Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပိတောက်ပွင့်ဆဲ လသာဆဲ ရုရှားစီးပွားရေး (ဘာသာပြန်ဆောင်းပါး)

  သန်းထိုက်စိုး (NSS) ဖေဖော်ဝါရီလ ၂၁

ရုရှားနိုင်ငံရေးလောကတွင် သမ္မတ ဗလာဒီမာပူတင် တာဝန်ယူခဲ့သည့် ၂၄ နှစ်တာကာလ အတွင်း ရုရှားနိုင်ငံ သားများ၏ လူနေမှုအဆင့်အတန်း မှာ သိသိသာသာ တိုးတက်လာခဲ့သည်။ နိုင်ငံ၏ အဓိက ပို့ကုန်ဖြစ်သည့် ရေနံ ဈေးနှုန်းကြီးမြင့်မှုသည် ၁၉၉၀ ပြည့်နှစ် ဖရိုဖရဲအခြေအနေမျိုးမှ ထွက်ပေါ်လာ သည့်ရုရှားနိုင်ငံတွင် သမ္မတ ဗ လာဒီမာပူတင်၏ ရပ် တည်မှုကိုခိုင်မာစေခဲ့သည်။ နိုင်ငံသား သန်းပေါင်းများ စွာ၏ ဝယ်နိုင်စွမ်းအားနှင့် ဝင်ငွေမှာ လည်း မြင့်မား လာခဲ့သည်။ 

   ၂၀ဝ၈ ခုနှစ်တွင် ဘဏ္ဍာရေးအကျပ်အတည်း ကြုံတွေ့ခဲ့ရခြင်း၊ ၂၀၁၄ ခုနှစ်တွင် ရုရှားတို့က ခရိုင်းမီးယား ကျွန်းဆွယ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းကြောင့် အနောက်နိုင်ငံများ၏ ဒဏ်ခတ် ပိတ်ဆို့မှု ခံခဲ့ရခြင်းနှင့် ၂၀၂၂ ခုနှစ်တွင် ယူကရိန်း နိုင်ငံကို တိုက်ခိုက်ခဲ့ခြင်းကြောင့် အနောက်နိုင်ငံ များ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံကြုံ တွေ့ရခြင်းတို့ကြောင့် ရုရှားစီးပွားရေးမှာ ပိန်လှီချည့်နဲ့သွားလိမ့်မည်ဟု စီးပွားရေးကျွမ်းကျင်သူများ၊ ကမ္ဘာ့ ငွေကြေး အဖွဲ့အစည်းများက ယူဆခဲ့ကြသည်။ ယခုအခါ ၎င်းတို့၏ အထင်နှင့်အမြင်မှာတက်တက်စင်လွဲခဲ့သည်။ 

                                                  သမ္မတဗလာဒီမာပူတင် ဘာပြောလဲ 

   ရုရှားစီးပွားရေးမှာ ၂၀၂၃ ခုနှစ်အတွင်း ၃ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။ အနောက်နိုင်ငံများ၏ များပြားလှသော ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ကြီးမားသော ကမ္ဘာလုံးဆိုင်ရာ ဈေးကွက် များနှင့် ဖြတ်တောက် ခံ ထားရသည့်ကြားထဲမှ တိုးထွက်ပြီး ယခုကဲ့သို့ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ ရုရှားစီးပွားရေးမှာ အနောက် နိုင်ငံဈေးကွက်များနှင့် အောင်အောင်မြင်မြင် ဖယ်ခွာနိုင်ခဲ့ကြောင်း၊ ပြည်တွင်း ဖူလုံမှုရှိအောင် ဆောင်ရွက်ကာ တစ်ချိန်တည်းမှာပင် ကုန်သွယ်မှုအသစ်များကိုလည်း စတင်နိုင်ခဲ့ကြောင်း သမ္မတဗလာဒီမာပူတင်က ထုတ် ဖော်ပြော ဆိုခဲ့သည်။ 

   ရုရှားစီးပွားရေးမှာ ၂၀၂၄ ခုနှစ်တွင်လည်း ဆက်လက်တိုးတက်နေလိမ့်မည်ဟု ကျွမ်းကျင်သူများ က မျှော်မှန်းထားကြသည်။ ရုရှားစီးပွားရေး တိုးတက် လာရသည့် အကြောင်းအရင်းတစ်ချက်မှာ ရေနံနှင့် ဓာတ်ငွေ့အခွန် အပေါ်တွင် ဘတ်ဂျက်မှီခိုမှု လျှော့ချ နိုင်ခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။ ထို့ပြင် နိုင်ငံခြားငွေ ကြေး၌ ရုရှားတို့၏ လမ်းဖွင့်ပေးမှုနေရာတွင် တရုတ် လုပ်ငန်းရှင်များ ဝင်ရောက်လာခဲ့ခြင်းနှင့် ဒဏ်ခတ် ပိတ်ဆို့မှုများကြောင့် အနောက်နိုင်ငံကုမ္ပဏီများ ထွက်ခွာသွားကြသော်လည်း ဘဏ်လုပ်ငန်းကို ပြန် လည်ရှင်သန်နိုးထအောင် ဆောင်ရွက်နိုင်ခဲ့ခြင်း ကြောင့် ဖြစ်သည်။ ရုရှားစီးပွားရေး တိုးတက်လာမှု တွင် အကောင်းမြင်စရာများ ရှိသော်လည်း ရေရှည် တွင် ဖြေရှင်းရမည့် စိန်ခေါ်မှုများရှိနေဆဲ ဖြစ်သည်။ 


ရုရှားစီးပွားရေးတိုးတက်လာရခြင်း၏ အခြားအ ကြောင်းတစ်ခုမှာ ပြည်တွင်းလိုအပ်ချက် မြင့်မားလာခြင်းကြောင့်လည်းပါဝင်ပြီး ယင်းမှာ အခြားစီးပွားရေး ကဏ္ဍများထက် စစ်ဘက်ဆိုင်ရာ ပစ္စည်းအမှာများ ပိုမိုမြင့်တက်လာခြင်းလည်း ဖြစ်သည်။ ရုရှားနိုင်ငံသား ငါးသိန်းကျော်သည် ၂၀၂၂ ခုနှစ်ကတည်းက ကာကွယ်ရေးလုပ်ငန်းများတွင် ဝင်ရောက်လာခဲ့ကြကြောင်း သမ္မတဗလာဒီမာ ပူတင်က ပြောဆိုထား သည်။ 

  စစ်ဘက်ဆိုင်ရာအပေါ် ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၂၄ ခုနှစ်တွင် ပို၍ပင် မြင့်တက်လာမည်ဟုလည်း ဆိုသည်။ ထိုသို့ဆိုရခြင်းမှာ ရုရှားအစိုးရအနေဖြင့် ကာကွယ်ရေး အသုံးစရိတ်တွင် ၇၀ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲရန် လျားထားခြင်းကြောင့် ဖြစ်သည်။ နိုင်ငံ၏ စီးပွားရေးသည် ချမှတ်ထားသည့် အနောက် နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုကို ထိုးနှက်နိုင်ခဲ့ ကြောင်း သမ္မတဗလာဒီမာပူတင်က ရုရှားလက်နက် မြို့တော်ဟု ခေါ်ဆိုကြသည့် Tula မြို့ လူထုအခမ်း အနားတစ်ခုတွင်ပြောကြားခဲ့သည်။ “သူတို့က ကျွန် တော်တို့ကို ကျရှုံးစေချင်တယ်၊ ပြိုကွဲစေချင်တယ်၊ ဒါပေမဲ့ ကျွန်တော်တို့က သူတို့ ဖြစ်စေချင်သလို မဖြစ်အောင် လုပ်နိုင်ခဲ့တယ်၊ သူတို့အောင်မြင်အောင် မလုပ်နိုင်ကြဘူး၊ ကျွန်တော်တို့ရဲ့ စီးပွားရေးဟာ သူတို့စီးပွားရေးနဲ့မတူဘဲ တိုးတက်ပြီးရင်း တိုးတက်နေပါတယ်” ဟု သမ္မတဗလာဒီမာပူတင်က ဂုဏ်ယူ ဝင့်ကြွားစွာ ပြောဆိုခဲ့သည်။ နိုင်ငံခြား ကြွေးမြီတင် ရှိမှုမှာလည်း ကျဆင်းလာကြောင်း၊ ယင်းမှာ မေခရို စီးပွားရေး တည်ငြိမ်မှုနှင့် ဘဏ္ဍာရေး တည်ငြိမ်မှုကို ပြသနေခြင်းပင် ဖြစ်ကြောင်းလည်း သမ္မတဗလာဒီမာ ပူတင်က ထည့်သွင်းပြောဆိုခဲ့သည်။ 

   အစိုးရကြွေးမြီမှာ အမေရိကန်ဒေါ်လာ ၄၆ ဘီလျံမှ ၃၂ ဘီလျံအထိ လျှော့ချနိုင်ခဲ့ကြောင်း၊ ပုဂ္ဂလိက ကဏ္ဍ နိုင်ငံခြားကြွေးမြီမှာလည်း အမေရိ ကန်ဒေါ်လာ ၃၃၇ ဘီလျံမှ ၂၉၇ ဘီလျံအထိ လျှော့ချ နိုင်ခဲ့ကြောင်း ရုရှားဗဟိုဘဏ်ကလည်း ထုတ်ပြန်ထား သည်။ နိုင်ငံ၏ စက်မှုလုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုမှာ လည်း ၃ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၇ ဒသမ ၅ ရာခိုင် နှုန်းဖြင့် အသီးသီးတိုးတက်နေသည်။ ၂၀၂၃ ခုနှစ် အတွင်း စက်ရုံ၊ ယာဉ်၊ ယန္တရား စသည့် ပုံသေငွေရင်း Fixed capital တို့တွင် ရင်းနှီးမြှုပ်နှံမှုမှာ ၁၀ ရာခိုင် နှုန်းအထိ တိုးတက်လာခဲ့သည်။ ယင်းမှာ ကာလလတ် တွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရှိမည်ဆိုသည်ကို ညွှန်ပြနေခြင်း ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ဆက်လက်ပြီး ငွေကြေးထည့်ဝင်မည်ဆိုပါက ကုန်ထုတ်လုပ်မှုမှာလည်း ကျယ်ပြန့် လာကာ အလုပ် အကိုင်သစ်များလည်း ဖန်တီးနိုင်မည်ဖြစ်ကြောင်း လည်း သမ္မတဗလာဒီမာပူတင်က ထည့်သွင်း ပြောဆို ခဲ့သည်။ အကျိုးအမြတ်ရရှိမှုမှာ ၂၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ဘဏ်များအနေဖြင့် လည်း အမေရိ ကန်ဒေါ်လာ ၃၃ ဒသမ ၉ ဘီလျံကျော် ရရှိပြီး လုပ်ခ လစာများတိုးမြင့်ကာ အလုပ်လက်မဲ့နှုန်းမှာလည်း လက်ရှိတွင် ၃ ရာခိုင်နှုန်းအောက်တွင်သာ ရှိသည်။

   နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့  IMF ၏ ရုရှားနိုင်ငံအတွက် ပြည်တွင်းအသားတင် ထုတ် လုပ်မှု ခန့်မှန်းချက်အရလည်း ယခုနှစ်အတွင်း ၂ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်လာနိုင်ကြောင်း ဖော်ပြ ထားသည်။ ယူကရိန်းကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဒဏ်ခတ်ပိတ်ဆို့မှု အများအပြားခံခဲ့ရသည့် ရုရှား စီးပွားရေး၏ ခံနိုင်ရည်ရှိမှုမှာ စီးပွားရေးပညာရှင်များကိုပင် အံအားသင့်စေခဲ့သည်။ ရုရှားနိုင်ငံ အနေဖြင့် ကာကွယ်ရေး အသုံးစရိတ်များ တိုးမြှင့်သုံးစွဲရခြင်းနှင့် စွမ်းအင်ကဏ္ဍမှ ဝင်ငွေရရှိမှု အကန့်အသတ်ရှိလာခြင်း တို့ကြောင့် စီးပွားရေးအပေါ်ရိုက်ခတ်မှုများရှိလာ လိမ့်မည်ဟု မျှော်မှန်းထားခဲ့ကြသည်။ သို့သော် ရုရှားနိုင်ငံသည် အဆိုပါအခြေအနေမျိုးမှ ရှောင်ထွက် နိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ 

                                         ရုရှားစီးပွားရေး ဘာကြောင့် ခံနိုင်ရည်ရှိတာလဲ 

   နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF အပါအဝင် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများ သည် ဒဏ်ခတ် ပိတ်ဆို့မှုများကြားမှ ရုရှားစီးပွားရေး တိုးတက်လာခြင်းအပေါ် အံ့အားသင့်ခဲ့ကြရသည်။ အလားတူ ကမ္ဘာ့ စီးပွားရေး ပညာရှင်များအတွက်လည်း မယုံကြည်နိုင်စရာ ဖြစ်ခဲ့ပြီး လူသားသမိုင်းတွင် အလှည့် အပြောင်း တစ်ခုပင် ဖြစ်ခဲ့သည်။ ရုရှားအစိုးရ သည်ပင် ယခုစီးပွားရေး အလှည့်အပြောင်းမျိုးကို မျှော်လင့်မထားခဲ့ကြောင်း ယခင် သမ္မတပူတင်၏ အကြံပေးဟောင်းတစ်ဦး ဖြစ်ခဲ့သူ မော်စကိုအခြေစိုက် သုတေသနအဖွဲ့တစ်ခု ဖြစ်သည့် Institute of Political Studies ၏ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ Sergey Markov  က Anadolu သတင်း ဌာနကို ပြောဆိုခဲ့သည်။ ယခုကဲ့သို့ ရုရှားစီးပွားရေး ခံနိုင်ရည် ရှိခြင်းမှာ ပြည်တွင်း၊ ပြည်ပ အကြောင်းအချက်များ ကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။ ပြည်တွင်းအ ကြောင်း အချက်များမှာ ရုရှား၏ ဓနဥစ္စာမှာ သဘာဝ အရင်း အမြစ်များပင် ဖြစ်သည်။ ရုရှားနိုင်ငံသည် နိုင်ငံ နယ်နိမိတ်အတွင်းမှာ အရင်းအမြစ်အားလုံးနီးပါး ရှိသည်။ အလားတူ ရုရှားနိုင်ငံသည် စီးပွားရေးကဏ္ဍအားလုံးတွင် ကောင်းစွာဖွံ့ဖြိုးသည့် စက်မှုလုပ်ငန်းများ ရှိပြီးဖြစ်သည်။ ယေဘုယျအားဖြင့် ထုတ်ကုန်အမျိုး အစားအချို့ ဈေးကြီးကောင်း ကြီးနိုင်သော်လည်း နိုင်ငံအတွင်းမှာပင် အားလုံးကိုထုတ်လုပ်နိုင်စွမ်းရှိ ကြောင်း Sergey Markov  က ဆိုသည်။ 

ရုရှားနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍမှာလည်း ပြည်တွင်းစားသုံးမှု ဖူလုံရုံသာမကဘဲ ပြည်ပ ပို့ကုန် အတွက်ပါ လုံလောက်အောင် ထုတ်လုပ်နိုင်သည်ဟု လည်း ၎င်းကဆိုသည်။ ထို့ပြင် ရုရှားနိုင်ငံသည် နည်းပညာပိုင်းတွင် လည်း ကောင်းစွာဖွံ့ဖြိုးတိုးတက်ပြီး Yandex ကဲ့သို့သော ကိုယ်ပိုင် search engine များ VK , OK , mail agents စသည့် ကိုယ်ပိုင် လူမှုကွန်ရက်များရှိသော နိုင်ငံအနည်းစုထဲတွင် ပါဝင်သည့် နိုင်ငံလည်း ဖြစ်နေ ကြောင်း ၎င်းကထောက်ပြ သည်။ ရုရှား၏ များပြားလှသည့် လူဦးရေကလည်း နိုင်ငံကို ပိုမိုဆွဲဆောင်မှုရှိသော ဈေးကွက်ဖြစ်စေပြီး ပြည်တွင်းလုပ်ငန်းများသည် ၁၄၆ ဒသမ ၅ သန်း ရှိသော လူဦးရေအား ဝမ်းဝအောင် ကျွေးနိုင်ပြီး ခါးလှအောင် ဆင်ပေးနိုင်စွမ်းရှိကြောင်း၊ ထို့ပြင် ရုရှားတွင် ကိုယ်ပိုင်ကောင်းစွာ လည်ပတ်နိုင်သည့် ဘဏ္ဍာရေး စနစ်ရှိပြီး နိုင်ငံအား ကမ္ဘာ့ငွေပေးချေမှု စနစ်နှင့် ဖြတ် တောက်လိုက်ချိန်တွင် ငွေကြေးလည် ပတ်စီးဆင်းမှုကို ဆက်လက်ထိန်းထားနိုင်ခဲ့ကြောင်း၊ ဒဏ်ခတ်ပိတ်ဆို့ မှု၏ အကျိုးဆက်ကို နည်းနိုင်သမျှ  နည်းအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း ၎င်းကဆိုသည်။

  ရုရှားစီးပွားရေး ခံနိုင်ရည်ရှိရခြင်း၏ ပြည်ပ အကြောင်းအချက်များမှာ ယနေ့ကမ္ဘာသည် လူအများ ထင်ထားသည့်ထက် ပြောင်းလဲစေခဲ့သည့် အဓိက အကြောင်းတစ်ခု ဖြစ်ကြောင်း၊ အနောက် နိုင်ငံများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသည့် နေရာတွင် မရှိတော့ကြောင်း၊ ရုရှားနိုင်ငံသည် နိုင်ငံအများအပြား နှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိကြောင်း၊ ယင်း သည် ရုရှားနိုင်ငံအား စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုမှ သက်သာစေခဲ့ကြောင်း၊ အခြားအကြောင်းတစ်ခုမှာ ရုရှားနိုင်ငံသည် ကမ္ဘာတွင် နိုင်ငံအနည်းစုသာ ပိုင် ဆိုင်သည့်ကုန်ပစ္စည်းများ ရောင်းချနိုင်သည့်နိုင်ငံဖြစ် ကြောင်း၊ ယင်းမှာ ပြည်တွင်း၌ မထုတ်လုပ်နိုင်သည့် ကုန်ပစ္စည်းများနှင့် နည်းပညာများဝယ်ယူရန်မရှိမဖြစ် လိုအပ်သော နိုင်ငံခြားငွေကြေးဖြင့် ဝင်ငွေရစေသည့် စွမ်းအင်အရင်းအမြစ်ပင် ဖြစ်ကြောင်း Sergey Markov က ထောက်ပြသည်။ 


                                           စိန်ခေါ်မှုများ 

  ရုရှားအစိုးရ ရင်ဆိုင်ရမည့် ကြီးမားသည့် စိန်ခေါ်မှုမှာ အနောက်နိုင်ငံများ၏ ဖိအားပေးမှုများ ဆက်ရှိနိုင်သည့်အတွက် အနာဂတ်တွင် ဒဏ်ခတ် ပိတ်ဆို့မှုများကို ကျော်လွှားနိုင်ရန်နှင့် စီးပွားရေး ပိုမို ခိုင်မာအောင် တည်ဆောက်ရန်ပင်ဖြစ်သည်။ ထို့ပြင် အနောက်နိုင်ငံနည်းပညာကုမ္ပဏီများ ထွက်ခွာသွား သည့်အတွက် ကွက်လပ်ဖြစ်သွားသည့်နေရာတွင် တဖြည်းဖြည်း ပြန်ဖြည့်နိုင်ရန် ဖြစ်သည်။ လက်ရှိတွင် ရုရှားစီးပွားရေးကို ကာကွယ်ရေးလုပ်ငန်းက ကျားကန် ပေးထားခြင်းဖြစ်သည်။ ရုရှားတာဝန်ရှိသူများ အနေ ဖြင့် နိုင်ငံတော်ကာကွယ်ရေးပစ္စည်းအမှာစာများ မရှိတော့သည့် ငြိမ်းချမ်းသည့်အချိန်တွင် အသွင်ကူး ပြောင်းရေး အစီအမံတစ်ခုကို မဖြစ်မနေရေးဆွဲရန် လိုအပ်သည်။ ရုရှားနိုင်ငံအနေဖြင့် လုပ်သားပြတ် လပ်မှုကို ခံစားရနိုင်သည်။ ယင်းပြဿနာသည် တပ်သားသစ်စုဆောင်းရေးကိစ္စ အပြီးတွင် ပိုမိုဆိုးရွားလာ ခဲ့သည်။ အဓိကအလုပ်လုပ်နိုင်သော အသက်အုပ်စု ဖြစ်သည့် အမျိုးသားများသည် ရှေ့တန်းသို့ သွားခဲ့ကြ ရသည်။ ရွှေ့ပြောင်းလုပ်သားများမှာလည်း တပ်သား သစ် စုဆောင်းမှုကို ကြောက်ရွံ့မှုကြောင့် နိုင်ငံကို ပြန်မလာလိုကြကြောင်း Sergey Markov  က ဆိုသည်။ လုပ်သား ပြတ်လပ်မှုသည် လုပ်ငန်းများကို လစာတိုးပေးရန် ဖိအားဖြစ်စေခဲ့သည်။ လစာတိုး ပေးခြင်းသည် အသုံးစရိတ်မြင့်မားခြင်းနှင့် ငွေကြေး ဖောင်းပွမှုကို ဦးတည်စေနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။ မည်သို့ပင်ဖြစ်စေ စီးပွားရေးရှုထောင့်မှ ကြည့်ပါက ရုရှားအစိုးရအနေဖြင့် အကောင်းမြင်ထားပြီး စီးပွားရေးတိုးတက်မှုမှာလည်း ဥရောပနိုင်ငံ အားလုံးထက် သိသိသာသာ မြင့်မားလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ၎င်းကဆိုသည်။ 

  သို့သော် စစ်ပွဲကာလ ပိုကြာလာသည်နှင့် အမျှ စီးပွားရေးမှာလည်း စစ်ရေးအသုံးစရိတ် အပေါ် တွင် ပိုမိုကျရောက်လာနိုင်သည်ဟု စီးပွားရေးကျွမ်း ကျင်သူများက ဆိုသည်။ ရုရှားစီးပွားရေးမှာ တိုးတက် လာသည့်တိုင် တစ်ဖက်တွင် ဟန်ချက်မညီမှုများလည်း ဖြစ်စေနိုင်သည်။ သိသာသည့် အချက်မှာ အလုပ် သမားဈေးကွက်ပင် ဖြစ်သည်။ ရုရှားကြည်းတပ်နှင့် ၎င်းတို့၏ လက်နက်စက်ရုံများသည် လုပ်အားခတိုးမြှင့် ပေးထားသည့် လုပ်သားအများအပြားကို အသုံးပြု နေကြသည်။ ရုရှားနိုင်ငံအနေဖြင့် စစ်ဘက်ဆိုင်ရာ လုပ်ငန်းများတွင် အလုပ်အကိုင်သစ် ၅၂၀ယဝဝဝ ဖန် တီးပေးခဲ့ပြီးဖြစ်ကြောင်း ပြောဆိုထားပြီးဖြစ်သည်။ ယင်းမှာ အရပ်ဘက်လုပ်ငန်းများတွင် လုပ်သားပြတ်လပ်မှု ဖြစ်စေနိုင်သည်။ ရုရှားနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်အတွင်း ရုရှားတပ်မတော်အတွက် တပ်သားသစ် ၃၀ဝ,ဝဝဝ စုဆောင်းနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၄၉၀,ဝဝဝ ထပ်မံစုဆောင်းနိုင်ခဲ့သည်။

 

                                                                ပိတောက်ပွင့်ဆဲ 

ရုရှားနိုင်ငံက ယူကရိန်းကို တိုက်ခိုက်ခဲ့ ခြင်းကို အကြောင်းပြု၍ အနောက်နိုင်ငံများသည် ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုပေါင်းများစွာ ချမှတ်ခဲ့သည်။ ရုရှားနိုင်ငံကို ကမ္ဘာ့ငွေပေးချေမှု စနစ်မှ ဖယ်ထုတ်ခဲ့သည်။ ရုရှားရေနံဈေးနှုန်းကို ကြိုတင်သတ်မှတ်ခြင်း (Price-Cap) ပြုလုပ်ခဲ့သည်။ ရုရှားရေနံဝယ်ယူသည့် နိုင်ငံများကိုလည်း ဝယ်ယူ ခြင်းမပြုရန် တိုက်တွန်းခြင်း၊ တားမြစ်ခြင်းတို့ ပြုလုပ် ခဲ့သည်။ ရုရှားနိုင်ငံကို စစ်ရေး၊ စီးပွားရေးအရ အဘက်ဘက်မှထိုးနှက်ပြီး ပြိုလဲအောင် ကြိုးပမ်းခဲ့ သည်။ သို့သော် ရုရှားနိုင်ငံမှာ ၎င်းတို့လိုသလို ဖြစ်မလာခဲ့ဘဲ ဒဏ်ခတ်ပိတ်ဆို့မှုများကြားမှပင် စီးပွားရေး မှာ တိုးတက်လာခဲ့ရာ စီးပွားရေးကျွမ်းကျင်သူများပင် အံ့အားသင့်ခဲ့ကြရသည်။ ရုရှားဖြစ်နေ၍သာ ဤမျှ အထိ ခံနိုင်ရည်ရှိနေခြင်း ဖြစ်သည်။ လိုတိုရှင်း ပြောရ မည်ဆိုပါက ရုရှားစီးပွားရေးမှာ ယနေ့အထိ ပိတောက် ပွင့်ဆဲ၊ လသာဆဲဟုဆိုချင်သည်။       


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အစ္စရေး-ဟားမက်စ်စစ်ပွဲ အပစ်အခတ်ရပ်စဲရေးဆုံးဖြတ်ချက်ကို အမေရိကန်က တတိယအကြိမ် ဗီတိုအာဏာသုံး ပယ်ချခဲ့

RELATED POSTS
RECENT POSTS
ရန်ကုန်တွင် ရက်ပိုင်းအတွင်း ရာအိမ်မှူးတစ်ဦး ထပ်မံပစ်ခတ်သတ်ဖြတ်ခံရ
27 Sep 2024
ဝမ်(၂၂၅)သန်းလှူဒါန်းပြီး ပွဲဦးထွက် နှစ်ပတ်လည်နေ့ကို ဖြတ်သန်းခဲ့တဲ့ တောင်ကိုရီးယားနာမည်ကျော်အဆိုတော် IU
27 Sep 2024
ကမ္ဘောဒီးယား၌ တည်ဆောက်ပေးလျက်ရှိသည့် ရေတပ်အခြေစိုက်စခန်းကို တရုတ်တို့ အသုံးပြုဖွယ်ရှိ
27 Sep 2024
ဖာရိုဘုရင်တွေ နားခိုလဲလျောင်းရာ ပိရမစ်ကြီးတွေရှိတဲ့ ဂီဇာမြို့အကြောင်း
27 Sep 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၆) ပွဲကြိုသုံးသပ်ချက်များ
27 Sep 2024
ဉာဏ်ရည်မြင့်နိုင်ငံ့ခေါင်းဆောင်များ၊ အဆင့်မြင့်တာဝန်ရှိသူများ Apple Watch အပါအဝင် Smart Watch များကို ဝတ်ဆင် “အသုံးမပြုကြခြင်း” အကြောင်းအရင်းများ
27 Sep 2024
နာတာရှည်ပဋိပက္ခများနှင့် အရှေ့အလယ်ပိုင်းဒေသ၏ အနာဂတ်လားရာ (ဘာသာပြန်ဆောင်းပါး)
27 Sep 2024
၂၀၂၄ ခုနှစ်ရဲ့ Seoul International Drama Awards အတွက် ဆုရှိသူများ ပေါ်ထွက်လာ
27 Sep 2024
ရှမ်းမြောက်(အရှေ့မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း
27 Sep 2024
တောင်ကိုရီးယားဒရာမာ "Pure Love" ထဲက မင်းသမီး ဆုန်ဒန်ဘီ သားဦးကိုယ်ဝန် လွယ်ထားရပြီဖြစ်ကြောင်း ကြေညာ
27 Sep 2024
ပဲခူးတိုင်းမှရေဘေးသင့်ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူးရေး ပြန်လည် ထူထောင်နိုင်ရန် တိုင်းအစိုးရက ဆောင်ရွက်နေ
26 Sep 2024
AA လက်အောက်ရောက် ရခိုင်မြို့တွေမှာ ဘာတွေဖြစ်နေလဲ
26 Sep 2024
‌သဘာဝဘေးနှင့် မြန်မာနိုင်ငံတော် (အင်တာဗျူး)
26 Sep 2024
လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးပစ္စည်းများ ပေးပို့ကူညီခြင်းကို မဟန့်တားရန် ဗြိတိန်သံအမတ်ကြီး တိုက်တွန်းတောင်းဆို
26 Sep 2024
အယုဒ္ဓယပြည်နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို စီးနင်းချိန်တွင် မြန်မာနိုင်ငံသား (၂၇၂)ဦးကို ဖမ်းဆီးရမိဟု ထိုင်းအစိုးရပြော
26 Sep 2024
ကမ္ဘာ့ပထမဆုံး မော်တာစွမ်းအင်သုံး တောင်တက်ဘောင်းဘီ ထွက်ပေါ်လာ
26 Sep 2024
ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုများကို အပ်ကုန်စနစ်ဖြင့် ခွင့်ပြုပေးသင့်ကြောင်း အကြံပြု
26 Sep 2024
BVLGARI အမှတ်တံဆိပ်ရဲ့ ပထမဆုံးကိုရီးယား သံတမန်ဖြစ်လာခဲ့တဲ့ တောင်ကိုရီးယားနာမည်ကျော် ရုပ်ရှင်မင်းသမီး ကင်ဂျီဝန်း
26 Sep 2024
အင်းလေးဒေသရေကြီးမှု (၁ဝ)ရက်ကျော်ကြာမြင့်လာသော်လည်း (၃)ပေခန့်သာ ကျဆင်းလာ
26 Sep 2024
တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ ဂျပန်ရေတပ်က ထိုင်ဝမ်ရေလက်ကြားကို ပထမဆုံးအကြိမ် ကင်းလှည့်မှုတွေပြုလုပ်
26 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved