စင်ကာပူမှာ ၂ဝ၂၃ ခုနှစ်အတွင်း အွန်လိုင်းလိမ်လည်မှုများ စံချိန်တင်မြင့်တက်၊ စင်ကာပူဒေါ်လာ ၆၅၁.၈ မီလီယံထိ ဆုံးရှုံးမှုရှိ
ရောင်နီ(NSS) - ဖေဖော်ဝါရီ ၁၈
စင်ကာပူမှာ အွန်လိုင်း လိမ်လည်မှုများနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက မီဒီယာတွေမှတဆင့် အစီရင်ခံချက်များနဲ့ သတိပေးနေတဲ့ကြားက ၂၀၂၃ ခုနှစ်မှာ အွန်လိုင်းအလိမ်ခံရမှု ၄၆,၅၆၃ မှုထိ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါဟာ လိမ်လည်မှုကိန်းဂဏန်းတွေ စတင်ခြေရာခံခဲ့ရာ ၂ဝ၁၆ ခုနှစ်မှ ယနေ့ထိအတွင်း လိမ်လည်မှု အကြိမ်အရေ အတွက် အများဆုံးဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိူပါတယ်။ ၂ဝ၂၃ ခုနှစ်က လိမ်လည်မှု ဖြစ်ပွားမှုအရေအတွက်ဟာ ၂ဝ၂၂ ခုနှစ်ကထက် ၄၆.၈ ရာခိုင်နှုန်းခုန်တက်သွားခဲ့တာဖြစ်ပြီး ဒေါ်လာ ၆၅၁.၈ သန်း ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
ယခင်က ကြားဖူးနားဝမရှိတဲ့ Malware (အွန်လိုင်း scammer လိမ်လည်မှု) တွေဟာ ၂၀၂၃ ခုနှစ်မှာ စိုးရိမ်စရာ အကောင်းဆုံး လိမ်လည်မှု ၁ဝ ခုမှာ ပါဝင်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်က အဆိုပါ လိမ်လည်မှုပေါင်း ၁.၈၉၉ မှုရှိပြီး အလိမ်ခံရသူတွေဆီမှ စုစုပေါင်း ဒေါ်လာ ၃၄.၁ သန်းလောက် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
အလိမ်ခံရသူ ၄၅ ရာခိုင်နှုန်းဟာ အသက် ၃၀ နဲ့ ၄၉ နှစ်ကြားအရွယ်တွေဖြစ်ပြီး လိမ်လည်သူတွေဟာ WhatsApp နဲ့ Telegram မှတဆင့် ဆက်သွယ်ကြခြင်းဖြစ်တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်မှုထမ်းဥပဒေကို လူထုနားလည်လက်ခံစေဖို့ လုပ်ဆောင်သင့်တဲ့အချက်များ၊ ကိုးကန့်ဒေသကို သူလျှိုဝင်မှာကြောက်တဲ့ MNDAA နဲ့ ဗိုလ်ချုပ်သုံးဦး သေဒဏ်ပေးတဲ့ကိစ္စ၊ ရခိုင်နဲ့ ပအိုဝ်းဒေသ သတင်းအချို့(၁၈-၂-၂ဝ၂၄)
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း