Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြဝတီကုန်သွယ်ရေးဇုန်နှင့် သင်္ဃန်းညီနောင်ရဲစခန်းတို့ကို KNLA၊ PDF ပူးပေါင်းအဖွဲ့မှ ဝင်ရောက်တိုက် ခိုက်လျက်ရှိပြီး ထိခိုက်သေဆုံးမှုများရှိနေ

မျိုးကြီး (NP News) - မတ် ၂၅

ကရင်ပြည်နယ်ရှိ မြဝတီကုန်သွယ်ရေးဇုန်နှင့် သင်္ဃန်းညီနောင်ရဲစခန်းတို့ကို KNLA၊ PDF ပူးပေါင်းအဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်လျက်ရှိပြီး ထိခိုက်သေဆုံးမှုများရှိနေကြောင်း သတင်းရရှိသည်။


KNLA၊ PDF ပူးပေါင်းအဖွဲ့မှ ယနေ့(မတ်လ ၂၅ ရက်) နံနက် ၅ နာရီအချိန်ခန့်မှစတင်ကာ ကုန်သွယ်ရေးဇုန်နှင့် သင်္ဃန်းညီနောင်ရဲစခန်းတို့ကို ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံများက NP News ကို အသိပေးပြောဆိုထားသည်။


“မြဝတီကုန်သွယ်ရေးဇုန်မှာလည်း ဖြစ်နေတယ်။ သင်္ဃန်းညီနောင်ရဲခန်းမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ အခုထိ မပြီးသေးဘူး။ မနက်ကတည်းက ဖြစ်နေတာ။ အခြေအနေက ဘာမှတိတိကျကျမသိရသေးဘူး။ ကျွန်တော်တို့က ကုန်သွယ်ရေးဇုန်နဲ့ ရဲစခန်းကြားမှာရှိတယ်။ ဘယ်မှသွားလို့မရဘူး” ဟု သင်္ဃန်းညီနောင်ရဲစခန်းနှင့်မြဝတီကုန်သွယ်ရေးဇုန်ကြားတွင် နေထိုင်သော သတင်းအရင်းအမြစ်တစ်ဦးက NP News ကိုပြောသည်။


အဆိုပါတိုက်ပွဲများကြောင့် မြဝတီကုန်သွယ်ရေးဇုန်ရှိ အဆောက်အဦးအချို့တွင် မီးလောင်ပျက်စီးမှုများ ဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲသည် ယနေ့ နံနက် ၁၁ နာရီဝန်းကျင်အထိ ပြင်းထန်နေလျက်ရှိကြောင်း ဒေသခံများက ဆိုသည်။


“ကုန်သွယ်ရေးဇုန်မှာက အစောင့်တွေရှိတာပေါ့။ BGF အဖွဲ့တွေရှိတယ်။ ရဲတွေရှိတယ်။ အဲဒါကို လာတိုက် တာပေါ့။ အခု ဆိုးတာက လူနာတွေရှိတာတောင်မှ သွားမကယ်နိုင်ဘူး။ ဘယ်မှလည်း သွားလို့မရဘူး။ တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရ ရှိသူတွေရှိတယ်” ဟု အထက်ပါသတင်းအရင်းအမြစ်က ဆက်လက်ပြောဆိုထားသည်။


ထို့ပြင် မြဝတီမြို့၊ သင်္ဃန်းညီနောင်ရဲစခန်းကိုလည်း KNLA၊ PDF ပူးပေါင်းအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်လျက်ရှိပြီး အင်အားအများအပြားဖြင့် ဝိုင်းဝန်းပိတ်ဆို့ထားကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုထားသည်။


“တိုက်ပွဲက တော်တော်ပြင်းထန်တယ်။ သင်္ဃန်းညီနောင်ရဲစခန်းကို ပတ်ဝိုင်းထားတာတင် အင်အားမနည်းဘူး။ လက်နက်ကြီးသံတွေရော လက်နက်ငယ်အသံတွေရော အကုန်ကြားနေရတယ်။ ဒီမနက်မှာ လေ ယာဉ်တော့ လာပစ်သွားတာတွေ့တယ်” ဟု သင်္ဃန်းညီနောင်ရဲစခန်းအနီးရှိ သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။


ယနေ့ နံနက်ပိုင်းတွင် စတင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မြဝတီ အာရှလမ်းမတွင် ယာဉ်အသွား အလာများ ရပ်တန့်လျက်ရှိနေသည့်အပြင် အာရှလမ်းမပေါ်ရှိ လမ်းပိုင်းအချို့သည်လည်း မိုင်းထောင်ဖျက်ဆီးခြင်းခံခဲ့ရမှုများရှိနေကြောင်း ဒေသခံများက ပြောဆိုထားသည်။


အဆိုပါတိုက်ပွဲများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ ရှိနေသော်လည်း လုံခြုံရေးအခြေအနေအရ သွားရောက်ကယ်ဆယ်နိုင်ခြင်းမရှိကြောင်းနှင့် အသွားအလာများကိုလည်း ကန့်သတ်တားဆီးမှုများရှိနေကြောင်း ဒေသခံလူမှုကူညီရေးအဖွဲ့များကလည်း အသိပေးပြောဆိုထားသည်။


ပြီးခဲ့သော မတ်လ ၂၂ ရက်တွင် ထိုင်းအာဏာပိုင်များက မဲဆောက်မြို့ရှိ အဆောက်အဦးများ၌ PDF များအပါအဝင် မြန်မာနိုင်ငံသား (၈ဝ) ကျော်အား ဖမ်းဆီးခဲ့ပြီးနောက် မကြာမီအချိန်တွင် ယခုကဲ့သို့ မြဝတီကုန်သွယ်ရေးဇုန်၌ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ကိုတွေ့ရှိရသည်။

zawgyi version

ျမဝတီကုန္သြယ္ေရးဇုန္ႏွင့္ သဃၤန္းညီေနာင္ရဲစခန္းတို႔ကို KNLA၊ PDF ပူးေပါင္းအဖြဲ႕မွ ဝင္ေရာက္တိုက္ ခိုက္လ်က္ရွိၿပီး ထိခိုက္ေသဆုံးမႈမ်ားရွိေန


မ်ိဳးႀကီး (NP News) - မတ္ ၂၅

ကရင္ျပည္နယ္ရွိ ျမဝတီကုန္သြယ္ေရးဇုန္ႏွင့္ သဃၤန္းညီေနာင္ရဲစခန္းတို႔ကို KNLA၊ PDF ပူးေပါင္းအဖြဲ႕မ်ားမွ ဝင္ေရာက္တိုက္ခိုက္လ်က္ရွိၿပီး ထိခိုက္ေသဆုံးမႈမ်ားရွိေနေၾကာင္း သတင္းရရွိသည္။


KNLA၊ PDF ပူးေပါင္းအဖြဲ႕မွ ယေန႔(မတ္လ ၂၅ ရက္) နံနက္ ၅ နာရီအခ်ိန္ခန႔္မွစတင္ကာ ကုန္သြယ္ေရးဇုန္ႏွင့္ သဃၤန္းညီေနာင္ရဲစခန္းတို႔ကို ဝင္ေရာက္တိုက္ခိုက္ေနျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက NP News ကို အသိေပးေျပာဆိုထားသည္။


“ျမဝတီကုန္သြယ္ေရးဇုန္မွာလည္း ျဖစ္ေနတယ္။ သဃၤန္းညီေနာင္ရဲခန္းမွာ တိုက္ပြဲေတြ ျဖစ္ေနတယ္။ အခုထိ မၿပီးေသးဘူး။ မနက္ကတည္းက ျဖစ္ေနတာ။ အေျခအေနက ဘာမွတိတိက်က်မသိရေသးဘူး။ ကြၽန္ေတာ္တို႔က ကုန္သြယ္ေရးဇုန္နဲ႔ ရဲစခန္းၾကားမွာရွိတယ္။ ဘယ္မွသြားလို႔မရဘူး” ဟု သဃၤန္းညီေနာင္ရဲစခန္းႏွင့္ျမဝတီကုန္သြယ္ေရးဇုန္ၾကားတြင္ ေနထိုင္ေသာ သတင္းအရင္းအျမစ္တစ္ဦးက NP News ကိုေျပာသည္။


အဆိုပါတိုက္ပြဲမ်ားေၾကာင့္ ျမဝတီကုန္သြယ္ေရးဇုန္ရွိ အေဆာက္အဦးအခ်ိဳ႕တြင္ မီးေလာင္ပ်က္စီးမႈမ်ား ျဖစ္ပြားလ်က္ရွိၿပီး တိုက္ပြဲသည္ ယေန႔ နံနက္ ၁၁ နာရီဝန္းက်င္အထိ ျပင္းထန္ေနလ်က္ရွိေၾကာင္း ေဒသခံမ်ားက ဆိုသည္။


“ကုန္သြယ္ေရးဇုန္မွာက အေစာင့္ေတြရွိတာေပါ့။ BGF အဖြဲ႕ေတြရွိတယ္။ ရဲေတြရွိတယ္။ အဲဒါကို လာတိုက္ တာေပါ့။ အခု ဆိုးတာက လူနာေတြရွိတာေတာင္မွ သြားမကယ္ႏိုင္ဘူး။ ဘယ္မွလည္း သြားလို႔မရဘူး။ တိုက္ပြဲေၾကာင့္ ထိခိုက္ဒဏ္ရာရ ရွိသူေတြရွိတယ္” ဟု အထက္ပါသတင္းအရင္းအျမစ္က ဆက္လက္ေျပာဆိုထားသည္။


ထို႔ျပင္ ျမဝတီၿမိဳ႕၊ သဃၤန္းညီေနာင္ရဲစခန္းကိုလည္း KNLA၊ PDF ပူးေပါင္းအဖြဲ႕မွ ဝင္ေရာက္တိုက္ခိုက္လ်က္ရွိၿပီး အင္အားအမ်ားအျပားျဖင့္ ဝိုင္းဝန္းပိတ္ဆို႔ထားေၾကာင္းလည္း ၎က ဆက္လက္ေျပာဆိုထားသည္။


“တိုက္ပြဲက ေတာ္ေတာ္ျပင္းထန္တယ္။ သဃၤန္းညီေနာင္ရဲစခန္းကို ပတ္ဝိုင္းထားတာတင္ အင္အားမနည္းဘူး။ လက္နက္ႀကီးသံေတြေရာ လက္နက္ငယ္အသံေတြေရာ အကုန္ၾကားေနရတယ္။ ဒီမနက္မွာ ေလ ယာဥ္ေတာ့ လာပစ္သြားတာေတြ႕တယ္” ဟု သဃၤန္းညီေနာင္ရဲစခန္းအနီးရွိ သတင္းအရင္းအျမစ္တစ္ဦးက ေျပာသည္။


ယေန႔ နံနက္ပိုင္းတြင္ စတင္ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားေၾကာင့္ ျမဝတီ အာရွလမ္းမတြင္ ယာဥ္အသြား အလာမ်ား ရပ္တန႔္လ်က္ရွိေနသည့္အျပင္ အာရွလမ္းမေပၚရွိ လမ္းပိုင္းအခ်ိဳ႕သည္လည္း မိုင္းေထာင္ဖ်က္ဆီးျခင္းခံခဲ့ရမႈမ်ားရွိေနေၾကာင္း ေဒသခံမ်ားက ေျပာဆိုထားသည္။


အဆိုပါတိုက္ပြဲမ်ားေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ား ရွိေနေသာ္လည္း လုံၿခဳံေရးအေျခအေနအရ သြားေရာက္ကယ္ဆယ္ႏိုင္ျခင္းမရွိေၾကာင္းႏွင့္ အသြားအလာမ်ားကိုလည္း ကန႔္သတ္တားဆီးမႈမ်ားရွိေနေၾကာင္း ေဒသခံလူမႈကူညီေရးအဖြဲ႕မ်ားကလည္း အသိေပးေျပာဆိုထားသည္။


ၿပီးခဲ့ေသာ မတ္လ ၂၂ ရက္တြင္ ထိုင္းအာဏာပိုင္မ်ားက မဲေဆာက္ၿမိဳ႕ရွိ အေဆာက္အဦးမ်ား၌ PDF မ်ားအပါအဝင္ ျမန္မာႏိုင္ငံသား (၈ဝ) ေက်ာ္အား ဖမ္းဆီးခဲ့ၿပီးေနာက္ မၾကာမီအခ်ိန္တြင္ ယခုကဲ့သို႔ ျမဝတီကုန္သြယ္ေရးဇုန္၌ တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားခဲ့သည္ကိုေတြ႕ရွိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထိုင်းအာဏာပိုင်တွေက PDF တွေပုန်းခိုနေတဲ့ မဲဆောက်မြို့ရှိ အဆောက်အဦးကို စီးနင်းချိန်အတွင်း ဖမ်းဆီးဖို့လက်ခံရရှိထားတဲ့ ဓါတ်ပုံတွေနဲ့ လူစာရင်းများအတိုင်း ရှာဖွေခဲ့ဟုဆို

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved