Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လိုင်စင်မဲ့မော်တော်ယာဉ်များ ပပျောက်ရေး စီမံချက်ဆောင်ရွက်နေပြီး ဖမ်းဆီးရမိသောယာဉ်များကို ဖျက်ဆီးမည်

မျိုးကြီး (NP News) - မတ် ၂၅


လိုင်စင်မဲ့မော်တော်ယာဉ်များ ပပျောက်ရေးအတွက် နိုင်ငံတော်အနေဖြင့် စီမံချက်ချကာ ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရမိသည့်ယာဉ်များကို ဖျက်ဆီးဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြော သည်။


၎င်းက မတ်လ ၂၄ ရက်တွင် နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၌ ကျင်းပသည့် ဝန်ကြီးများ၊ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်တွေ့ဆုံညှိနှိုင်း အစည်းအဝေးတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။


မော်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့်ပတ်သက်၍ လိုင်စင်မဲ့မော်တော်ယာဉ်များ ပပျောက်ရေးအတွက် နိုင်ငံတော်အနေဖြင့် စီမံချက်ချကာ ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရမိသည့် မော်တော်ယာဉ်များကိုလည်း ဖျက်ဆီးဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုထား သည်။


လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ တရားမဝင်တင်သွင်းမှု၊ ရောင်းချမှုနှင့် စီးနင်းမှုများ မဖြစ်စေရေးအတွက် ကြပ်မတ် ဆောင်ရွက်လျက်ရှိပြီး ထိုသို့ တင်သွင်းခြင်း၊ ရောင်းချခြင်းများကြောင့် နိုင်ငံတော်၏အခွန်ငွေများကို ထိခိုက်စေကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။


ထို့ပြင် အကြမ်းဖက်လုပ်ရပ်များလုပ်ကိုင်ရာတွင် ၎င်းလိုင်စင်မဲ့ယာဉ်များကို အသုံးပြုခြင်းကြောင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုလုပ်ငန်းစဉ်များကိုပါ ထိခိုက်လျက်ရှိကြောင်းလည်း နစကဥက္ကဋ္ဌက ထုတ်ဖော်ပြောဆိုထားသည်။


ထို့ကြောင့် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့်ပတ်သက်၍ တိုင်းနှင့် ပြည်နယ်များအလိုက် စနစ်တကျကြပ်မတ်လုပ်ဆောင်ကြရန်လိုအပ်ပြီး ယာဉ်နံပါတ်ပြားများကိုလည်း ပုံစံသစ်လဲလှယ်တပ်ဆင်အသုံးပြုရေး ကြပ်မတ်ဆောင်ရွက်သွားရန် ၎င်းက တိုက်တွန်းပြောဆိုထားသည်။


လက်ရှိတွင် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၌ မှတ်ပုံတင်ထားသည့် လူစီးယာဉ်၊ ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်၊ သုံးဘီးတပ်ယာဉ်၊ နှစ်ဘီးတပ်ယာဉ်များအပါအဝင် စုစုပေါင်းယာဉ်အစီးရေသည် (၇ဝ၉၉၁၅၈)စီးရှိကြောင်း သိရသည်။

zawgyi version

လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ား ပေပ်ာက္ေရး စီမံခ်က္ေဆာင္႐ြက္ေနၿပီး ဖမ္းဆီးရမိေသာယာဥ္မ်ားကို ဖ်က္ဆီးမည္


မ်ိဳးႀကီး (NP News) - မတ္ ၂၅


လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ား ပေပ်ာက္ေရးအတြက္ ႏိုင္ငံေတာ္အေနျဖင့္ စီမံခ်က္ခ်ကာ ေဆာင္႐ြက္လ်က္ရွိၿပီး ဖမ္းဆီးရမိသည့္ယာဥ္မ်ားကို ဖ်က္ဆီးေဆာင္႐ြက္ေနေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာ သည္။


၎က မတ္လ ၂၄ ရက္တြင္ ေနျပည္ေတာ္ရွိ နစက ဥကၠ႒႐ုံး၌ က်င္းပသည့္ ဝန္ႀကီးမ်ား၊ တိုင္းႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ား၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း၊ ေဒသစီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဥကၠ႒မ်ားႏွင့္ေတြ႕ဆုံညႇိႏႈိင္း အစည္းအေဝးတြင္ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။


ေမာ္ေတာ္ယာဥ္စည္းကမ္းထိန္းသိမ္းေရးႏွင့္ပတ္သက္၍ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ား ပေပ်ာက္ေရးအတြက္ ႏိုင္ငံေတာ္အေနျဖင့္ စီမံခ်က္ခ်ကာ ေဆာင္႐ြက္လ်က္ရွိၿပီး ဖမ္းဆီးရမိသည့္ ေမာ္ေတာ္ယာဥ္မ်ားကိုလည္း ဖ်က္ဆီးေဆာင္႐ြက္ေနေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထုတ္ေဖာ္ေျပာဆိုထား သည္။


လိုင္စင္မဲ့ေမာ္ေတာ္ဆိုင္ကယ္မ်ား တရားမဝင္တင္သြင္းမႈ၊ ေရာင္းခ်မႈႏွင့္ စီးနင္းမႈမ်ား မျဖစ္ေစေရးအတြက္ ၾကပ္မတ္ ေဆာင္႐ြက္လ်က္ရွိၿပီး ထိုသို႔ တင္သြင္းျခင္း၊ ေရာင္းခ်ျခင္းမ်ားေၾကာင့္ ႏိုင္ငံေတာ္၏အခြန္ေငြမ်ားကို ထိခိုက္ေစေၾကာင္း နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။


ထို႔ျပင္ အၾကမ္းဖက္လုပ္ရပ္မ်ားလုပ္ကိုင္ရာတြင္ ၎လိုင္စင္မဲ့ယာဥ္မ်ားကို အသုံးျပဳျခင္းေၾကာင့္ တရားဥပေဒစိုးမိုးေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းမႈလုပ္ငန္းစဥ္မ်ားကိုပါ ထိခိုက္လ်က္ရွိေၾကာင္းလည္း နစကဥကၠ႒က ထုတ္ေဖာ္ေျပာဆိုထားသည္။


ထို႔ေၾကာင့္ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ားႏွင့္ပတ္သက္၍ တိုင္းႏွင့္ ျပည္နယ္မ်ားအလိုက္ စနစ္တက်ၾကပ္မတ္လုပ္ေဆာင္ၾကရန္လိုအပ္ၿပီး ယာဥ္နံပါတ္ျပားမ်ားကိုလည္း ပုံစံသစ္လဲလွယ္တပ္ဆင္အသုံးျပဳေရး ၾကပ္မတ္ေဆာင္႐ြက္သြားရန္ ၎က တိုက္တြန္းေျပာဆိုထားသည္။


လက္ရွိတြင္ ကုန္လမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန၌ မွတ္ပုံတင္ထားသည့္ လူစီးယာဥ္၊ ခရီးသည္တင္ယာဥ္၊ ကုန္တင္ယာဥ္၊ သုံးဘီးတပ္ယာဥ္၊ ႏွစ္ဘီးတပ္ယာဥ္မ်ားအပါအဝင္ စုစုေပါင္းယာဥ္အစီးေရသည္ (၇ဝ၉၉၁၅၈)စီးရွိေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အော်စကာဆုရ သရုပ်ဆောင်/ထုတ်လုပ်သူ ရိစ်ဝစ်သာစပွန်း ခင်ပွန်းဖြစ်သူနဲ့ကွာရှင်း

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved