Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဗြိတိန်ဘုရင်ကြီး ကင်ဆာရောဂါခံစားနေရသည့်အတွက် လုပ်ငန်းတာဝန်များကို လက်ရှိအချိန်တွင် တာဝန်ထမ်းဆောင်နိုင်မည်မဟုတ်သေးကြောင်း ဗြိတိန်နန်းတော် သတင်းထုတ်ပြန်

ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၈

ဗြိတိန်ဘုရင်ကြီးချားလ်  III သည် ကင်ဆာရောဂါခံစားနေရသည့်အတွက် ၎င်း၏ လုပ်ငန်းတာဝန်များကို လက်ရှိအချိန်တွင်တာဝန်ထမ်းဆောင်နိုင်မည်မဟုတ်ကြောင်း ဘက်ကင်ဟမ် နန်းတော်က သတင်း ထုတ်ပြန်လိုက်သည်။


အသက် ၇၅ နှစ်အရွယ်ရှိ ဗြိတိန်ဘုရင်ကြီးသည် ကင်ဆာရောဂါကို လန်ဒန်ဆေးရုံတွင် တက်ရောက် ကုသခဲ့ပြီးနောက် ပြီးခဲ့သောသီတင်းပတ်တွင်ဆေးရုံမှ ပြန်ဆင်းလာခဲ့ပြီး လက်ရှိအချိန်တွင် အများပြည်သူ နှင့်ဆိုင်သော လုပ်ငန်းတာဝန်များကိုဆိုင်းငံ့ထားကြောင်း ဗြိတိန်ဘုရင်နန်းတော်က ပြောသည်။ 

ဗြိတိန်ဘုရင်နန်းတော်က ချားလ်ဘုရင်ကြီးသည် ကင်ဆာရောဂါခံစားနေရသည်ဟု သတင်းထုတ်ပြန်ခဲ့ သော်လည်း မည့်သည့်ကင်ဆာဖြစ်သည်ဆိုသောအချက်ကို အတိအကျ သတင်းထုတ်ပြန်ခြင်းမျိုး မရှိသေးကြောင်း သိရသည်။ 

ဗြိတိန်ဘုရင်နန်းတော်က "ဗြိတိန်ဘုရင်ကြီးဟာ မကြာသေးမီက ဆေးရုံမှာ လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်ဆောင်ခဲ့တယ်။ အကြိတ်က တဖြည်းဖြည်း ကြီးလာနေတယ်။ နောက်ဆက်တွဲရောဂါရှာဖွေ စမ်းသပ်မှုတွေအရ ကင်ဆာရောဂါပုံစံမျိုးဆိုတာသိခဲ့ရတယ်။ ဘုရင်ကြီးရဲ့ကင်ဆာရောဂါကို လက်ရှိ အချိန်က စတင်ပြီး ပုံမှန်ကုသသွားမယ်။ ဆရာဝန်တွေကလည်း ဘုရင်ကြီးကို အများပြည်သူနဲ့ ဆက်နွယ်တဲ့လုပ်ငန်းတာဝန်တွေ မထမ်းဆောင်သေးဖို့ အကြံပြုထားတယ်။ ဒါကြောင့် ဘုရင်ကြီးဟာ လက်ရှိအချိန်မှာ သူရဲ့တာဝန်တွေကို ထမ်းဆောင်မှာ မဟုတ်သေးဘူး။ ဘုရင်ကြီးဟာ ပြည်သူတွေရဲ့ မြင်ကွင်းရှေ့ကို အမြန်ဆုံးပြန်လည်ရောက်ရှိစေဖို့ မျှော်လင့်နေတယ်" ဟု ပြောသည်။


ဗြိတိန်ဘုရင်မကြီး အဲလီစဘတ် နတ်ရွာစံခဲ့ပြီးနောက် အိမ်ရှေ့စံချားလ်မင်းသားသည် ဗြိတိန်ထီးနန်း အရိုက်အရာကို ဆက်ခံခဲ့ပြီး ၂ဝ၂၃ ခုနှစ် မေလတွင်  ဗြိတိန်ဘုရင်အသစ်အဖြစ် နန်းတက်ပွဲအခမ်းအနား ကို ကျင်းပခဲ့ကြောင်း သိရသည်။ ဗြိတိန်ဘုရင်ကြီးချားလ် III သည် အများပြည်သူနှင့်သက်ဆိုင်သော လုပ်ငန်းများကို လက်ရှိအချိန်တွင် တာဝန်မထမ်းဆောင်နိုင်သော်လည်း နိုင်ငံအကြီးအကဲအဖြစ် ဆက်ရှိ နေမည်ဖြစ်ပြီး သီးသန့်အစည်းအဝေးများနှင့် အရေးကြီးသော စာရွက်စာတမ်းများ လက်မှတ်ရေးထိုးပေး မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ 

ဗြိတိန်ဘုရင်ကြီးချားလ်   III တွင်  သားနှစ်ဦးရှိနေပြီး ဘုရင်ကြီးနတ်ရွာစံခဲ့ပါက သားအကြီးဖြစ်သူ တော်ဝင်မင်းသားဝီလျံက ထီးနန်းအရိုက်အရာကို ဆက်ခံမည်ဖြစ်သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဂန့်ဂေါ-မြောက်ခင်ရန်းရွာက လူသတ်မှု ရှင်းတမ်း၊ ကွတ်ခိုင်မှာ TNLA နဲ့ ကချင်လူမှုအဖွဲ့တွေ ငြိကြပြီ၊ EV ကားကုမ္ပဏီသစ်(၅၁)ခုနဲ့ အစီးရေ(၂၅ဝဝဝ)လောက်အထိ ဖြစ်လာနိုင်ခြင်း (၇-၂-၂ဝ၂၄)

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved