Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကျောက်တော်၌ ကယ်ဆယ်ရေးကမ်းထိုးရေယာဉ် (၃)စင်း တိုက်ခိုက်ခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် အများအပြားသေဆုံးခဲ့ရဟုဆို

မြူနစ် (NSS) - ဖေဖော်ဝါရီ ၁၂

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း၌ ကယ်ဆယ်ရေးကမ်းထိုးရေယာဉ် (၃)စင်း တိုက်ခိုက်ခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် အများအပြားသေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။


ကယ်ဆယ်ရေးကမ်းထိုးရေယာဉ်(၃)စင်းသည် စစ်တွေမြို့မှတစ်ဆင့် ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး၌ လုံခြုံရေးအဖွဲ့ဝင်များ၊ ၎င်းတို့၏ မိသားစုဝင်များ နှင့် နိုင်ငံ့ဝန်ထမ်းများကို စောင့်ဆိုင်းကယ်ထုတ်နေစဉ်အချိန်တွင် ရခိုင်လက်နက်ကိုင် AA အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။

“အကြီးက နှစ်စင်း၊ အသေးက တစ်စင်းပေါ့။ အဲဒီမှာ ကျားပိုက်တွေကို အောက်ခြေတစ်ကြောလုံးမှာ ချထားတာ။ ပြောရရင်တော့ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းကို ဆွဲထားတာ။ ဒလက်တွေက အဲဒါတွေနဲ့ အကုန်ငြိကုန်တာ။ ပထမဆုံးက ကမ်းထိုးရေယာဉ်အကြီးတစ်စင်းနဲ့ ငြိပြီးတော့ သောင်တင်သွားတယ်။ အဲဒါမှာ အသေးတစ်စင်းနဲ့ အကြီးတစ်စင်းက သွားပြီးဆွဲတာ။ အဲဒီမှာ ဒရော့ဗုံးတွေနဲ့ တိုက်ခိုက်ခံရတာပေါ့။ ပြီးတော့ ကမ်းပေါ်ကို တက်ပြေးတဲ့သူတွေကို ဓါးနဲ့ ဝိုင်းခုတ်တာတွေ ဖြစ်တဲ့အချိန်မှာ တစ်ချို့ရေကူးတတ်တဲ့ (၄)၊(၅)၊(၁၀)ယောက်လောက်က မြစ်ကြောင်းအတိုင်းမျောပြီးတော့ ဆင်းသွားတဲ့အချိန်မှာ ကယ်ဆယ်ရေးရေယာဉ်နဲ့တွေ့ပြီးတော့မှ အသက်ရှင်သွားတာလည်းရှိတယ်။ ကမ်းပေါ်ကို တက်ပြီးတော့ ပြေးလို့ အသက်ရှင်တာမဟုတ်ဘူး”ဟု ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းတစ်ဦးက NSS ကို ပြောသည်။

ရခိုင့်လက်နက်ကိုင် AA ပူးပေါင်းအဖွဲ့သည် အထက်ပါကယ်ဆယ်ရေးရေယာဉ်(၃)စင်းကို ဒရှော့ဗုံးအပါ အဝင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ၎င်းဖြစ်စဉ်အတွင်း လုံခြုံရေးအဖွဲ့ဝင်နှင့်မိသားစုဝင် စုစုပေါင်း (၆၀၀)ထက်မနည်း သေဆုံးခဲ့ရသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

“စုစုပေါင်း (၇၀၀)ဝန်းကျင်လောက်ရှိမယ်။ ကြည်းတပ်နဲ့ မိသားစုဝင်အင်အားက ဘယ်လောက်ရှိလဲ ကျွန်တော်တို့ တိတိကျကျမသိဘူး။ ဒါပေမဲ့ ရေတပ်အင်အားကတော့ သင်္ဘောမောင်းတဲ့သူတွေ၊ ကယ် ဆယ်ရေးလုပ်တဲ့သူတွေလည်း ပါတယ်။ အဲဒီသင်္ဘောပေါ်မှာက တပ်မတော်သားတွေ၊ မိသားစုဝင်တွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ ကလေးတွေအများကြီးပါတယ်”ဟု အထက်ပါနိုင်ငံ့ဝန်ထမ်းက ထပ်မံပြောသည်။

အဆိုပါရေယာဉ်(၃)စင်း တိုက်ခိုက်ခံရမှုဖြစ်စဉ်သည် ဖေဖော်ဝါရီလ ၆ ရက်မှစတင်ကာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၈  ရက်တွင် အပြီးသတ်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို့ပြင် ၎င်းရေယာဉ်များသည် ရခိုင်ပြည်နယ်၌ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်စဉ် ရန်ကုန်မြို့မှတစ်ဆင့် ဆန်အပါအဝင် ကယ်ဆယ်ရေးပစ္စည်းများကို တင်ဆောင်ကာ မုန်တိုင်းဒဏ်သင့်ဒေသခံများကို ကူညီပေးခဲ့သော ကမ်းထိုးရေယာဉ်များ ဖြစ်ကြောင်းလည်း ထပ်မံသိရှိရသည်။

ကယ်ဆယ်ရေးကမ်းထိုးရေယာဉ်(၃)စင်း တိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့်အပေါ်  NSS အနေဖြင့် ထပ်မံသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသကဲ့သို့ နစက၏သတင်းထုတ်ပြန်ရေးအဖွဲ့အနေဖြင့်လည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိသေးပေ။

လက်ရှိတွင် အထက်ပါရေယာဉ်(၃)စင်းကို တိုက်ခိုက်ခဲ့သော အခြေအနေများနှင့်ပတ်သက်၍လည်း ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ဓါတ်ပုံများနှင့်တကွ အသိပေးထုတ်ပြန်လာသည်ကို တွေ့ရှိရသည်။ ဖေဖော်ဝါရီလ ၈ ရက်သည် နစက၏ သင်္ဘောများကို အလဲထိုးကာ အောင်ပွဲရယူနိုင်ခဲ့သော နေ့တစ်နေ့ဖြစ်သည်ဟုလည်း AA အဖွဲ့က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ထို့ပြင် အထက်ပါရေယာဉ်များအပေါ်မှ အသက်မသေဘဲ ရေကူးလွတ်မြောက်လာသောသူများစွာကို ကယ်တင်ထားနိုင်ခဲ့ကြောင်းလည်း AA အဖွဲ့က ထပ်မံအသိပေးထုတ်ပြန်ထားသည်ကို တွေ့ရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်မြို့လယ်ခေါင်၌ တက္ကစီယာဉ်မောင်းကို ဓားဖြင့်ထိုးကာ ကားလုယက်ယူဆောင် ပြီးနောက် ရပ်ထားသည့် ကား(၁၀)စီးအား ဝင်တိုက်မှုဖြစ်ပွား

RELATED POSTS
RECENT POSTS
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved