တာချီလိတ်မြို့တွင် Toyota ကားအတွင်းမှ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူတစ်ဦးထိခိုက်ဒဏ်ရာရ
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် Toyota ကားတစ်စီးအတွင်းမှ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူတစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဖေဖော်ဝါရီ ၂ဝ ရက်)၊ ညပိုင်းအချိန်တွင် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ ရွှေလင်းယုန် ဂေါက်ကွင်းအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပေါက်ကွဲတဲ့ကားက Toyota အမျိုးအစားကားပေါ့။ ကားထဲကနေပေါက်တာ။ အမျိုးသားတစ်ဦးတော့ ဒဏ်ရာ ရသွားတယ်။ အဲဒီကား ကလား ဘယ်ကလူလဲတော့ ကျွန်တော်တို့လည်း သေချာမသိပါဘူး။ ကားတော့ ပျက်စီးသွား တာရှိတယ်” ဟု ဒေသခံလူမှုကူညီရေးအသင်း တစ်ခုမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ ကားဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် Toyota အမျိုးအစား ကားတွင် ပျက်စီးမှုတချို့ရှိခဲ့ပြီး အသက်(၃၀)ဝန်းကျင် အမျိုးသားတစ်ဦးသည်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူအမျိုးသားကို တာချီလိတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး ၎င်းကား ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်တွင်လည်း ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှေ့၌ ကားတစ်စီးအောက်မှ ဗုံးပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ပွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပိတောက်ပွင့်ဆဲ လသာဆဲ ရုရှားစီးပွားရေး (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
08 Nov 2024 | မှုခင်း,ပြည်တွင်း
07 Nov 2024 | မှုခင်း,ပြည်တွင်း