ဆမ်ဟိုနဲ့ မွန်းဂါယောင်းတို့ ပါဝင်သွားမယ်လို့လည်း သိရပါတယ်။ ဖေဖော်ဝါရီ ၂၃ ရက်က ဒယ်ဆောင်းရဲ့အေဂျင်စီ R&D Company မှ ၎င်းရဲ့ solo comeback လာမယ့် အကြောင်းနဲ့ MV သရုပ်ဆောင်တွေအဖြစ် ကင်ဆမ်ဟိုနဲ့ မွန်းဂါယောင်းတို့ ပါဝင်သွားမယ်လို့ ထုတ်ဖော်ပြောကြား ခဲ့တာပါ။ လတ်တလောမှာတော့ ဂီတဗီဒီယိုရိုက်ကူးရေးတွေ ပြီးစီးပြီဖြစ်တယ်လို့ သိရပါတယ်။
ဒယ်ဆောင်းက ၎င်းရဲ့ comeback အပြင် မတ်လ ၁၆ နဲ့ ၁၇ ရက်နေ့တွေမှာ ၎င်းရဲ့ "D's ROAD in SEOUL” fan meeting မှ တစ်ဆင့် ပရိသတ်တွေနဲ့တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
"အနုပညာရှင်လည်း သာမာန် လူသားတစ်ဦးပါ"
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ