လှိုင်သာယာတွင် အသက် (၂)နှစ်ဝန်းကျင်အရွယ် ကလေးငယ်တစ်ဦး မြောင်းထဲပြုတ်ကျသေဆုံးမှုဖြစ်ပွား
စော (NSS) - ဖေဖော်ဝါရီ ၁၃
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် အသက် (၂)နှစ်ဝန်းကျင်အရွယ် ကလေးငယ်တစ်ဦး မြောင်းထဲပြုတ်ကျသေဆုံးခဲ့ကြောင်း ကရုဏာတွဲလက်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီလ ၁၃ ရက်)၊ မွန်းလွဲပိုင်းတွင် လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်တွင် အထက်ပါကဲ့သို့ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကလေးကို ပိုက်ဆံပေးလိုက်တာ။ မုန့်သွားစားမယ်ဆိုပြီး ထွက်သွားတာ။ ထွက်သွားတဲ့ဟာကို မြောင်းဘက်ကို ဘယ်လိုရောက်သွားလဲမသိဘူး။ ကလေးမတွေ့တော့လို့ ရှာတဲ့အခါမှာ မြောင်းထဲမှာ ဖိနပ်လေးတွေ့လို့ ဆွဲဆယ် လိုက်တာ။ မြောင်းထဲမှာတွေ့တာပဲ။ မိနစ်ပိုင်းလောက်ပဲခြားပြီး ရှာလိုက်တာတန်းတွေ့တယ်”ဟု ကရုဏာတွဲလက် လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါကလေးငယ်သည် အသက် (၂)နှစ်နှင့် (၈)လအရွယ်ရှိ ယောကျ်ားလေးဖြစ်ပြီး လက်ရှိတွင် ရုပ်အလောင်းအား လှိုင်သာယာဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
“ဘယ်သူ့ဘယ်သူ့ကိုမှတော့ အပြစ်တင်လို့မရဘူးပေါ့။ တစ်ခုတော့ ရှိတာပေါ့။ ဒီအရွယ်ဆိုတာက လွှတ်ထားလို့ ရတဲ့အရွယ်မဟုတ်ဘူး။ လွှတ်ထားလို့ရတဲ့အရွယ်မဟုတ်တဲ့အတွက် ပြောချင်တာက မိဘတွေ အရမ်းပေါ့ဆလွန်း တယ်။ ဒီအရွယ်မှာ ကိုယ်နဲ့မကွာထားရမဲ့အချိန်မှာ ဒီလိုဖြစ်သွားတဲ့ဆိုတာ မဖြစ်သင့်တဲ့ အခြေအနေကြီးပေါ့။ အဲဒီတော့ နောက်နောင်လူတွေလည်း ဒါမျိုးလေးတွေ အထူးဂရုစိုက်ဖို့ ပြောချင်တယ်” ဟု ၎င်းက ဆက်လက် အကြုံပြုထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်တွင် ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်ရှိ ငါးလွှာအမြင့် တိုက်ပေါ်မှ အသက်(၁)နှစ် နှင့် (၇)နှစ် အရွယ်ရှိသော မိန်းကလေးငယ် (၂)ဦးလုံး ပြုတ်ကျခဲ့ပြီး သေဆုံးမှုဖြစ်ပွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆောက်လုပ်ရေးသုံးပစ္စည်းများ ၁၅ ရာခိုင်နှုန်းအထိ ဈေးမြင့်တက်ခဲ့ပြီး ပါမစ်အခက်အခဲကြောင့် ပစ္စည်းပြတ်လပ်မှုအချို့ဖြစ်ပေါ်နေ
RELATED POSTS
08 Nov 2024 | မှုခင်း,ပြည်တွင်း
07 Nov 2024 | မှုခင်း,ပြည်တွင်း