Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းကြီးက အစိုးရသုံးဆက်ရှိလာသည့်တိုင် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ ထားခဲ့သောအခြေအနေထက် ပိုမိုကောင်းမွန်လာခြင်းမရှိ

အေဝိုင်အီး (NSS) - ဖေဖော်ဝါရီလ - ၁၄

အငြိမ်းစားဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေ လက်ထက်က ဖောက်လုပ်၍ သွားလာအသုံးပြုစေခဲ့သော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ အစိုးရ သုံးဆက်ရှိလာသည့်တိုင် ဦးသန်းရွှေလက်ထက်က ထက် ပိုမိုကောင်းမွန် အောင် အဆင့်မြှင့်ပေးနိုင်မှုမရှိသေးကြောင်း အမြန်လမ်းအသုံးပြုသူအချို့က ထောက်ပြပြောကြားသည်။

နေ့စဉ် ကားစီးရေ ထောင်ချီသွားလာနေသော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေက နေပြည်တော်မြို့သစ် ကြီးနှင့် ယှဉ်တွဲ၍ဖောက်လုပ်ပေးခဲ့ခြင်းဖြစ်ပြီး သက်တမ်းအားဖြင့် ဆယ်စုနှစ် တစ်ခု ကျော်လာခဲ့ပြီလည်းဖြစ်သည်။


သို့သော် ဦးသိန်းစိန်အစိုးရလက်ထက် ငါးနှစ်၊ ဒေါ်အောင်ဆန်းစုကြည်အစိုးရ ငါးနှစ်နှင့် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင် ဦးဆောင်သော နစကအစိုးရ လက်ထက် သုံးနှစ်ကြာသည်အထိ လမ်းမကြီး၏ အရည်အသွေးပိုင်းမှာ ဦးသန်းရွှေလက်ထက်နှင့်ယှဉ်လျှင် များစွာ ပြောင်းလဲတိုးတက်ခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။

“အမြန်လမ်းရဲ့ ရန်ကုန်ကနေ မန္တလေးဘက်ကို သွားတဲ့ လမ်းပိုင်းတစ်ခုတည်းမှာပဲ လှိုင်းကြက်ခွပ်က အခုရေ (၃၀)ကျော်ရှိတယ်။ ဒါက ရန်ကုန်-နေပြည် တော် အထိပဲ ပြောသေးတာ။ မန္တလေးအထိဆိုရင် အခုရေ (၅၀)ကျော်လိမ့်မယ်”ဟု အမြန်လမ်းကို ပုံမှန် ဖြတ်သန်း အသုံးပြုနေသူ လုပ်ငန်းရှင်တစ်ဦးကပြော သည်။

လမ်းမကြီးပေါ်မှ လှိုင်းကြက်ခွပ်များမှာ ကီလို မီတာ (၁၀ဝ)နှုန်းဖြင့် မောင်းနှင်နေသောကားများကို လူးခါစေသည့်အပြင် ကား၏ရှော့ဘားများကိုလည်း ကောင်း၊ အခြားသော အစိတ်အပိုင်းများကိုလည်း ကောင်း ထိခိုက်နစ်နာမှုများ ရှိနေစေသည်ဟု ဆိုသည်။

“အဆိုးဆုံးက မညီညာတဲ့လှိုင်းကြက်ခွပ်တွေကြောင့် စီယာရင်ကို မထိန်းနိုင်ဘဲ လမ်းဘေးထိုးဆင်း သွားတာတွေ၊ မတော်တဆဖြစ်တာတွေ ဖြစ်သွားနိုင် တယ်။ မောင်းဖူးသူတိုင်းသတိထားမိမှာပါ “ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အမြန်လမ်းကို နေ့စဉ်ဖြတ်သန်းမောင်းနှင်နေရသည့် အဝေးပြေးကားလိုင်းအချို့မှ လေးဦးထက်မနည်း သောယာဉ်မောင်းအချို့ကလည်း ယင်းအချက် ကို အတည်ပြုပြောကြားကြပြီး လမ်းတစ်လျှောက် ပြင်ဆင်ရမည့်အပိုင်းများစွာ ရှိနေကြောင်း ထောက်ပြ ကြသည်။

“လမ်းတစ်လျှောက်မှာတော့ ပြင်နေတဲ့ အပိုင်းတွေ မြင်ရတယ်။ လမ်းကို စက်နဲ့ထိုးပြီး ဖြည် ထားတာတွေ ရှိတယ်။ ဒါတွေက လတိုင်းမပြတ် တစ် နေရာပြီးတစ်နေရာတော့ လုပ်နေတာတွေ့တယ်”ဟု အဝေးပြေးကားလိုင်းတစ်ခုမှ ယာဉ်မောင်းတစ်ဦးက ပြောသည်။

ပြည်ပနိုင်ငံအချို့မှ အဝေးပြေးအမြန်လမ်းမကြီး များတွင်မူ လှိုင်းကြက်ခွပ်များ၊ မညီမညာဖြစ်သော အစိတ်အပိုင်းများနှင့် မကြာခဏ ပြင်ဆင်နေရခြင်း များကို မတွေ့ရဘဲ ယာဉ်မောင်းသူများအတွက် ငြိမ့် ညောင်းသက်သာမှုကိုဖြစ်စေကြောင်း လုပ်ငန်းရှင် အချို့က ထောက်ပြပြောကြားသည်။

“ ကျွန်တော်တို့ တရုတ်ရောက်တယ်ဗျာ။ အိန္ဒိယ၊ ဂျပန်သွားတယ်ဗျာ။ အဝေးပြေးလမ်းတွေက ညက် နေအောင် ကောင်းတယ်။ ဒီမှာကတော့ အစိုးရသုံး ဆက်သာ ရှိလာတယ်။ ဦးသန်းရွှေလက်ထက်က ထား ခဲ့တဲ့အခြေအနေထက် ပိုကောင်းလာတာ သိပ်မတွေ့ ရဘူး” ဟု ပြည်ပပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တစ် ဦးက မှတ်ချက်ပြုသည်။ အစဉ်အလာအရ အစိုးရအဆက်ဆက်လုပ်ဆောင်ပေးသွားသော အချို့လုပ်ငန်း ဆောင်တာများမှာ ဆင့်ကဲသဘောဖြင့် ပိုမိုကောင်းမွန် လာရမည်မှာ မှန်သော်လည်း မြန်မာနိုင်ငံတွင်မူ အမြန်လမ်းကဲ့သို့သော လမ်းမကြီးမှာ ဆင့်ကဲ ပြောင်းလဲမှုသဘောအရ ပိုမိုကောင်းမွန်လာခြင်းမရှိဘဲ ဦးသန်းရွှေထားခဲ့သည့်အတိုင်းသာ မြင်နေရသည်ဟု ဆိုသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် ကုန်ကျစရိတ် ဒေါ်လာသန်းဆယ်ချီရှိခဲ့ပြီး အဆင့်ဆင့်သော အစိုးရများက လက်ဆင့်ကမ်းသယ်ဆောင်ရသော ရွှေ့ပြောင်းမရသည့်အမွေလည်း ဖြစ်သည်။ ယင်းပြင် နိုင်ငံတော်က စနစ်ကျနသောစီမံမှုဖြင့် ရန်ကုန်မှ မန္တလေးအပြင် မန္တလေးမှ မြစ်ကြီးနားအထိ ပိုမို ကောင်းမွန်သော တိုးတက်ပြောင်းလဲမှုအဖြစ် အသွင် ပြောင်းလဲပေးသင့်သည့် မဟာဗျုဟာလမ်းမကြီးလည်း ဖြစ်သည်။ သို့သော်လည်း အဆိုပါလမ်းမကြီးပေါ်၌ ယာဉ်မတော်တဆမှုကြောင့် နှစ်စဉ် လူဦးရေရာချီ သေဆုံးရပြီး ကားစီးရေ ရာဂဏန်းနီးပါး ပျက်စီးဆုံးရှုံး မှုများ ဖြစ်ပေါ်နေလေ့ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဒုံးကျည်လောင်ချာများအတွက် ပဲ့ထိန်းစနစ်သစ်ကို တီထွင်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရထုတ် ပြန်ကြေညာ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved