Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မျိုးသုဉ်းပျောက်ကွယ်နိုင်ခြေ ကမ္ဘာ့အဆင့်(၁)အဖြစ် သတ်မှတ်ခံထားရသည့် ရေဝက်များကို စစ်တမ်းပြုစုစောင့်ရှောက်ထိန်းသိမ်းရန် လိုအပ်

ယွန်း (NSS) - ဖေဖော်ဝါရီ ၁၃

မျိုးသုဉ်းပျောက်ကွယ်တော့မည့် ရေနေသတ္တဝါများတွင် အဆင့်(၁)သတ်မှတ်ခံထားရသည့် ရေဝက်များကို မြန်မာ နိုင်ငံအနေဖြင့် ထိန်းသိမ်းမှုများ လုပ်ဆောင်ရန် လိုအပ်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်နှင့် မျိုးသုဉ်းရှားပါးရေသတ္တဝါများ ထိန်းသိမ်းရေးဌာနစုထံမှ သိရသည်။

ရေနေနို့တိုက်သတ္တဝါများဖြစ်သော ရေဝက်များသည် လက်ရှိတွင် မျိုးသုဉ်းပျောက်ကွယ်မှု အဆင့်(၁)နေရာ၌ သတ်မှတ်ခံထားရပြီး မြန်မာနိုင်ငံအနေဖြင့်လည်း အကြောင်းအမျိုးမျိုးကြောင့် ၎င်းတို့ကို စစ်တမ်းကောက်ယူရန် အခက်အခဲများရှိနေကြောင်း သိရသည်။


“အခုလက်ရှိမှာတော့ သူကမျိုးသုဉ်းတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်။ ကျွန်တော်တို့နိုင်ငံမှာပဲ မဟုတ်ဘူး တစ်ကမ္ဘာလုံးမှာဆို နိုင်ငံပေါင်း(၃၀)ကျော်၊ (၄၀)ကျော်လောက်မှာ ပျံ့နှံ့နေတာ။ ရှားပါးတဲ့အဆင့်မှာ ရှိနေတာပေါ့။ မျိုးသုဉ်းပျောက်ကွယ်တော့မယ့်နေရာမှာ ဆိုရင်တော့ ကမ္ဘာ့အဆင့်(၁)နေရာမှာရှိတာပေါ့။ ကျွန်တော်တို့ကလည်း အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် သူတို့က အဲဒီအဆင့် လက်ခံသတ်မှတ်ထားတော့ ကျွန်တော်တို့ကလည်း အဲဒီလိုပဲ လက်ခံသတ်မှတ်ထားပါတယ်။ လုံးဝကာကွယ်ထားတဲ့ တိရစ္ဆာန်အဖြစ် သတ်မှတ်ထားတာပေါ့” ဟု ငါးလုပ်ငန်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟန်ဝင်းက  NP News ကို ပြောသည်။

ရေဝက်များသည် ရခိုင်ကမ်းရိုးတန်းနှင့် ဧရာဝတီကမ်းရိုးတန်းများတွင် ငါးဖမ်းပိုက်ကွန်များနှင့်ငြိကာ မကြာခဏ  သောင်တင်သေဆုံးလေ့ရှိပြီး ၎င်းတို့ကို မာန်အောင်ကျွန်းပတ်ဝန်းကျင်နှင့် ချောင်းသာကမ်းခြေအထက်ပိုင်းဒေသတို့တွင် တွေ့ရလေ့ရှိကြောင်း သိရသည်။

၎င်းတို့ကို စစ်တမ်းကောက်ယူရာတွင် လင်းပိုင်များကဲ့သို့ ကောက်ယူ၍မရဘဲ ကျွမ်းကျင်ပညာရှင်များနှင့် အရင်းအနှီးများလိုအပ်ခြင်းကြောင့် ပြည်ပမှ အထောက်အပံ့များလည်း လိုအပ်နေကြောင်း သိရသည်။


“သူကကျတော့ လင်းပိုင်လို စစ်တမ်းကောက်ဖို့ မလွယ်ဘူး။  အပေါ်ကနေနှစ်ယောက်စီးလေယာဉ်နဲ့ ရှာတာတို့၊ ဒိုင်ဗင်လုပ်ပြီးရှာမှရတာ။ စက်လှေနဲ့ဆိုရင် စက်သံတို့၊ လူသံတို့ကြားရင် ချက်ချင်းငုပ်ပြီး ပျောက်သွားတော့ စစ်တမ်းကောက်ဖို့ကမလွယ်ဘူး။ လက်ရှိမှာတော့ စစ်တမ်းကောက်ဖို့က ခဲယဉ်းနေသေးတယ်။ ကျွမ်းကျင်ပညာရှင် လည်း လိုတယ်။ ငွေရေးကြေးရေးကအစ ထောက်ပံ့မှုတွေ လိုအပ်နေသေးတယ်လေ။ အရင်လိုစစ်တမ်း ကောက်ယူဖို့တွေ ပြန်လုပ်ဖို့ဆိုတာက ပြည်ပအထောက်အပံ့ပေါ်မှာလည်း မူတည်နေတယ်။ အဲဒီလိုအခွင့်အရေး တွေပေါ်လာရင်တော့ ကျွန်တော်တို့က လုပ်နိုင်မှာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

ပြည်ပနိုင်ငံများတွင် ရေဝက်များကို ဖမ်းဆီးသတ်ဖြတ်ခြင်းများရှိနေခြင်းကြောင့် မျိုးတုံးမှုဖြင့် ရင်ဆိုင်နေရပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် အပူချိန်မြင့်မားမှု၊ ပင်လယ်ရေထုညစ်ညမ်းမှုတို့ကလည်း ၎င်းတို့ အသက်ရှင် ရပ်တည်မှုအတွက် အခက်အခဲဖြစ်ပေါ်လျက်ရှိနေသည်။ 

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ရေနေနို့တိုက်သတ္တဝါများကို ထိန်းသိမ်းကာကွယ်နိုင်ရေးနှင့်ပတ်သက်၍ ပြန်ကြားချက်အမှတ်(၁/၂၀၁၈) နှင့် òန်ကြားချက် အမှတ် (၅/၂၀၂၂)တို့ကို ထုတ်ပြန်ထားပြီး မျိုးသုဉ်းရှားပါး ရေနေ နို့တိုက်သတ္တဝါများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ဒဏ်ရာအနာတရဖြစ်စေခြင်း၊ ရောင်းချခြင်းမပြုလုပ်ရန် òန်ကြားထားပြီး လိုက်နာရန် ပျက်ကွက်ပါက မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ပင်လယ်ရေနေ နို့တိုက်သတ္တဝါ (Marine Mammals) များဖြစ်ကြသော မြန်မာနိုင်ငံရှိ လောင်းမန်း နှုတ်သီးပါ ဝေလငါး၊ ကျောဘို့ပါလင်းပိုင်၊ ကြောင်လိမ် ဂျွန်းထိုးလင်းပိုင်၊ အပူပိုင်းဒေသ လင်းပိုင်ပြောက်၊ ပုလင်းနှုတ်သီးလင်းပိုင်၊ ဧရာဝတီလင်းပိုင်၊ ကျောရေ ယက်မဲ့လင်းရှူးနှင့် ရေဝက်မျိုးစိတ်များသည် မျိုးသုဉ်းရှား ပါးရေနေနို့တိုက် သတ္တဝါစာရင်းတွင် ပါဝင်နေကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လှိုင်သာယာတွင် အသက် (၂)နှစ်ဝန်းကျင်အရွယ် ကလေးငယ်တစ်ဦး မြောင်းထဲပြုတ်ကျသေဆုံးမှုဖြစ်ပွား

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved