Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မစ္စစ္စပီပြည်နယ်မှာ လေဆင်နှာမောင်းတိုက်ခတ်မှုအတွင်း လူနှစ်ဒါဇင်ကျော်သေဆုံး

ရောင်နီ (NP News) - မတ် ၂၆

           

သောကြာနေ့ (မတ်လ ၂၄ ရက်)နှောင်းပိုင်းက မစ္စစ္စပီပြည်နယ်ကို ဖြတ်ကျော်ကာ တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း လေဆင်နှမောင်းကြောင့် လူ (၂၅)ဦးထက် မနည်းသေဆုံးခဲ့ကြောင်း စနေနေ့(မတ်လ ၂၅ ရက်)က ရှာဖွေကယ်ဆယ်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် သိရပါတယ်။ 

        

လေဆင်နှာမောင်းဟာ မြေပြင်ပေါ်မှာ တစ်နာရီခန့် တိုက်ခတ်နေခဲ့ပြီး မိုင် ၁၇ဝ (၂၇၄ ကီလို မီတာ)ထိ ဖြတ်ကျော်တိုက်ခတ်ခဲ့တာဖြစ်ကြောင်း မစ္စစ္စပီရှိ အမျိုးသားမိုးလေဝသဌာနမှ မိုးလေဝသပညာရှင် နီကိုးလက်စ်ပရိုက် က ပြောကြားခဲ့ပါတယ်။ 


အပြင်းထန်ဆုံး ထိခိုက်ခံခဲ့ရတဲ့ မစ္စစ္စပီပြည်နယ်၊ အနောက်ပိုင်း ရိုးလင်းဖော့ခ်မြို့မှာ အပျက် အစီးများစွာဖြစ်ပေါ်ခဲ့ပြီး ပိတ်မိနေသူများကို ကယ်ဆယ်ရန် နာရီပေါင်းများစွာ အချိန်ယူခဲ့ရတယ်လို့ ရှာဖွေကယ်ဆယ်ရေးသမားများက ပြောပါတယ်။ နယူးမက္ကစီကို Silver City မှာလည်း လေဆင်နှာမောင်းကြောင့်ထိခိုက်ခဲ့ပြီး နေထိုင်သူများဟာ အတွင်းခန်းများ (သို့မ ဟုတ်) ရေချိုးကန်အတွင်း ခွေကာ မုန်တိုင်းအကာအကွယ် ယူခဲ့ကြကြောင်း သိရပါတယ်။ 


အလားတူ မုန်တိုင်း ရိုက်ခတ်ခံခဲ့ရတဲ့ အလာဘားမားမှာလည်း မုန်တိုင်းကြောင့် လူတစ်ဦး သေဆုံးခဲ့ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က မစ္စစ္စပီမှ ပုံရိပ်များကို "ကြေကွဲဖွယ်ရာ" အဖြစ် ဖော်ပြခဲ့ပြီး ပြန်လည်ထူထောင်ရေးအတွက် အားစိုက်ဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မစ္စစ္စပီတာဝန်ရှိသူများက ရိုးလင်းဖော့ခ်မှာ National Guard Armory အပါအဝင် အရေးပေါ်အမိုးအကာသုံးခုကို ထူထောင်ခဲ့ပြီး Federal Emergency Management Agency (FEMA) ဒါရိုက်တာ ဒီရန်နီခရစ်ဝဲလ် တနင်္ဂနွေနေ့မှာ မစ္စစ္စပီသို့ သွားရောက်ကြည့်ရှုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

      

လာမယ့်ရက်ပိုင်းအတွင်း မစ္စစ္စပီနဲ့ အလာဘားမားအစိတ်အပိုင်းအချို့မှာ လေပြင်းများ၊ မိုးသီးများကြွေကျမှုများနဲ့ လေဆင်နှာမောင်းများ ထပ်မံကြုံတွေ့ရနိုင်သည်ဟု အမျိုးသားမိုးလေဝ သဌာန မုန်တိုင်းခန့်မှန်းရေးစင်တာက သတိပေးပြောကြားထားပါတယ်။

zawgyi version


ရောင်နီ (NP News) - မတ် ၂၆

           


        






      


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စစ်ကိုင်းတွင် မြို့နယ်မီးသတ်ဦးစီးမှူးရုံးနှင့် လူမှုဝန်ထမ်းဦးစီးမှူးရုံးတို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခံရ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved