စင်ကာပူနိုင်ငံ၊ ရီချန်ငါးဖမ်းကန်မှ ငါးများ ရာချီသေဆုံးမှုဖြစ်ပွား
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၈
စင်ကာပူနိုင်ငံ၊ ရီချန်ရှိ ငါးကန်တစ်ခုအတွင်း ရာနဲ့ချီတဲ့ ငါးအသေများ ပေါလောပေါ်နေပြီး အနံ့အသက်ဆိုးတွေ ထွက်ပေါ်နေပါတယ်။ 81 Lorong Chencharu ရှိ ရေကန်ထဲမှာ ငါးအသေ အများအပြားကို ပြီးခဲ့တဲ့ သီတင်းပတ်အစောပိုင်းက စတင်မြင်တွေ့ခဲ့တာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၅ ရက်က အဆိုပါနေရာမှ မီတာ ၂၀ ခန့်အကွာရှိ အနီးနားရှိ ဘတ်စ်ကားမှတ်တိုင်တစ်ခုထိပါ ငါးပုပ်နံ့တွေ ပျံ့နှံ့နေခဲ့ပါတယ်။ ဖေဖော်ဝါရီ ၆ ရက်မှာတော့ ငါးသေတွေကို အနက်ရောင် အမှိုက်အိတ် (၂၀) ကျော်နဲ့ ဖယ်ရှားရှင်းလင်းခဲ့ရပါတယ်။
တရုတ်သတင်းစာ Zaobao ရဲ့ ဖော်ပြချက်အရ သေဆုံးတဲ့ ငါးအကောင်ရေဟာ ရာနဲ့ချီရှိနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ငါးတွေ သေဆုံးရတဲ့အကြောင်းအရင်းကတော့ ရာသီဥတု ပူအိုက်ပြီး ရေအောက်မှာ အောက်ဆီဂျင်ရမှုလျော့ပါးလာခြင်းကြောင့်ဖြစ်တယ်လို့ ကောက်ချက်ချထားပါတယ်။
အဆိုပါရေကန်ဟာ တစ်ချိန်က လာရောက်လည်ပတ်သူများတဲ့ ငါးဖမ်းကန်ဖြစ်ပြီး Khatib Camp၊ Sembawang Road၊ Yishun Avenue 1 ၊ Yishun Avenue 2 တို့နဲ့ နီးစပ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟာဇီဂိုဗီးနားဒေသမှာ လူမျိုးသုဥ်း သတ်ဖြတ်ခံရသူတွေရဲ့အရိုးတွေ ဆရာဝန်တစ်ဦးရဲ့ဥယျာဉ်ခြံထဲမှ တူးဖော်တွေ့ရှိ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း