Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရေနံ၊ လောင်စာဆီ၊ ရွှေ ၊ သစ် စသည့် မြေပေါ်မြေအောက်သယံဇာတများအား တရားမဝင်တူးဖော်ထုတ်လုပ်နေမှုကို ထိန်းသိမ်းကြပ်မတ်မည်ဟု နစက ဥက္ကဋ္ဌပြော

ရဲပြည့် (NP News) - မတ် ၂၅ 


ရေနံ၊ ‌လောင်စာဆီ ၊ ရွှေ ၊ သစ် စသည့် မြေပေါ်မြေအောက်သယံဇာတများအား စည်းကမ်းမရှိ တရားမဝင် တူးဖော်ထုတ်လုပ်နေမှုများကို ထိန်းသိမ်းကြပ်မတ်မည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ 


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၂၄ ရက်တွင် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။


ရေနံနှင့်ပတ်သက်၍ သယံဇာတများစွာရှိပြီး စည်းကမ်းစနစ်တကျမရှိဘဲ တူးဖော်ထုတ်လုပ်နေမှုများအား ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောသည်။


ထို့ပြင် လောင်စာဆီနှင့်ပတ်သက်၍ ရေနံနှင့်ရေနံထွက်ပစ္စည်းများအား နှစ်စဉ် အမေရိကန်ဒေါ်လာသန်း (၆ဝဝဝ) ကျော်ခန့် ဝယ်ယူတင်သွင်းရသဖြင့် လောင်စာဆီ သုံးစွဲမှုများကိုလည်း ထိန်းသိမ်းဆောင်ရွက်ကြရန် ၎င်းက ဆက်လက်ပြောသည်။ 


ရွှေတူးဖော်ခြင်း၊ သစ်ထုတ်လုပ်ခြင်း အစရှိသည့် နိုင်ငံတော်၏ မြေပေါ်မြေအောက် သယံဇာတများကို ထုတ်ယူသုံးစွဲရာတွင်လည်း  သတ်မှတ်စည်းမျဉ်း စည်းကမ်းနည်းဥပဒေများနှင့်အညီသာ ထုတ်ယူသုံးစွဲရန်နှင့်  တရားမဝင်ထုတ်ယူသုံးစွဲမှုများ မရှိစေရေး ထိထိရောက်ရောက် ထိန်းသိမ်းကြပ်မတ်ရန် နစက ဥက္ကဋ္ဌက မှာကြားခဲ့သည်။ 


သစ်ပင်သစ်တောများ ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက်လည်း သစ်ပင်စိုက်ပျိုးခြင်းများနှင့် စနစ်တကျထိန်းသိမ်းခြင်းများကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။


အဆိုပါ မြေပေါ်မြေအောက်သယံဇာတများအား ထုတ်ယူသုံးစွဲရာတွင်လည်း မလိုလားအပ်ဘဲ လေလွင့်ဆုံးရှုံးမှု မရှိစေရေး စနစ်တကျ ဆောင်ရွက်ရန်နှင့်  အကျိုးရှိရှိအသုံးချရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

zawgyi version

ေရနံ၊ ေလာင္စာဆီ၊ ေ႐ႊ ၊ သစ္ စသည့္ ေျမေပၚေျမေအာက္သယံဇာတမ်ားအား တရားမဝင္တူးေဖာ္ထုတ္လုပ္ေနမႈကို ထိန္းသိမ္းၾကပ္မတ္မည္ဟု နစက ဥကၠ႒ေျပာ

ရဲျပည့္ (NP News) - မတ္ ၂၅ 


ေရနံ၊ ‌ေလာင္စာဆီ ၊ ေ႐ႊ ၊ သစ္ စသည့္ ေျမေပၚေျမေအာက္သယံဇာတမ်ားအား စည္းကမ္းမရွိ တရားမဝင္ တူးေဖာ္ထုတ္လုပ္ေနမႈမ်ားကို ထိန္းသိမ္းၾကပ္မတ္မည္ျဖစ္ေၾကာင္း နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။ 


ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က မတ္လ ၂၄ ရက္တြင္ ေကာင္စီအဖြဲ႕ဝင္မ်ား၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ား၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း၊ ေဒသစီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဥကၠ႒မ်ားႏွင့္ ေတြ႕ဆုံညႇိႏႈိင္းအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။


ေရနံႏွင့္ပတ္သက္၍ သယံဇာတမ်ားစြာရွိၿပီး စည္းကမ္းစနစ္တက်မရွိဘဲ တူးေဖာ္ထုတ္လုပ္ေနမႈမ်ားအား ထိန္းသိမ္းၾကပ္မတ္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း နစက ဥကၠ႒က ေျပာသည္။


ထို႔ျပင္ ေလာင္စာဆီႏွင့္ပတ္သက္၍ ေရနံႏွင့္ေရနံထြက္ပစၥည္းမ်ားအား ႏွစ္စဥ္ အေမရိကန္ေဒၚလာသန္း (၆ဝဝဝ) ေက်ာ္ခန႔္ ဝယ္ယူတင္သြင္းရသျဖင့္ ေလာင္စာဆီ သုံးစြဲမႈမ်ားကိုလည္း ထိန္းသိမ္းေဆာင္႐ြက္ၾကရန္ ၎က ဆက္လက္ေျပာသည္။ 


ေ႐ႊတူးေဖာ္ျခင္း၊ သစ္ထုတ္လုပ္ျခင္း အစရွိသည့္ ႏိုင္ငံေတာ္၏ ေျမေပၚေျမေအာက္ သယံဇာတမ်ားကို ထုတ္ယူသုံးစြဲရာတြင္လည္း  သတ္မွတ္စည္းမ်ဥ္း စည္းကမ္းနည္းဥပေဒမ်ားႏွင့္အညီသာ ထုတ္ယူသုံးစြဲရန္ႏွင့္  တရားမဝင္ထုတ္ယူသုံးစြဲမႈမ်ား မရွိေစေရး ထိထိေရာက္ေရာက္ ထိန္းသိမ္းၾကပ္မတ္ရန္ နစက ဥကၠ႒က မွာၾကားခဲ့သည္။ 


သစ္ပင္သစ္ေတာမ်ား ေရရွည္တည္တံ့ ခိုင္ၿမဲေစေရးအတြက္လည္း သစ္ပင္စိုက္ပ်ိဳးျခင္းမ်ားႏွင့္ စနစ္တက်ထိန္းသိမ္းျခင္းမ်ားကိုလည္း ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း ၎က ထည့္သြင္းေျပာၾကားခဲ့သည္။


အဆိုပါ ေျမေပၚေျမေအာက္သယံဇာတမ်ားအား ထုတ္ယူသုံးစြဲရာတြင္လည္း မလိုလားအပ္ဘဲ ေလလြင့္ဆုံးရႈံးမႈ မရွိေစေရး စနစ္တက် ေဆာင္႐ြက္ရန္ႏွင့္  အက်ိဳးရွိရွိအသုံးခ်ရန္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သာကေတမြို့နယ်တွင် ဘေးတွဲဆိုင်ကယ် နှင့် ကား ယာဉ်တိုက်မှုဖြစ်ပွားရာ တစ်ဦးသေဆုံး

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved