ယူကရိန်းနိုင်ငံအရှေ့ဘက်ပိုင်းရှိ မြို့တစ်မြို့ကို ရုရှားတပ်ဖွဲ့များ အောင်မြင်စွာသိမ်းပိုက်
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁၈
ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ Avdiivka မြို့ကို သိမ်းပိုက်နိုင်ခြင်းဟာ ရုရှားအတွက် အဓိကအရေးပါတဲ့နိုင်ငံ ဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ချီးကျူးပြောဆိုလိုက်ပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အဆိုပါမြို့ကနေ ပြန်ဆုတ်ခဲ့ပြီးနောက် ရုရှားတပ်ဖွဲ့တွေ ပြန်လည်သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါမြို့ကို သိမ်းယူနိုင်ခြင်းဟာ ပြီးခဲ့တဲ့နှစ် မေလနောက်ပိုင်းတည်း သိမ်းယူနိုင်တဲ့မြို့တွေထဲမှာ အဓိကအရေးပါတဲ့ ပိုင်နက်တစ်ခုကို သိမ်းပိုက်နိုင်ခြင်းမျိုးဖြစ်ခဲ့ကြောင်း ဆိုပါတယ်။
ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကောဗ့်က "သမ္မတပူတင်ဟာ ရုရှားစစ်သားတွေရဲ့ စွမ်းရည်ပိုင်းကို ချီးကျူးပြောဆိုခဲ့တယ်။ အဲဒီမြို့ကို သိမ်းယူနိုင်ခြင်းဟာ အဓိကအရေးပါတဲ့ နိုင်ပွဲဖြစ်လာစေခဲ့တယ်" လို့ ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေဟာ Avdiivka မြို့ကို သိမ်းပိုက်ခံရခြင်းမရှိအောင် အပြင်းထန်ဆုံးခုခံကာကွယ်ခဲ့ကြောင်း၊ ဒါပေမယ့် လက်ရှိအချိန်မှာ သိမ်းပိုက်နိုင်တဲ့အတွက် ရုရှားပိုက်နက်စခန်းတွေထံ ယူကရိန်းအမြှောက်ကျည်ဆံတွေ ကျရောက်မှု အားပျော့သွားမှာဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
အဆိုပါမြို့တိုက်ပွဲတွေဟာ ယူကရိန်းနဲ့ ရုရှားကြားဖြစ်ပွားနေတဲ့ စစ်ပွဲကာလ ၂ နှစ်အတွင်း သွေးထွက်သံယိုမှု အများဆုံးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဖြစ်လာစေခဲ့ပါတယ်။ ယူကရိန်းက Avdiivka မှာ တပ်စွဲထားတဲ့ တပ်ဖွဲ့ဝင် တွေကို ပြန်ဆုတ်ခိုင်းခဲ့ကြောင်း၊ ထိခိုက်ပျက်စီးမှုလျော့နည်းစေဖို့ ဆုတ်ခွာခိုင်းခြင်းမျိုးဖြစ်ကြောင်း ပြောပါတယ်။ ရုရှားဟာ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ၂ နှစ်ကာလအတွင်း ယူကရိန်းပိုင်နက် လေးခုကို သိမ်းပိုက်ထားနိုင်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စင်ကာပူမှာ ၂ဝ၂၃ ခုနှစ်အတွင်း အွန်လိုင်းလိမ်လည်မှုများ စံချိန်တင်မြင့်တက်၊ စင်ကာပူဒေါ်လာ ၆၅၁.၈ မီလီယံထိ ဆုံးရှုံးမှုရှိ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
18 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ