Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်ရဲ့တိုက်ခိုက်မှုတွေက အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုတွေကို မီးလောင်ရာ လေပင့်သလိုမျိုး ဖြစ်လာနိုင်သလား (ဘာသာပြန်ဆောင်းပါး)

ဂျန်ဇက် (NSS) - ဖေဖော်ဝါရီလ - ၁၄ 

    ဂါဇာစစ်ပွဲနဲ့ဆက်နွှယ်ပြီး အရှေ့အလယ်ပိုင်း ဒေသမှာ တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ အမေရိကန် နိုင်ငံဟာ ဆီးရီးယား၊ အီရတ်နဲ့ ယီမင် နိုင်ငံတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် စစ်ပွဲအရှိန် ပိုမို ပြင်းထန်လာမယ့် အခြေအနေမျိုးတွေ ရှိနေပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်မှာ အစ္စရေးနဲ့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီး နောက်ပိုင်း အမေရိကန်အစိုးရဟာ ဂါဇာစစ်ပွဲထဲကို တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံတွေ ကြားဝင်တိုက်ခိုက်လာမှာကို ဟန့်တားနိုင်ဖို့ အရှေ့ အလယ်ပိုင်းဒေသကို စစ်သင်္ဘောတွေ စေလွှတ်ခဲ့ ပါတယ်။ အမေရိကန်ရဲ့စစ်သင်္ဘောတွေ စေလွှတ်မှု တွေကြောင့် အရှေ့အလယ်ပိုင်းဒေသမှာတင်းမာမှု တွေ စတင်ဖြစ်ပွားလာခဲ့ပါတယ်။ 

   အီရန်နိုင်ငံအပါအဝင် အရှေ့အလယ်ပိုင်း ဒေသရဲ့လက်နက်ကိုင်အဖွဲ့တွေဟာ အမေရိကန်ရဲ့ စစ်သင်္ဘောတွေကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ အမေရိ ကန်ဟာ အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ နိုင်ငံ တွေ၊ လက်နက်ကိုင် အဖွဲ့ အစည်းတွေ သတိပေးမှု ရှိခဲ့ပေမယ့် စစ်သင်္ဘောတွေကို ဖြန့်ကျက်ချထားဆဲ ဖြစ်ရာ တင်းမာမှု တွေဖြစ်လာ ခဲ့ပါတယ်။ အမေရိကန် နိုင်ငံဟာ အစ္စရေးနိုင်ငံကို နိုင်ငံတကာ မျက်နှာစာမှာ ကာကွယ်ပေးခဲ့သလို စစ်လက်နက် ပစ္စည်းတွေလည်း ကူညီထောက်ပံ့ပေးခဲ့ရာ အရှေ့အလယ်ပိုင်းဒေသ အတွင်းရှိ နိုင်ငံတွေကို ပိုမိုစိတ်ဆိုး ဒေါသ ဖြစ်စေခဲ့ပါတယ်။ 

   အီရန်နိုင်ငံရဲ့အကူအညီတွေ ရရှိထားတဲ့ ဟားမတ်စ်လက်နက်ကိုင်အုပ်စု၊ လက်ဘနွန်အခြေ စိုက် ဟစ်ဘိုလာအုပ်စု၊ ယီမင်နိုင်ငံအခြေစိုက်ဟူသီလက်နက်ကိုင်အုပ်စု၊ ဆီးရီးယားနဲ့ အီရတ် လက်နက် ကိုင်အဖွဲ့တွေဟာ ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ကတည်းက အစ္စရေးကိုကူညီပေးနေတဲ့ အမေရိကန် နိုင်ငံကို စိတ်ဆိုးဒေါသဖြစ်ခဲ့ပြီး အစ္စရေးနဲ့ အမေရိ ကန်တပ်ဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ 

   အရှေ့အလယ်ပိုင်းဒေသမှာရှိနေတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေဟာ ဂါဇာစစ်ပွဲစတင်ခဲ့ပြီး နောက်ပိုင်း ကတည်းက အကြိမ်ပေါင်း ၁၅၀ ကျော် တိုက်ခိုက် ခံခဲ့ရပါတယ်။ ဟူသီလက်နက်ကိုင်အုပ်စုဟာ ပါလက် စတိုင်းတွေကို အားပေးထောက်ခံကြောင်းပြသဖို့ ပင်လယ်နီဒေသအတွင်း ဖြတ်သန်းနေတဲ့ ကုန်စည်သင်္ဘောတွေတိုက်ခိုက်ခဲ့ရာကနေ ဟူသီလက်နက် ကိုင်အုပ်စုနဲ့ အမေရိကန်နိုင်ငံကြား အပြန်အလှန်        တိုက်ခိုက်မှုတွေဖြစ်ပွားလာခဲ့ပါတယ်။ အမေရိကန် ဟာ ပင်လယ်နီဒေသအတွင်း ကုန်စည်သင်္ဘောတွေကို တိုက်ခိုက်နေတဲ့ ဟူသီလက်နက်ကိုင်အုပ်စုရဲ့တိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ယီမင် နိုင်ငံကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းမှာ စတင်တိုက်ခိုက်ခဲ့ပါတယ်။ ဟူသီလက်နက်ကိုင် အုပ်စုနဲ့ အမေရိကန်နိုင်ငံကြား တင်းမာမှုတွေရှိနေ ချိန်မှာပဲ ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက် စခန်းတိုက်ခိုက်ခံရပြီး အမေရိကန်စစ်သားတွေ သေဆုံး၊ ဒဏ်ရာရတာတွေရှိလာခဲ့ပါတယ်။ 


အမေရိ ကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အမေရိကန်အစိုးရတာဝန် ရှိသူတွေဟာ အမေရိကန်စစ်သား တွေသေဆုံးမှုကို လက်တုံ့ပြန်မှုအဖြစ် ဖေဖော်ဝါရီလ ၂ ရက်က ဆီးရီး ယား နဲ့ အီရတ်နိုင်ငံတို့ရှိ ပစ်မှတ်ပေါင်း ၈၅ ခုကို ပစ် မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ ဒါ့ပြင် ဟူသီလက်နက် ကိုင်အုပ်စုရဲ့လုပ်နိုင်စွမ်းတွေကို လျှော့ချနိုင်ဖို့ ရည် ရွယ်ချက်နဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါ ရီလ ၃ ရက်မှာ ယီမင်နိုင်ငံရှိ ပစ်မှတ်ပေါင်း ၄၀ ကျော် ကို ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ အရှေ့အလယ်ပိုင်း ဒေသအတွင်း အမေရိကန်ရဲ့ လုပ်ရပ်တွေဟာ စစ် ဘောင်မကျယ် ဖို့ ရည်ရွယ်တယ်လို့ စစ်မီး ပိုမိုတောက်လောင်အောင် ပြောဆိုနေပေမယ့် လုပ်ဆောင် နေသလိုမျိုးဖြစ်နေခဲ့ ပါတယ်။ ဆီးရီးယား၊ အီရတ် နဲ့ ယီမင် နိုင်ငံတို့ကို တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့လုပ်ရပ်တွေ က စစ်မီးတောက် နေတဲ့ အရှေ့အလယ်ပိုင်းဒေသကို မီးလောင်ရာလေ့ပင်သလိုမျိုး ဖြစ်စေခဲ့တယ်လို့ ဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။

   ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဟားမတ်စ်အုပ်စုက ဆီးရီးယားနဲ့ အီရတ်နိုင်ငံကိုတိုက်ခိုက်နေတဲ့ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေဟာ အရှေ့ အလယ် ပိုင်းဒေသအတွင်း မီးလောင်ရာ ဓာတ်ဆီလောင်း သလိုမျိုး ဖြစ်ခဲ့ရပြီး ဖြစ်လာမယ့် အကျိုးဆက်တွေကို တာဝန်ယူရမယ်လို့ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ အရှေ့ အလယ်ပိုင်း ဒေသအတွင်းရှိ လက်နက်ကိုင် အဖွဲ့တွေကို ငွေကြေးနဲ့ စစ်လက်နက်ပစ္စည်း ကူညီပေးနေတဲ့ အီရန်နိုင်ငံကလည်း အမေရိကန် နိုင်ငံရဲ့တိုက်ခိုက်မှုတွေဟာ မဟာဗျူဟာမြောက် အမှားကြီးတွေကို ကျူးလွန်လိုက်တာမျိုးဖြစ်စေခဲ့ တယ်လို့ဆိုပါတယ်။ ဆီးရီးယားနိုင်ငံနဲ့ အီရတ်နိုင်ငံကိုအမေရိကန်ရဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အီရန်နဲ့ ရင်းနှီးမှုရှိတဲ့ရုရှားနိုင်ငံဟာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအရေးပေါ်အစည်းဝေးခေါ်ယူဖို့ ဦးဆောင် တောင်းဆိုခဲ့ပါတယ်။ 

အမေရိကန်က လက်နက်ကိုင်အဖွဲ့တွေ အင်အားလျော့နည်းအောင် ရည်ရွယ်ချက်နဲ့တိုက် ခိုက်ခဲ့တယ်လို့ ပြောဆိုထားပေမယ့် အီရတ်အစိုးရနဲ့ ဆီးရီးယားအစိုးရတို့ဟာ အမေရိကန်နိုင်ငံကို ဝေဖန် ပြစ်တင်ခဲ့ပါတယ်။ အီရတ်နိုင်ငံခြားရေးဝန်ကြီးဌာန က အီရတ်နိုင်ငံဆိုင်ရာအမေရိကန်သံရုံးတာဝန်ရှိ သူကို ခေါ်ယူကန့်ကွက်ခဲ့သလို ဆီးရီးယားအစိုးရက လည်း အမေရိကန်ရဲ့ကျူးကျော်မှုအသစ်ဖြစ်တယ် လို့ဝေဖန်ထားပါတယ်။ 

အီရန်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ နက်ဆာ ကာနာနီက “ဆီးရီးယားနဲ့ အီရတ်ကို တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့လုပ်ရပ်တွေဟာ ဒေသအတွင်း မတည်ငြိမ်မှုတွေနဲ့ တင်းမာမှုတွေပိုမိုဖြစ်စေဖို့ထက် တခြားရလဒ်မျိုးရမှာမဟုတ်ဘူး၊ အမေရိကန် အစိုးရ ဟာ ကြီးမားတဲ့ အမှားအယွင်းတွေ လုပ်ဆောင်ခဲ့ တယ်”လို့ပြောပါတယ်။ အမေရိကန်ရဲ့တိုက်ခိုက်မှု တွေကြောင့် ဆီးရီးယားနဲ့ အီရတ်နိုင်ငံတို့မှာ ပြည်သူ တွေ သေဆုံး၊ ဒဏ်ရာရတာတွေရှိခဲ့တယ်လို့ သတင်း တွေလည်း ထွက်ပေါ်နေပါတယ်။ ဆီးရီးယားစစ်တပ် က အမေရိကန်ရဲ့ညလုံးပေါက်တိုက်ခိုက်မှုတွေ ကြောင့် ဆီးရီးယားပြည်သူတွေ နဲ့ ဆီးရီးယား စစ်သား တွေအပြင် အဆောက်အအုံတွေ ထိခိုက်ပျက်စီး ခဲ့ရတယ်လို့ ဆိုပါတယ်။

 

    အမေရိကန်ရဲ့ တိုက်ခိုက်မှု တွေဟာ ဆီးရီးယားနဲ့အီရတ်နိုင်ငံတို့မှာရှိနေတဲ့ အီရန်စစ်တပ်ရဲ့ခေါင်းဆောင်တွေကို သုတ်သင်ဖို့ ရည်ရွယ်တာမျိုးဖြစ်တယ်လို့ ခန့်မှန်းမှုတွေ ရှိနေပါ တယ်။ အီရန်အစိုးရကတော့ ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်သားတွေသေဆုံးစေခဲ့တဲ့ တိုက်ခိုက်မှု တွေရဲ့နောက်ကွယ်မှာ ၎င်းတို့ ပါဝင်ဆက်နွှယ်နေ တာ မျိုးမရှိဘူးလို့ ဆိုထားပါတယ်။ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတို့ကို တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်တွေဟာ  နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုတွေကို ဗြောင်ကျကျ ချိုးဖောက်လိုက် သလိုမျိုးဖြစ်စေခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာနက “အမေရိကန်ရဲ့တိုက်ခိုက်မှုတွေဟာ အရှေ့အလယ်ပိုင်းဒေသ မှာဖြစ် ပွားနေတဲ့ ပဋိပက္ခ တွေကို ပိုမိုဆိုးရွားတဲ့အန္တရာယ်မျိုးဖြစ်လာအောင် တွန်းပို့လိုက်တာဖြစ်တယ်။  ဆီးရီးယား အစိုးရက  ဒီတိုက်ခိုက်မှုတွေဟာ အမေရိကန်ရဲ့ နိုင်ငံ အချုပ် အခြာအာဏာပိုင်နက်ချိုးဖောက်တဲ့ ဆိုးရွားတဲ့ မှတ်တမ်းတွေကို ပိုမိုဆိုးရွားစေခဲ့ပါတယ်”လို့ ပြောပါတယ်။ 

   အမေရိကန်နိုင်ငံဟာ ယခင်တုန်းက လည်း အကြောင်းအမျိုးမျိုးပြပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံ တွေရဲ့ပြည်တွင်းရေးတွေကို ဝင်ရောက် စွက်ဖက်တာ၊ ကျူးကျော်တိုက်ခိုက်ခဲ့တာမျိုးတွေ ရှိခဲ့ရာ ဆီးရီးယား၊ အီရတ် နဲ့ ယီမင်နိုင်ငံတို့ကို တိုက် ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့လုပ်ရပ်က မေးခွန်းထုတ် စရာဖြစ်လာစေခဲ့ပါတယ်။ ၁၉၄၅ ခုနှစ်နောက်ပိုင်း ကတည်းက ကမ္ဘာတစ်ဝန်းမှာဖြစ်ပွားခဲ့တဲ့ လက်နက် ကိုင် ပဋိပက္ခအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းဟာ အမေရိ ကန်နိုင်ငံနဲ့ ဆက်နွှယ်ခဲ့တယ်လို့ တရုတ်နိုင်ငံအခြေ စိုက် ဂလိုဘယ်တိုင်းမ်သတင်းဌာနက ဖော်ပြထား ပါတယ်။ အမေရိကန်နိုင်ငံ တည်ထောင်ပြီး နှစ်ပေါင်း ၂၄၀ ကျော်အတွင်းမှာ စစ်ပွဲနဲ့ မဆက်နွှယ်တဲ့ နှစ် ပေါင်း ၁၆ နှစ်သာရှိခဲ့ပြီး ကျန်နှစ်တွေမှာ စစ်ပွဲတွေနဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီး ဆက်နွှယ်နေ ခဲ့ပါတယ်။ အဲဒီ သမိုင်းမှတ်တမ်းတွေကို လေ့လာ ကြည့်မယ်ဆိုရင် အမေရိကန်နိုင်ငံဟာ စစ်လိုလားတဲ့ နိုင်ငံ အဖြစ် ယူဆစရာရှိနေပါတယ်။ အမေရိကန်ဟာ စစ်လိုလားတဲ့ စရိုက်အတိုင်း နိုင်ငံတကာ စည်းကမ်း၊ ဥပဒေ တွေရှိနေပေမယ့် အကြောင်းအမျိုးမျိုးပြကာ တခြားနိုင်ငံတွေကို ဝင်ရောက်တိုက်ခိုက်တာမျိုး တွေရှိနေ ခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ လက်ရှိ အချိန်မှာ အီရန်အပါအဝင် အရှေ့အလယ်ပိုင်း ဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဝေဖန် ပြစ်တင်မှုတွေကို ဂရုမစိုက်ဘဲ တိုက်ခိုက်မှုတွေ ဆက်လက်တိုက်ခိုက်ဖို့ အစီအစဉ်တွေရှိနေဆဲ ဖြစ်တယ်လို့ အမေရိကန်အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။    

     အမေရိကန်အမျိုးသားလုံခြုံရေး ကောင်စီအကြံပေးတစ်ဦးဖြစ်တဲ့ ဂျိတ်ဆူလီဗန်က “ အ မေရိကန်တပ်ဖွဲ့ဝင် တွေဟာ တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ၊ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရမယ်ဆိုရင် လက်တုံ့ပြန် တိုက် ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့တိုက်ခိုက်မှု တွေက အစပဲ ရှိသေးတယ်။ မပြီးဆုံးသေးဘူး၊ တုံ့ပြန်မှုတွေက အဆင့်များစွာရှိတယ်။ တချို့တုံ့ပြန်မှုတွေက သိသာ ထင်ရှားစွာမြင်နိုင်ပေမယ့် တချို့တုံ့ပြန်မှုတွေကို မမြင် နိုင်တာမျိုးတွေလည်းရှိမှာပါ” လို့ပြောပါတယ်။ 

    အမေရိကန်ဟာ အရှေ့အလယ်ပိုင်းဒေသအတွင်းရှိလက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်မှုတွေ ပိုမိုလုပ် ဆောင်လာမယ်ဆိုရင် အခြေအနေတွေက ပိုမိုရှုပ် ထွေးလာနိုင်ဖွယ်ရှိနေပြီး စစ်ဘောင်ပိုမိုကျယ်ပြန့် လာမယ့်အလားလာတွေရှိနေပါတယ်။ ဆီးရီးယား၊ အီရတ်နဲ့ ယီမင်နိုင်ငံတို့ကို မကြာသေးမီကတိုက်ခိုက် ခဲ့တဲ့အမေရိကန်ရဲ့လုပ်ရပ်က လက်နက်ကိုင်အဖွဲ့ အစည်းတွေကို အင်အားလျော့နည်းစေဖို့၊ လုပ်နိုင် စွမ်းအားလျော့စေဖို့ ရည်ရွယ်ခဲ့ပေမယ့် အဲဒီလုပ်ရပ် တွေက အရှေ့အလယ်ပိုင်းဒေသအတွင်းမှာ မတည် ငြိမ်မှု၊ စစ်မက်ဖြစ်ပွားမှုတွေ၊ ပိုမိုဖြစ်ပွားလာအောင် တွန်းအားပေးလိုက်သလိုမျိုးဖြစ်စေခဲ့တယ်လို့ ဆိုရတော့မှာ ဖြစ်ပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်-မန္တလေး အမြန်လမ်းကြီးက အစိုးရသုံးဆက်ရှိလာသည့်တိုင် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ ထားခဲ့သောအခြေအနေထက် ပိုမိုကောင်းမွန်လာခြင်းမရှိ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved