Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ငွေကျပ်သန်း(၇၀၀)ကျော်တန်ဖိုးရှိ တရားမဝင်စက်သုံးဆီများ ဖမ်းဆီးရမိခဲ့

ယွန်း (NSS) - ဖေဖော်ဝါရီ ၈

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ခန့်မှန်တန်ဖိုးငွေကျပ်သန်း(၇၀၀)ကျော်ရှိသည့် တရားမဝင်စက်သုံးဆီများ ဖမ်းဆီးရမိခဲ့ကြောင်း ကုန်သွယ်မှု နှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီဥက္ကဋ္ဌက ပြောသည်။


ကုန်သွယ်မှု နှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဖေဖော်ဝါရီလ(၇)ရက်တွင် နေပြည်တော်ရှိ ရုံးအမှတ် (၁၈) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗဟိုကော်မတီအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများ၏ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး အပါအဝင် စီးပွားရေး နှင့် ဝန်ဆောင်မှုဆိုင်ရာ အထွေထွေလုပ်ငန်းများ ဆောင်ရွက်ရာတွင် မရှိမဖြစ်လိုအပ်သည့် စက်သုံးဆီကဏ္ဍကို ဦးစားပေးသွင်းကုန်အနေဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စက်သုံးဆီတင်သွင်းလိုသည့် ကုမ္ပဏီအသစ်များကိုလည်း စနစ်တကျစိစစ်ခွင့်ပြုသွားမည်ဖြစ်ပြီး စက်သုံးဆီများကို ပြည်သူများ လုံလောက်စွာ အသုံးပြုနိုင်ရေးနှင့် တရားမဝင်စက်သုံးဆီ ရောင်းချမှုမရှိစေရေးကိုလည်း အလေးထားကြပ်မတ်ဆောင်ရွက်နေကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တရားမဝင်စက်သုံးဆီ ဖမ်းဆီးရမိမှုသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း (၆၅)မှုရှိခဲ့ပြီး စက်သုံးဆီ (၂၉၈ ဒသမ ၀၅၇) တန်၊ တန်ဖိုးငွေအားဖြင့် ခန့်မှန်းတန်ဖိုးငွေကျပ်(၇၃၈ ဒသမ ၃၉၂) သန်း ရှိကြောင်း ဗိုလ်ချုပ်ကြီးမြထွန်းဦးက အသိပေးပြောကြားထားသည်။

ထို့ပြင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း အမှုပေါင်း(၁၄)မှု စက်သုံးဆီတန်ချိန်(၇၄ ဒသမ ၂၂၅)တန်၊ ခန့်မှန်းတန်ဖိုးငွေကျပ်(၁၇၆ ဒသမ ၃၂၉ )သန်းကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စက်သုံးဆီကို ပြည်သူများ သက်သာသည့်ဈေးနှုန်းဖြင့်ဝယ်ယူနိုင်‌ရန် အမြဲမပြတ်ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိက စက်မှုကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ဝန်ဆောင်မှုလုပ် ငန်းများ၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း နှင့် ဟိုတယ်လုပ်ငန်းများ၊ အစိုးရတင်ဒါလုပ်ငန်းများ နှင့် ကျန်လုပ်ငန်းများတွင်လိုအပ်သည့် စက်သုံးဆီများကို လွတ်လပ်စွာတင်သွင်းနိုင်ရေးကိုလည်း စီမံဆောင်ရွက်ပေးထားကြောင်း ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောသည်။

၂ဝ၁၇ ခုနှစ် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ အရ “မည်သူမျှ ဤဥပဒေအရ လိုင်စင်ရယူရန်လိုအပ်သည့်လုပ်ငန်း (သို့မဟုတ်) ဆောင်ရွက်မှုတစ်ခုကို သက်ဆိုင်ရာလိုင်စင်ရယူခြင်းမရှိဘဲ လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရ”ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။

အဆိုပါဥပဒေအရ စက်သုံးဆီများကို လိုင်စင်မဲ့သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်း ချခြင်းများ စစ်ဆေးတွေ့ရှိပါက အနည်းဆုံးဒဏ် ငွေကျပ် သုံးသိန်းမှ အများဆုံးဒဏ်ငွေကျပ်သိန်း(၅ဝ)အထိ ငွေဒဏ်ဖြစ်စေ၊ တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ပြစ်ဒဏ်အပြင် ပြစ်ဒဏ်နှစ်ရပ်လုံး စီရင်ခံရမည့်အပြင် ပြစ်မှုကျူးလွန်ခြင်း နှင့် သက်ဆိုင်သည့်ပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရနိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို့ကြောင့် စက်သုံးဆီများကို လိုင်စင်မဲ့ရောင်းချခြင်း၊ နေအိမ်၊ ခြံဝင်းများအပြင် မည်သည့်နေရာတွင်မဆို လိုင်စင်မဲ့ရောင်းချခြင်းများကို စစ်ဆေးကြပ်မတ်ကာ ဥပဒေနှင့်အညီ အရေး ယူဆောင်ရွက်မည်ဖြစ်ကြောင်း သတိပေးထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

၂၄ နာရီအတွင်း ပြည်တွင်းနှင့် ပြည်ပက ထူးခြားသတင်းများ စုစည်းတင်ဆက်ခြင်း

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved