ရုရှားနျူကလီးယားတပ်ဖွဲ့ဝင် အားလုံး၏ ၉၅ ရာခိုင်နှုန်းကို ခေတ်မီတိုးတက်အောင်လုပ်ဆောင်ထားကြောင်း ရုရှားသမ္မတပြော
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၂၄
ရုရှားသမ္မတပူတင်က ရုရှား၏မဟာဗျူဟာမြောက် နျူကလီးယားတပ်ဖွဲ့အားလုံး၏ ၉၅ ရာခိုင်နှုန်းကို ခေတ်မီ တိုးတက်အောင် လုပ်ဆောင်ထားနိုင်ပြီးမကြာခင်တွင် နျူကလီးယားလက်နက်များ တင်ဆောင်နိုင်သော စူပါဆိုးနစ် ဗုံးကြဲလေယာဉ် လေးစင်းကိုလွှဲပြောင်းပေးတော့မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ရုရှားသမ္မတပူတင်သည် ယူကရိန်းနှင့်ဖြစ်ပွားနေသည့် စစ်ပွဲတွင်ပါဝင်တိုက်ခိုက်ခဲ့သော ရုရှားတပ်ဖွဲ့များကို ချီးကျူး ဂုဏ်ပြုသောအခမ်းအနားတွင် ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ ရုရှားသမ္မတပူတင်က "မဟာဗျူဟာမြောက် နျူကလီးယားမြေပြင်တပ်ဖွဲ့၊ လေတပ်နဲ့ ရေတပ်တွေအားလုံးကို လက်ရှိအချိန်မှာ ခေတ်မီအောင်လုပ်ဆောင်သွား မယ်။ တပ်ဖွဲ့တွေကိုစစ်မှန်တဲ့တိုက်ပွဲ အတွေ့အကြုံရယူမှုနဲ့အတူ တပ်ဖွဲ့အားလုံးကို ပိုမိုအင်အားတောင့်တင်းစေဖို့ ဆက်လက်လုပ်ဆောင်မယ်။ လက်နက်တပ်ဆင်မှု အပါအဝင် ခေတ်မီတိုးတက်ရေးကြိုးပမ်းမှုအားလုံးကို လုပ်ဆောင်မယ်။ လက်ရှိအချိန်မှာ နျူကလီးယားတပ်ဖွဲ့ဝင်အားလုံးရဲ့ ၉၅ ရာခိုင်နှုန်းကို ခေတ်မီလက်နက်တွေ တပ်ဆင်ထားတယ်" ဟု ပြောသည်။
ရုရှားသမ္မတပူတင်က ရုရှားနိုင်ငံသည် အသံထက်မြန်သော ဒုံးကျည်အမျိုးစားဖြစ်သော Zircon အမျိုးအစားအသစ် များကို တိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ်ပြီး တိုက်ခိုက်မှုအသစ်များထပ်မံလုပ်ဆောင်မည်ဟု ပြောသည်။ ရုရှားသည် ၎င်းတို့၏ တပ်ဖွဲ့များကို မဟာဗျူဟာမြောက်ရေငုပ်သင်္ဘောများ နှင့် Tu-160M အမျိုးအစား ဗုံးကြဲလေယာဉ် လေးစင်းကို လွှဲပြောင်းပေးတော့မည်ဖြစ်ကြောင်း သိရသည်။
ရုရှားသမ္မတ က "ရုရှားနိုင်ငံဟာ ခေတ်မီလက်နက်တွေ ထုတ်လုပ်မှုတွေကို တိုးမြှင့်လုပ်ဆောင်သွားမယ်။ စစ်ဘက်မှာ ဉာဏ်ရည်တု နည်းပညာအသုံးပြုတွေလည်းလုပ်ဆောင်မယ်" ဟု ပြောသည်။ ယူကရိန်းနှင့်စစ်ပွဲ ဖြစ်လာခဲ့ပြီးနောက်ပိုင်း ရုရှားသည် ၎င်းတို့တပ်ဖွဲ့ဝင်များကို ယခင်ထက်အင်အားပိုမိုကောင်းမွန်စေရန် နှင့် ခေတ်မီလက်နက်များ ပိုမိုတောင့်တင်းစေရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နဂါးနှစ်မှာ တရုတ်နိုင်ငံတစ်ဝှမ်း ကလေးမွေးဖွားမှုနှုန်း မြင့်တက်နိုင်
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ