ပါကစ္စတန်အစိုးရသစ်လက်ထက် အိန္ဒိယ-ပါကစ္စတန်ဆက်ဆံရေး၏ အလားအလာ
ALynn (NSS) - ဖေဖော်ဝါရီ ၂၃
ပါကစ္စတန်သည် မကြာသေးမီက ကျင်းပခဲ့သောရွေးကောက်ပွဲ၌ မည်သည့်ပါတီမှ မဲအများစုဖြင့် အနိုင်ရခဲ့ခြင်းမရှိ သော်လည်း နိုင်ငံရေးအား ဆက်လက်ရှေ့ဆက်ရန် ကြိုးပမ်းလျက်ရှိသည်။ ထို့ကြောင့် နိုင်ငံရေးခေါင်းဆောင်များ သည် အစိုးရသစ်ဖွဲ့စည်းနိုင်ရန် အာဏာခွဲဝေရယူဖို့ သဘောတူခဲ့ကြသည်။
အစိုးရသစ်ကို ဦးဆောင်သွားမည့်ပါတီများမှာ တပ်က ကျောထောက်နောက်ခံပြု ထားသည့် PML-N ပါတီနှင့် PPP ပါတီတို့အပြင် အခြားပါတီငယ်များ ပါဝင်သွားမည်ဖြစ်သည်။ ပါတီကြီး ၂ ခုလုံးက Shehbaz Sharif ကို ဝန်ကြီးချုပ်အဖြစ်လည်းကောင်း၊ လုပ်ကြံခံရသည့် ဝန်ကြီးချုပ်ဟောင်း၏ အမျိုးသားဖြစ်သူ Asif Ali Zardari ကို သမ္မတအဖြစ်လည်းကောင်း ခန့်အပ်ရန် သဘောတူခဲ့ကြသည်။
အိမ်နီးချင်းပါကစ္စတန်၏ အခြေအနေကို အနီးကပ်စောင့်ကြည့်နေသော အိန္ဒိယက ပါတီစုံညွန့်ပေါင်းအစိုးရသည် အားနည်းပြီး တည်မြဲမှုရှိမည်မဟုတ်ကြောင်း သုံးသပ်ခဲ့သည်။ ယင်းမှာ ဖေဖော် ဝါရီလ ၈ ရက်က ကျင်းပခဲ့သည့် ပါကစ္စတန်ရွေးကောက်ပွဲသည် မဲမသမာမှုများရှိနေသည်ဟူသော စွပ်စွဲချက်များကြောင့်လည်း ဖြစ်နိုင်သည်။ အစိုးရသစ်သည် ပါလီမန်တွင် အကြီးဆုံးအမတ်အစု အဖွဲ့အဖြစ် ပါဝင်နေသည့် ဝန်ကြီးချုပ်ဟောင်း Imran Khan ဦးဆောင်သော PTI ပါတီ၏ ပြင်းထန်သော ဖိအားပေးမှုများကို ရင်ဆိုင်ရဖွယ်ရှိသည်။
မဲဆွယ်ပွဲအတွင်း Imran Khan ၏ ပြိုင်ဖက်များကို စစ်တပ်က ကျောထောက်နောက်ခံပြုပေးထားကြောင်းစွပ်စွဲခဲ့ပြီး ရွေးကောက်ပွဲ ရလဒ်သည် ပါကစ္စတန်စစ်တပ်၏ တရားဝင်မှုနှင့် ကာကွယ်ရေးဦးစီးချုပ် Asim Munir ၏ အချုပ် အခြာအာဏာကို နိမ့်ကျသွားစေသည်ဟု အိန္ဒိယက ဝေဖန်ထားသည်။ သို့သော် စစ်တပ်နှင့် ဆက်နွယ်သောပါတီ များသည် PTI ပါတီအား အစိုးရအဖွဲ့မှ ဖယ်ထုတ်ရန် ကြိုးပမ်းလျက်ရှိသည်။
သံတမန်ဟောင်းများနှင့်မူဝါဒရေးရာကျွမ်းကျင်သူများက ပါကစ္စတန်၏ ညွန့်ပေါင်းအစိုးရသစ်သည် စီးပွားရေး အကျပ်အတည်းများ၊ လုံခြုံရေးပြဿနာများကို ကနဦး ဦးစားပေးဖြေရှင်းရမည်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။
ပါကစ္စတန်၏ ဒီမိုကရေစီသည် ပြိုလဲပျက်စီးလွယ်ဖြစ်နေသော်လည်း ဝန်ကြီးချုပ်သစ်အဖြစ် တာဝန်ထမ်းဆောင် မည့် Shehbaz Sharif သည် မျှော်လင့်ချက်ရောင်ခြည်သစ်တစ်ခုဖြစ်လာနိုင်သည်။ Shehbaz Sharif ၏ အစ်ကိုဖြစ်သူ ယခင်ဝန်ကြီးချုပ်ဟောင်း Nawaz Sharif သည် အိန္ဒိယနိုင်ငံနှင့် ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းခဲ့ဖူး သည်။ ၎င်းသည် အိန္ဒိယနှင့် ဆက်ဆံရေးပြန်လည်သင့်မြတ်ရာ သင့်မြတ်ကြောင်းများကိုလည်း မကြာခဏ ထုတ်ပြန်ပြောကြားခဲ့ဖူးသည်။
အိန္ဒိယအတွက် အဓိကပြဿနာမှာ အစိုးရသစ်သည် နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုပြဿနာများကို ကိုင်တွယ် ဖြေရှင်းနိုင်ခြင်း ရှိ/မရှိ ဖြစ်ကြောင်း သိရသည်။ ပါကစ္စတန်ဆိုင်ရာ အိန္ဒိယ မဟာမင်းကြီးဟောင်း Ajay Bisaria က “လက်ရှိ ပါကစ္စတန်အရပ်သား အစိုးရရဲ့ အိန္ဒိယမူဝါဒနဲ့ပတ်သက်ပြီး အသေအချာခန့်မှန်းလို့မရသေးပေမယ့် Sharif ညီအစ်ကိုတွေက Imran Khan ထက်စာရင်တော့ အိန္ဒိယနဲ့ပိုသင့်မြတ်တဲ့သမိုင်းကြောင်းတွေရှိခဲ့တယ်” ဟု သုံးသပ်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေစက်တော်ဘုရားပွဲသို့ ဘုရားဖူးလာသည့် အမျိုးသမီးတစ်ဦး ရေနစ် သေဆုံးမှုဖြစ်ပွား
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ